သမိုင်းပေါ်က အမဲစက်ကို ပျောက်အောင် အားလုံးအနက်ရောင်ဆိုးလိုက်တာလား
ကဲ ဘယ်လိုလည်း ဘယ်လိုရှင်းမလည်း
တင်ကျန်နေတဲ့သမိုင်းပေါ်က အမဲစက်ကို ဖျက်ပစ်ဖို့မကြိုးစားဘဲ တစ်ခုလုံး အမဲရောင်သုတ်လိုက်ရင် အမဲစက်ပျောက်သွားမှာဘဲ့ဆိုတဲ့ အတွေးတွေနဲ့ များလုပ်နေပြီလား စဉ်းစားစရာပါ။ အောက်ခြေ၀န်ထမ်းတွေဘ၀ကို အထက်လူကြီးများစာနာနားလည်ပေးဖို့အချိန်ရောက်နေပြီ ပြည်သူက ဘယ်သူ့မှ မယုံတော့ဘူးဘယ်လိုလုပ်မလဲ ပြည်သူတွေက ၀န်ထမ်းကိုမယုံ အထူးသဖြင့် လက်နက်ကိုင် ဌာဆိုင်ရာကို ပိုတောင်မယုံ ဖြစ်နေပြီ အကြောင်းပါလို့ အကျိုးဖြစ်တာလို့ တရားသဘောနဲ့များ ခ၀ါချအုံးမှာလား မဖြစ်သင့်ပါ လုံးဝမဖြစ်သင့်တဲ့ကိစ္စကို ဘာဖြစ်လို့ လုပ်နေကြတာလည်း ၀မ်ပေါင်ကုပ္မဏီကို
လူသတ်လက်မှတ်
ပေါ်ပေါ်တင်တင်ထုတ်ပေးထားခြင်းပေလော။ အမှန်တရားကိုတောင်းဆိုကြသော
လက်နက်မဲ့ပြည်သူများကို လက်နက်အားကိုးဖြင့် ပစ်ခတ်သတ်ဖြတ်ကုန်ပြီ။
ပြုလုပ်ခဲ့တဲ့လူသတ်မှုအတွက် အရေးယူခြင်းမရှိပါလား။ ဒီလိုသာ
ဆက်ပြီးစခန်းသွားမယ်ဆိုရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်ဥစ္စာပစ္စည်းအပြင်
အသက်ပင် စိတ်ချလုံခြုံမှုမရှိတော့ပြီ။ သတိရှိကြပါကုန်။
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar