အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 25 juli 2014

အင်းယားကန်ဘောင် ခြံစည်းရိုးခတ်ရန် လွတ်တော်ထဲအဆိုတင်သွင်း

အင်းယားကန်ဘောင် ခြံစည်းရိုးခတ်ရန် လွတ်တော်ထဲအဆိုတင်သွင်း


အင်းယားကန်ဘောင် ခြံစည်းရိုးခတ်ရန် လွတ်တော်ထဲအဆိုတင်သွင်းတဲ့ ကမာရွတ်မြို့နယ်
ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ကြီး ဦးစိုးရင် ခင်ဗျားး ဒီ Status လေးကိုဖတ်ကြည့်ပေးပါ ။
===============================================
အော်....အော်.. လွတ်တော်ထဲမှာ တင်စရာအဆိုတော်တော်ရှားရသလားဗျာ ။ ဘာတဲ့ ..အင်းယားကန်ဘောင် အားပြည်လမ်းဖက်အခြမ်းမှစ၍ သံဗန်းခြံစီးရိုးခတ်ရန် အစီအစဉ်ရှိမရှိ မေးခွန်းအား ကမာရွတ်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးစိုးရင် မှမေးမြန်းမှုအား သက်ဆိုင်ရာမှပြန်လည်ဖြေကြားရာတွင် အများပြည်သူအနားယူအပန်းဖြေရန် မြေယာရှုခင်းများ နှင့် ကန်ဘောင်အလှအားမွန်းမံထားပါသောကြောင့် သဘာဝအလှပျက်မည်စိုးသောကြောင့် အစီအစဉ်မရှိပါကြောင်းပြန်လည်ဖြေကြားခဲ့ ။ ကဲ....ကမာရွတ်မြို့နယ်သူ မြို့နယ်သားအပေါင်းတို့ခင်ဗျား ...ကမာရွတ်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်ကြီး ဦးစိုးရင်ကတော့ လွတ်တော်ထဲမှာပြောသွားပါတယ် မြို့နယ်ကပြည်သူတွေက အဲဒီအတိုင်းတောင်းဆိုလို့ ဒီအဆိုကိုတင်ပေးရတာပါတဲ့ ...။ ကျနော်တော့မယုံကြည်ပါဘူး ကမာရွတ်ကပြည်သူ တစ်ဦးချင်းစီကို တစ်အိမ်တက်ဆင်းလိုက်မေးချင်တယ် အဲလိုဆန္ဒရှိသလားလို့...အဓိပယ်မရှိတာတွေကွာ...တိုင်းပြည်အတွက် ဒီထက်အရေးကြီးတာတွေ လွတ်တော်ထဲမှာအဆိုမတင်တော့ဘူးလား တော်တော် သောက်ရေးကြီးခွင်ကျယ်မေးခွန်းဆိုတော့ ပြည်သူ့လွတ်တော်အထိ မေးစရာလား တကယ်တမ်းက တိုင်းဒေသကြီးအဆင့် လွတ်တော်မှာတောင် ရန်ကုန်မြို့တော်ဝန်ကို လွတ်တော်ထဲခေါ်မေးလို့ရတဲ့ကိစ္စကို ဗျာ...ခင်ဗျားတို့လွတ်တော်ရဲ့အဆင့်အတန်း ကိုယ်ရောက်နေတဲ့နေရာ ကိုတော့အားနာစမ်းပါ ။
့ကြုံလို့တခါတည်း အားလုံးသိအောင်ပြောပြရဦးမယ် ကျနော်တို့လှိုင်မြို့နယ်ရဲ့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ကြီး ဒေါက်တာဝင်းမြင့် (လှိုင်ရတနာမွန်အိမ်ယာ ။ ဘာတာမှတ်တိုင်အနီးကပါ) ကလဲမဲဆန္ဒရှင်ပြည်သူများနဲ့ လှိုင်မြင့်မိုလ် အိမ်ယာစခန်းရဲ့ ဓမ္မာရုံမှာ မဲဆန္ဒရှင်ပြည်သူများနဲ့တွေ့ဆုံပွဲမှာ ပြည်သူတွေမေးတဲ့ မေးခွန်းတွေထဲမှာမှ လွတ်တော်ထဲမှာ အဆိုဘယ်နှခုတင်ပြီး မေးခွန်းဘယ်နှခုမေးမြန်းခဲ့ပါသလဲ ဥပဒေကြမ်းအဆင့်ကိုဘယ်နှခုရောက်ခဲ့ပါသလဲ မြို့နယ်အတွက်ဘာများတိုးတက်ပြောင်းလဲလာဖို့ လွတ်တော်ထဲမှာကြိုးပမ်းခဲ့ပါသလဲ စုံနေအောင်လဲမေးရော...ငိုပါလေရောဗျာ တကယ်ကိုငိုတာပါ မျက်ရည်တွေကျလာပြီးအသံတွေတုန်ပြီး ပြည်ခိုင်ဖြိုးအမတ်ကြီး ဒေါက်တာဝင်းမြင့် ဘာပြောတယ်မှတ်သလဲ ကျနော်ကနိုင်ငံရေးသမားမဟုတ်ပါဘူး ကျနော်ကဒေါက်တာပါ ကျနော့်ကိုပါတီကရွေးလို့သာဝင်ပြိုင်တာပါတဲ့ ။ ခွီးးးး ဒေါသထွက်စရာ ဘယ်လာက်ကောင်းလိုက်လဲဗျာ နိုင်ငံရေးနားမလည် ပဲလွတ်တော်ကိုယ်စားလှယ်လုပ်နေတယ် ဥပဒေနားမလည် လွတ်တော်လုပ်ထုံးလုပ်နည်း နားမလည် ကိုယ့်ပါတီက သူများအဆိုတင်ရင် ထောက်ခံစရာရှိ အများနည်းတူလိုက်ယောင် ပြန်လှန်သုံးသပ်ခြင်း မေးခွန်းမေးမြန်းခြင်းမရှိ တော်တော်စိတ်ပျက်ဖို့ကောင်းတယ် ။ လာဦးမယ် ၂၀၁၅ ရွေးကောက်ပွဲ မှာပြည်သူတွေ မဲပေးမမှားဖို့ သတိပေးပါရစေ...ဟူးးပြောသာပြောနေရတယ် ရွေးကောက်ပွဲစနစ်ကိုလဲ PR (proportional Representative ) အချိုးကျစနစ်ရွေးကောက်ပွဲ ပုံစံကိုသုံးမယ် တကဲကဲပြောနေကြပြန်ပြီ ။
ကျနော် PR အကြောင်း ဆောင်းပါးလေးရေးထားတာရှိတယ် ကျနော့်အမြင် ကျနော့်သုံးသပ်ချက်လေးပါ အလုပ်တွေများနေတာနဲ့ Facebook ပေါ် မတင်ဖြစ်သေးဘူး ဘယ်ဂျာနယ်မှလဲ မပို့ဖြစ်သေးဘူး ။ ဆက်လက်ရေးသားပါဦးမည်....။
၂၀.၇.၂၀၁၄
စည်သူမောင် (ရန်ကုန်စီးပွားရေးတက္ကသိုလ်)

Inga kommentarer:

Skicka en kommentar