အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 4 augusti 2014

မျက်စေ့မမြင်တဲ့ နာမကျမ်းဖြစ်နေတဲ့အကျဉ်းသားတွေ ထုတ်ခိုင်း

မျက်စေ့မမြင်တဲ့ နာမကျမ်းဖြစ်နေတဲ့အကျဉ်းသားတွေ ထုတ်ခိုင်း



Nay Myo Linn

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က ဂယ်လောင် ရဲဘက်အကျဉ်းစခန်းမှာ အကျဉ်းဦးစီးအရာရှိ ဦးစိုးနိုင်က သူ့ကိုယ်ပိုင်အလုပ်တွေမှာ အကျဉ်းသားတွေကို လူမဆန်စွာခိုင်းနေပါသတဲ့။ ဘယ်လောက်ထိခိုင်းလဲဆိုရင် မျက်စေ့မမြင်တဲ့ အကျဉ်းသားတွေ နာမကျမ်းဖြစ်နေတဲ့ အကျဉ်းသားတွေကိုတောင် ထုတ်ခိုင်းပါသတဲ့။ အဲလို ကျွဲခိုင်းနွားခိုင်းခိုင်းပေမယ့် ကျွေးတဲ့အစားအစာကလည်း ခွေးစာထက်တောင်ညံ့ပါသေးတယ်။ အကျဉ်းသားတယောက်ကို အရပ်ထဲက အလုပ်တွေခိုင်းရင် အလုပ်ရှင်က တနေ့ကို နေ့စားခ ၃ထောင်ပေးပေမယ့် အကျဉ်းသားတွေမှာ ဘာမှမခံစားရဘူးဖြစ်နေပါတယ်။ အောက်ကပုံတွေသာ ရှုစားကြပါကုန်။



Inga kommentarer:

Skicka en kommentar