အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 24 oktober 2014

တနင်္ဂနွေနေ့ ညနေ လေးနာရီ၊ မြို့တော်ခန်းမမှာ ကိုပါကြီးသေဆုံးမှုအတွက်လူထု သဘောထားထုတ်ပြန်ပွဲ အခမ်းအနားကျင်းပပြုလုပ်မည်



တနင်္ဂနွေနေ့ ညနေ လေးနာရီ၊ မြို့တော်ခန်းမမှာ ကိုပါကြီးသေဆုံးမှုအတွက်လူထု သဘောထားထုတ်ပြန်ပွဲ အခမ်းအနားကျင်းပပြုလုပ်မည်

ကိုပါကြီးကွယ်လွန်သည့်ကိစ္စနေပြည်တော်မှ သတင်းထုတ်ပြန်ချက်

မနက်ဖြန် ရန်ကုန်========= မနက်ဖြန် ညနေ လေးနာရီ ( အောက်တိုဘာ ၂၅ ရက်၊ ညနေ လေးနာရီ ) ဆူးလေဘုရား အနီး မြို့တော်ခန်းမအရှေ့ လူငယ်အဖွဲ့အစည်းများနဲ့ မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ စုပေါင်း ကျင်းပတောင်းဆိုမယ့် လူထု မေးခွန်းထုတ်ပြန်ခြင်း အခမ်းအနားတရပ် ကျင်းပ ပါမယ်။

အားလုံး ပါဝင် ပူးပေါင်းနိုင်ဖို့ နိုးဆော်ပါတယ်။ ယခု ပို့စ်ကိုလည်း အမြန်ဆုံး ဖြန့်ဝေပေးစေချင်ပါတယ်။


ကျနော်တို့ အားလုံး တောင်းဆိုမယ့် အဓိက အချက် နှစ်ခုက -
(၁) ကိုပါကြီး ရဲ့ ရုပ်အလောင်းကို အများပြည်သူသို့ ထုတ်ပြန်ပြသပေးရေး။
(၂) ကိုပါကြီး သေဆုံးမှုကို နိုင်ငံတကာ ဆေးမှုခင်း အဖွဲ့၊ ပြည်တွင်းက လူမှုအဖွဲ့အစည်း ကျွမ်းကျင်သူများ အကူအညီနဲ့ စနစ်တကျ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးခွင့် ရရှိရေးဖြစ်ပါတယ်။

ဆက်လက်ပြီး အောက်ပါမေးခွန်းများကို သက်ဆိုင်သူများ သို့ တရားဝင် အိတ်ဖွင့် ပေးစာအဖြစ် ဖေါ်ပြ မေးမြန်းမှာဖြစ်ပါတယ်။

(က) ဘယ်သူက ကိုပါကြီးကို ဘယ်ဥပဒေ နဲ့ ဘယ်နေ့က ဘယ်နေရာမှာ ဘယ်လို အမိန့်အာဏာကို အသုံးပြုပြီး ဘယ်လို ဖမ်းသွားခဲ့သလဲ?

(ခ) လူတစ်ယောက်ကို ဖမ်းဆီးပြီး လျို့ဝှက်ထိမ်းသိမ်း တတ်တဲ့ ဖက်ဆစ်ခေတ် စစ်အာဏာရှင် ခေတ်က အတိုင်း ဘယ်သူက အမိန့်ပေးလို့ ဘယ်စစ်အရာရှိက ဘယ်တပ်စခန်း အချုပ်မှာ ဘယ်လို စစ်ကြောရေး အဖွဲ့တွေနဲ့ ဘယ်လောက် စစ်ကြောသလဲ၊

(ဂ) ရှေ့နေ တွေ့ခွင့် ပေးခဲ့ပါသလား။ သူ့ မိသားစုနဲ့ ဆက်သွယ်ခွင့် ပေးခဲ့ပါသလား။ ဥပဒေ အကြံဥာဏ်ပေးသူနဲ့ တွေ့ခွင့် ရခဲ့ပါသလား။

(ဃ) ဘယ်နေ့ထိ စစ်ကြောမေးမြန်းခဲ့တဲ့ ဘယ်အချုပ်စခန်းမှာ ဘယ်လို အနေအထားနဲ့ ချုပ်နှောင်ထားတုံး ကိုပါကြီးက ဘယ်လိုလုပ်ပြိး သေနက်ကိုင်ထားတဲ့ စစ်သားထံက သေနက်ကို ရယူ ထွက်ပြေးသွားနိုင်တာလဲ။

(င) ဘယ်လို လုံခြုံမှု အစီအမံနဲ့ အရပ်သား သတင်းထောက် တယောက်ကို ချုပ်နှောင်ထားသလဲ ဘယ်သူ့ အမိန့်နဲ့လဲ။

(စ) သူ ထွက်ပြေးသွားခဲ့တယ် ဆိုပါစေဦး ဘယ်သူ့ အမိန့်နဲ့ သူ့ကို ဘယ်တပ်က စစ်သည် ဘယ်နှဦးက ဘယ်ကျည်ဆံနဲ့ ဘယ်သေနက်ကိုသုံးပြီး သူ့ကို ဘယ်နေ့ရက်၊ ဘယ်နေရာမှာ ဘယ်လို အသေပစ်ခတ် ဖမ်းဆီးခဲ့ကြပါသလဲ။

(ဆ) ပစ်ခတ် ဖမ်းဆီးမိပြီးတော့ရော ကိုပါကြီးရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ သတင်းထုတ်ပြန်ရေး ၊တရားစီရင်ရေး အဖွဲ့တွေဆီ ချက်ချင်းတင်ပြပြီး သေမှုသေခင်း ဖွင့်ခဲ့ပါသလား။

(ဇ) ရုပ်အလောင်းကို သက်ဆိုင်ရာ မိသားစုနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ စစ်ဆေးပြီး မှတ်တမ်း ထိန်းသိမ်းမှုတွေ လုပ်ခဲ့ပါရဲ့လား။

(ည)ကျည်ဆံ ဘယ်နှချက်ထိသလဲ ။ ကိုယ်တွင်း ဒါဏ်ရာ ရှိမရှိ အသေအချာ အလိမ်အညာ မပါသည့် အထောက်အထား ဆေးစစ်ချက် မှတ်တမ်းတွေ ထုတ်ပြန်နိုင်ရဲ့လား။

စတဲ့ မေးခွန်းတွေ ကို တရားဝင် အိတ်ဖွင့် ပေးစာ အဖြစ် ဖေါ်ပြမေးမြန်းမှာဖြစ်ပါတယ်

ပြည်သူ့ဘက်တော်သား

နေမျိုးဇင်

မြူနှင်း( အေးရိပ်ငြိမ် )



Inga kommentarer:

Skicka en kommentar