အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 30 december 2014

ကော့သောင်းမြို့ ခမောက်ကြီးကျေးရွှာ အောင်ချမ်းသားနောက်ကြောင်း ကောင်းမွန်

ကော့သောင်းမြို့ ခမောက်ကြီးကျေးရွှာ အောင်ချမ်းသားနောက်ကြောင်း ကောင်းမွန်

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် အောင်ချမ်းသာရွာလေးမှာ ဖြစ်သွားခဲ့တဲ့ စာမေးပွဲခန်းစောင့်ဆရာမတွေကို ကျွေးမွေးဖို့ ဘတ် 500 ကောက်ခံတဲ့ကိစ္စ ငွေမပေးနိုင်လို့ လေးတန်းကျောင်းသူလေး မညိုညိုလွင်ကို စာမေးပွဲဖြေခွင့်မပေးတဲ့သတင်း ထူးခြားမှုရှိလာပါပြီ…
အဲ့သတင်း ပြန့်သွားတဲ့အတွက် ကော့သောင်းက ပညာရေးမှုးရုံးက ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာထွန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်…
ခံဝန်ကတိထိုးရပြီး ဒါဟာ နောက်ဆုံးအကြိမ်ဖြစ်ဖို့လည်း ကြိမ်းမောင်းသတိပေးခြင်း ခံရပါတယ်…

စာမေးပွဲဖြေခွင့်မရတဲ့ ကျောင်းသူ မညိုညိုလွင်ရဲ့ မိဘများနဲ့လည်း တွေ့ဆုံသွားမယ်လို့ ပညာရေးမှုးကပြောပါတယ်…
ဒါပေမဲ့ မညိုညိုလွင်ကတော့ ထိုင်းဘက်ကို အလုပ်လုပ်ဖို့ ရောက်သွားပါပြီ…

အခုနောက်ပိုင်းမှာ အဲ့ဒီကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာထွန်း အရင်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေတွင်းတောင်ကျေးရွာကကျောင်းမှာ မမှန်မကန် လုပ်ခဲ့တာတွေလည်း ဖုံးမရတော့ပဲ ပေါ်လာလို့ ဆက်လက်စစ်ဆေးမှုတွေ လုပ်နေပါတယ်…
ဖေ့ဘုတ်ပေါ်မှာ ဓါတ်ပုံအထောက်အထားတွေနဲ့ ပြန့်နှံ့သွားတဲ့အတွက် သတင်းပေးသူနဲ့ သတင်းတင်ခဲ့တဲ့သူကို ကျောင်းအုပ်ဆရာမကြီးရဲ့ ဆွေမျိုးများက လိုက်လံစုံစမ်းနေပါသတဲ့…
ကျုပ်ဘက်က သတင်းပေးသူကို ဖုံးကွယ်ရမဲ့ တာဝန်ရှိလို့ ဖုံးပေးထားပါတယ်…
နောက်နောင် ဘယ်လိုမတရားမှုမျိုးကိုမှ မလုပ်ကြဖို့ပဲ လိုတာပါ…
မြန်မာလူမျိုးအချင်းချင်းတောင် ကိုယ်ချင်းစာစိတ် မတရားဖိနှိပ်လိုစိတ်တွေ ပြင်းပြနေမှတော့ တိုင်းတပါးက ကိုယ်ထိလက်ရောက် လာစော်ကားတာ ခံနေရဦးမှာပါပဲ…

( အောက်က ပုံက ရေတွင်းတောင် ကျေးရွာက ကျောင်းလေးပါ…)
-
သက်နှင်း သုန္ဒရီ

                                       မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar