အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 27 november 2014

ကိုထင်လင်းဦးကို ဖမ်းဆီးအရေးမယူခဲ့ရင် ဆူပူမှုတွေဖြစ်လာနိုင်တယ်လို့ ဦးဝီရသူကသုံးသပ်

ကိုထင်လင်းဦးကို ဖမ်းဆီးအရေးမယူခဲ့ရင် ဆူပူမှုတွေဖြစ်လာနိုင်တယ်လို့ ဦးဝီရသူကသုံးသပ်


မဟာ မိုင်း
ကိုထင်လင်းဦးကို ဖမ်းဆီးအရေးမယူခဲ့ရင် ဆူပူမှုတွေဖြစ်လာနိုင်တယ်လို့ ဦးဝီရသူကသုံးသပ်တယ်။ ပြီးတော့ NLD ပါတီကိုပါ စာထုတ်ပြီး ကန့်ကွက်ခဲ့တယ်၊
ဦးဝီရသူဟာ နိုင်ငံရေးနယ်ပယ်မှာ အစွန်းရောက်သမားတစ်ဦးအဖြစ်ထင်ရှားလာတဲ့အတွက် ဦးဝီရသူရဲ့ ထုတ်ပြန်ချက်ကို အများစုသတိပြုမိကြတာမဆန်းပါဘူး၊

တကယ်တော့ အစွန်းရောက်ဘာသာရေးသမားတွေကြီးစိုးတဲ့ အမှောင်နယ်မြေတွေမှာပဲ ဘာသာရေးကို ဝေဖန်ရင်၊ ဒါမှမဟုတ် စော်ကားတယ်လို့ယူဆရင် ပြင်းပြင်းထန်ထန်အပြစ်ပေးလေ့ရှိတယ်၊ ဒီလိုစိတ်သဘောထားသေးသိမ်မှုနဲ့ လက်စားခြေမှုတွေအရင်းခံတဲ့ ဆူပှုမှုတွေဟာ မြန်မာနိုင်ငံလို ကမ္ဘာမှာ တစ်ခုတည်းသော ထိတ်တန်းဗုဒ္ဓဘာသာသာနိုင်ငံမှာ ဖြစ်သင့်ပါရဲ့လား၊ သူများဘာသာတွေတောင်လုပ်နေတယ်၊ ကိုယ့်ဘာသာမှာ မလုပ်ရတော့ဘူးလားလို့ဆင်ခြေကန်ရင် သူများဘာသာတွေဘယ်လောက်ပဲလုပ်လုပ်ကိုယ့်ဘာသာရေးမှာဒါတွေလုံးဝမလုပ်သင့်ဘူးလို့ ပြောရမှာပဲ၊ သူများတွေ မစင်စားတိုင်း ကိုယ်က လိုက်စားရမှာလား၊

သေချာနားထောင်ကြည့်တော့ ဦးထင်လင်းဦးဟာ သင်္ကန်းဝတ်အကြမ်းဖက်သမားတွေကို တွယ်ထည့်လိုက်တာရယ်၊ စကားလုံးအသုံးအနှုန်းကြမ်းသွားတာရယ်ကလွဲပြီး မှားတာမပါပါဘူး၊ သူကိုယ်တိုင်လည်း ဒီအဖြစ်အပျက်ကနေသင်္ခန်းစာယူပြီး တောင်းပန်နေပြီပဲ၊ ဒါကိုမှခွင့်မလွှတ်နိုင်ပဲ အငြိုးတကြီးနဲ့ ဖမ်းဆီးအရေးယူဖို့ တိုက်တွန်းတာဟာ ဗုဒ္ဓဘာသာအတွက် ရှက်စဖွယ်ပါပဲ၊ သူ့အစားဗုဒ္ဓဘာသာတစ်ဦးအနေနဲ့ ရှက်လည်းရှက်မိတယ်၊ ဦးထင်လင်းဦးမှာလည်းကိုယ်ပိုင်မိသားစုနဲ့ သူ့စောင့်ရှောက်မှုကိုလိုအပ်နေတဲ့ ပတ်ဝန်းကျင်တစ်ခုမုချရှိနေမှာပါပဲ၊

ဒါပေမယ့် ဦးဝီရသူဟာ ဦးထင်လင်းဦးကိုဖမ်းဆီးအရေးယူဖို့ ခြိမ်းခြောက်မှုဆန်ဆန် သဘောထားထုတ်ပြန်တာဟာ ဦးထင်လင်းဦးတင်မက သူ့ရဲ့မိသားစုနဲ့ပါရှင်ကွဲကွဲအောင်၊ ကိုယ်စိတ်နှလုံးညိုးချုံးအောင် လုပ်နေတာပဲမဟုတ်ပါလား၊

ဦးဝီရသူဟာ မေတ္တာတရားကိုအရင်းခံတဲ့ ဗုဒ္ဓဘာသာကို ပုံဖျက်နေပြီလို့ထင်ပါတယ်၊

ဦးဝီရသူဟာ တရားဟောပလ္လင်ပေါ်မှာထိုင်တာနဲ့ သင်္ကန်းရုံတာကလွဲပြီးရဟန်းတစ်ပါးမလုပ်သင့်၊ မလုပ်ထိုက်တဲ့လုပ်ရပ်ကို တွင်တွင်ကြီးလုပ်လာခဲ့တာကြာပါပြီ၊ တသက်နဲ့တကိုယ် ဦးဝီရသူ နိဗ္ဗာန်ရောက်ကြောင်းတရားဟောတာ မကြားခဲ့ဘူးပါဘူး။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စဉ်းစားတိုင်းယူကြုံးမရဖြစ်ရတယ်၊ ပညတ်တွေနဲ့ဓါတ်သက်တွေလွဲနေတယ်၊ ဥပမာ မြန်မာ့တပ်မတော်လို့ ကြားလိုက်ရင် မနှစ်မြို့မှု၊ အထင်သေးမှု၊ မလုံခြုံမှု စတဲ့ခံစားမှုတွေပေါ်လာတယ်၊
မဘသ လို့ကြားလိုက်ရရင် အဓိကရုဏ်းတွေ၊ ဒေါသထွက်နေတဲ့လူအုပ်ကြီးတွေ၊ မျက်နှာထားတင်းတင်းတွေ မြင်ယောင်လာတယ်၊ ဒါတွေဟာ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကိုမှီပြီးဖြစ်လာတဲ့ ရလာဒ်တွေပဲ၊ ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ စေတနာကိုနားမလည်တဲ့ နလပိန်းတုန်းပြည်သူတွေအဖြစ်သတ်မှတ်ချင်လည်းသတ်မှတ်ကြပေါ့၊

နိုင်ငံက ဆင်းရဲမွဲတေလွန်းပြီး ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရအောက်မှာ ဗုဒ္ဓတရားရဲ့အေးမြမှုရှိလို့သာ သင့်တင့်လျောက်ပတ်စွာနှလုံးသွင်းနေနိုင်ခဲ့တာ၊ ဒီဘာသာတရားပါ ပုံဖျက်ခံရတော့မယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ ပတိရူပ ဒေသ၀ါသောစ (သင့်တင့်လျောက်ပတ်သောအရပ်မှာနေရခြင်းသည်မင်္ဂလာတစ်ပါး) ဟုတ်ပါရဲ့လားလို့ မေးခွန်းထုတ်ရပါတော့မယ်။ ပြည်သူတွေလက်ချင်းချိတ်ပြီး အစိုးရနှိက်စက်မှုနဲ့ မဘသရဲ့ သွေးထိုးမှုကို အတူတူရင်ဆိုင်ကြတာပေါ့၊



Inga kommentarer:

Skicka en kommentar