အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 21 november 2014

အကြမ်းနည်းအနုနည်း နည်းပေါင်းစုံမြန်မာပြည်

အကြမ်းနည်းအနုနည်း နည်းပေါင်းစုံမြန်မာပြည်


ရန်ကုန်က အဖွဲ့ကြီးငါးဖွဲ့က ဘာလုပ်နေလဲ ဘာအသံမှမထွက်ပါလား စားပိုးနင့်နေပြီလား ခုလိုဗလီဖျက်ခွင့်တွေအတင်းလက်မှတ်ထိုးခိုင်းနေတာ ဘာမှမပြောကြတော့ဘူးလား မဘသ ကခိုင်းလို့ အစိုးရလုပ်ရတယ်ဆိုရင် ဒီအစိုးရက ဘာလဲ ဥပဒေရဲ့အထက်မှာ ဘာရှိနေတာလဲ မွတ်စလင်မ်လူထုက ဘယ်အတိုင်းတာအထိ ဆက်သီးခံနေမှာလည်း အစိုးရကရော ဘယ်လောက်ထိဆက်လုပ်နေအုံးမှာလည်း မဘသ ကဘုန်းကြီးကျောင်းတွေဝင်စီးခံရချိန်က ဘာမှမလုပ်ဘဲ အရာရာသီးခံ နေတဲ့ လူနည်းစုကိုရန်ရှာနေတာ ဘာအကြောင်းကြောင့်လဲ အစိုးရနဲ့ မဘသ ဘယ်လက်နဲ့ဖင်ဖြစ်နေပြီလား  ကျွန်မစကားက ရိုင်းကောင်းရိုင်းလိမ့်မယ် မခံနိုင်လွန်းလို့ ၀င်ပြောနေရတာပါ  ခုဖျက်ဆီးခံရတဲ့ဗလီက နှစ်ပေါင်း(350)ကျော်ပြီလို့သိရတယ် 


အဲဒီရှေးဟောင်းသမိုင်းဝင် ဗလီကြီးတစ်ခုကို အမှိုက်ရှင်းသလိုရှင်းပစ်လိုက်တာ လုံးဝမဖြစ်သင့်တဲ့ကိစ္စတစ်ခုလို့ဘဲ့မြင်တယ် ဒီအတွက်လည်း ဗုဒ္ဒမြတ်စွာဘုရားဟောကြားခဲ့သလို တူသောအကျိုးကို ခံစားကြရမှာဘဲ့ ကျွန်မ ပြောချင်တဲ့မဘသ က 

အမျိုးစောင့်ရှောက်တဲ့လုပ်ငန်းတော့မလုပ်ဘူး မယောင်ရာဆီလူး ဘဲ့လျှောက်လျှောက်လုပ်နေတယ် ကျွန်မတို့ ဗုဒ္ဒဘာသာဝင်တွေအဖို့ ဘယ်လိုအားကိုးရမလည်း မဘသ အနေနဲ့သိထားဖို့က ဗုဒ္ဒဘာသာထဲမှာလည်း စာတတ်ပေတတ် ပုဂ္ဂိုတွေအများကြီး ရှင်တို့က ခေါင်းစဉ်တစ်ခုနဲ့လုပ်ချင်တိုင်းလုပ်နေ ကိစ္စကို ရှုထောင့်အမျိုးမျိုးက ကြည့်ပြီး ကိုယ်ပိုင်စဉ်းစားတွေးခေါ်တတ်တဲ့ သူတွေအများကြီးဆိုတာ ယုံထားလိုက်ပါ  လိုက်မှာပေါ့ မဘသ နောက်ကို လိုက်တဲ့သူတွေကဘာလည်းသိလား စာမတတ်ပေမတတ် သူများယောင်ကိုယ်ယောင်လုပ်တတ်တဲ့ ဘာဖြစ်ဖြစ် မစဉ်းစားဆွမ်းကြီးလောင်းချင်တဲ့ လူ့အန္ဒတွေဘဲ့ရှိမှာပေါ့   မိဘပြည်သူများကို ကျွန်မဒီနေရာကနေဂါရ၀ပြု ရင်း ပြောမှားဆိုမှားရှိခဲ့ရင် ခွင့်လွတ်ပေးပါလို့ 

  မြူ နှင်း(အေးရိပ်ငြိမ်)အယ်ဒီတာအာဘော်
                                        မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar