အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 28 november 2014

အမေစုရဲ့တိုက်ပွဲခေါ်သံ

      အမေစုရဲ့တိုက်ပွဲခေါ်သံ

ရိုးသားစွာ ထ္မင်းစားခေါ်တာကို
ဟင့်အင်းဆိုပြီးငြင်း
မဝံ့မရဲဆင်မဲတွေဆိုတော့ ဆင်ဖြူအရိပ်
ဘယ်နေရဲမလဲ

သုံးတောင်ဝတ်မိန်းမသားတယောက်ရဲ့ဘုန်း
အတောင်နှစ်ဆယ်ဝတ်မင်းယောက်ျားတွေ
  ခြောက်ခြားတုန်လှုပ် အနေကြုံ့နေတာ
  တွေးပြီးရင်းသနားမိသလို
  စိတ်ထဲမှာတော့ယားကျိကျိဘဲ
  မရှက်ဘူးလား ရှင်တို့ရယ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  သေနတ်ရှိမှ အပြင်ကြွရဲတဲ့အဖြစ်
  မေတ္တာစစ်နဲ့ တွေ့တော့
  နာရာဂီရိလို အရက်ကိုးမောင်းတိုက်ပြီး
  မိုက်ဘို့စဉ်းစားပေမဲ့ မေတ္တာရှင်ရဲ့အရိပ်
  မှေးမှိတ် ကုန်မှာလဲ ဆရာသခင်တွေ
  တွေဝေနေတယ်ထင်ပါရဲ့းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  မြန်မာ့ဓလေ့ရဲ့အလှ
  ထ္မင်းစားကြွဘို့အရေး ဖိတ်စာပေးကမ်းလင့်
  ရိုင်းညစ်တဲ့လူတစုမြန်မာမှု့ကိုအလေး
  မပြုပုံများ--ခြုံကြားကဖွတ်ကြားတွေလား
  ဧဝေမေသုတံ တောင် အသံမကြားဘူးသော
  သူတွေလား-၃၈ ဖြာမင်္ဂလာတရား ဘယ်နား
  ကမှမသိလေတော့-ခပ်ငေါ့ငေါ့ဘဲပြောပါရစေ
  မရှက်ဘူးလားရှင်တို့ရယ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  သက်ကြားအို ဖွတ်အိုတယောက်ရဲ့စကား
  ခုချိန်ထိမပယ်ရှားရဲတာ
  သင်တို့ကဘဲညံ့တာလား အရိုးအရင်းကို
  မသိုးထ္မင်းထင်ဘဲအမှတ်နဲ့ စွဲလန်းနေကြသလား
  စဉ်းစား စဉ်းစား အချိန်မနှောင်းခင်စဉ်းစား
  အမှန်တရားဆိုတာ အချိန်ခြားပေမဲ့
  တနေ့တော့ပေါ်လာမှာဘဲ
  ပြည်သူအော်ကာဆဲခံထိဘဝ တပ်ဒမြလို့
  အထင်ခံ တော်လှန်တဲ့တနေ့ကြလျှင်တော့
  သေနတ်ကမိုးပေါ်ထောင်မပြစ်တတ်သလို
  ဓါးကလဲ ဘေးကိုချော်မခုတ်ဘူးဆိုတာ
  နှလုံးသားတနေရာမှာ မြုံးမြှားတွေနေဘို့

  မောင်မောင်ခေါ်လို့ဗျာမထူး
  အောင်ကျော်ခေါ်မှာ ဗျာထူးချင်တယ်ဆိုသပ
  ပြည်အလိုကျ လမ်းမမှာ ကြိတ်ကြိတ်တိုး
  ၈၈ လိုအဖြစ်မျိုးထပ်တိုးမယ်ဆိုရင်တော့
  ရင်လဲကော့ထားတယ် ဂျင်ကလိတွေလဲ
  စုထားတယ် ဓါးတွေလဲသွေးထားတယ်
ြ မှားတွေလဲ အဆိပ်လူးထားတယ်
  တဘက်သတ်အညစ်ကို တခန်းရပ်ပြစ်ဘို့
  လူထုကတော့ မောင်းထုပီးတာစူနေပြီ
ြ မြန်မာ့မြေအလှ သွေးမြေမကျအောင်
  မောင်မောင်ခေါ်တုန်း ဗျာထူးလိုက်ပါလား
   ရှင်တို့ရယ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

   အမေစုရဲ့တိုက်ပွဲခေါ်သံလို့များထင်နေရော့သလား

                   မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar