အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 27 november 2014

ပြောပြချင်တယ် မျိုးစောင့်ဆိုတာကြီး

ု ကဲ မျိုးချစ်ကြီးတွေ ၁၉၅၄ ဥပဒေ က မျိုးစောင့်ဥပဒေ နဲ့  ဘာကွာလဲဆိုတာကြည့် ၊
ပုဒ်မ၄ မှာ မြန်မာအမျိုးသမီးဟာ ဘာသာမပြောင်းဘဲ လက်ထပ်ခွင့်ရှိတယ်လို့ုပြဠာန်းထားတယ်။ ပုဒ်မ ၂၅ မှာ မြန်မာအမျိုးသမီးရပိုင်ခွင့်ကိုပြဠာန်းထားတယ်။ ဘာလို့ မျိုးစောင့်ဥပဒေလိုသလဲ ။ ၂၀၁၅ အတွက် နောက်ဆုံး ကျည်ဆံလား ။ မယောင်ရာဆီလူး လုပ်မနေနဲ့ ရှင်းလား ။
မင်းတို့ မျိုးစောင့် ဥပဒေက တရုတ်နဲ့  ယူရင် ကော ကာကွယ်နိုင်မလား ။ မင်းတို့အဘ ဘောငုံပြီး အမျိုးသားရေးကွ ဆိုပြီး လူမျိုးရေးမှိုင်းလာမတိုက်နဲ့  ဒါမျိုးတွေကရိုးးးးးးးးးးနေပြီ ။ ( ၁၆.၉.၁၉၈၈ (ပြည်မြို့  ) ၁၇.၉.၁၉၈၈ (တောင်ကြီး ) မှာ ထောက်လှမ်းရေး လုပ်ဇာတ် လူမျိုးရေးပြသနာဖြစ် ၈၈ ကျောင်းသားမှပြောခဲ့တယ် ဘိုးဘိုး ကို )
မင်းတို့  အကြံ ငါမသိဘူးမထင်နဲ့ 
၁၉၅၄ ဥပဒေ ကိုလေ့လာလိုက်အုံး
  ပြန်ပြောမယ် သူများဟောင်တိုင်း လိုက်မဟောင်နဲ့  ။
၁၉၅၄ မြန်မာအမျိုးသမီးများလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံအက်ဥပဒေပုဒ်မ ပုဒ်မ-၂၅ ၁။“ခြွင်းချက်”တွင် ဘာသာမတူသည့် အကြောင်းကြောင့် ယောကျာင်္းက ဗုဒ္ဓဘာသာမိန်းမအား ကွာရှင်းလျှင် (သို့မဟုတ်) စွန့်ခွာလျှင်

(က) ထိုယောကျာင်္းသည် နှစ်ဦးပိုင် ပစ္စည်းမှ မိမိ၏ အစုကို စွန့်လွှတ်ရမည့်အပြင် မိန်းမအား လျော်ကြေးပေး ရမည် ။
(ခ) ဗုဒ္ဓဘာသာဝင်မိန်းမက သား၊ သမီးအားလုံး ထိန်းသိမ်းခွင့်ရ ရမည်။
(ဂ) အရွယ်အရောက်သေးသည့် သား၊ သမီးများအတွက် ယောကျာ်းက ကလေးစရိတ်ပေးရမည် ။
ဗုဒ္ဓဘာသာဝင် မိန်းမနှင့် ဘာသာခြားယောကျာ်းတို့ ထိမ်းမြားပြီး နောက်ပိုင်း တစ်ဦးဦးကွယ်လွန်၍ အမွေ ပြဿနာ ပေါ်ပေါက်လာသော် ယင်းပြဿနာကို ထိုမိသားစုတစ်စုလုံး ဗုဒ္ဓဘာသာမြန်မာလူမျိုး ကြီးဖြစ်ဘိသကဲ့သို့ မှတ်ယူ၍ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေဖြင့် ဆုံးဖြတ်ရမည်ဟု ပုဒ်မ-၂၆တွင် ပြဋ္ဌာန်း ထားပါသည် ။


                                        မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar