အနိမ့်ကျဆုံးနိုင်ငံဖြစ်ရင် အခွင့်အရေး ပိုရမလားဆိုပြီး ဝင်ခဲ့ တာ
နိုင်ငံတော်သမ္မတ အကြံပေး ပါမောက္ခဒေါက်တာအောင်
ထွန်းသက်က ''မြန်မာနိုင်ငံအနေနဲ့ က ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံဖြစ်ရင်
အခွင့်အရေး ပိုရမလားဆိုပြီး ဝင်ခဲ့ တာ အမှန်တကယ်မှာ ထင်သလို ဖြစ် မလာဘူး

Yangon Media Group
၂၇ နှစ်ကြာ ရပ်တည်နေသည့် အဆင်းရဲဆုံးနိုင်ငံစာရင်းမှလွတ်မြောက်ရန် ကော်မတီဖွဲ့ဆောင်ရွက်
=================================================
စိုးမြင့်နိုင် - ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ၉၁၀)၊ အမှတ် (၂၈)။
ရန်ကုန်၊ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံစာ ရင်းမှာ ၂၇ နှစ်ကြာပါဝင်နေမှုမှ လွတ် မြောက်နိုင်ရန်အတွက် ရည်ရွယ်ကာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံအဖြစ်မှ လွတ် မြောက်ရေးကော်မတီကို ဖွဲ့စည်းလိုက် ပြီဖြစ်သည်။
ယင်းကော်မတီအနေဖြင့် ဖွံ့ဖြိုး မှုအနိမ့်ကျဆုံးနိုင်ငံအဖြစ်မှ လွတ် မြောက်နိုင်ရန် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံများ စိစစ်ရေးကော် မတီထံ အစီရင်ခံစာ တင်ပြနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။
စိစစ်ရေးကော်မတီကို နိုင်ငံ၏သုံးနှစ်ပျမ်းမျှ အမျိုးသားဝင်ငွေအ ပေါ် အခြေခံသည့် တစ်ဦးချင်းဝင်ငွေ၊ လူသားအရင်းအမြစ်နှင့် စီးပွားရေး ထိခိုက်လွယ်မှု ရှိ၊ မရှိ စသည့်အချက် များကို တင်ပြနိုင်ရန် လုပ်ဆောင်သွား မည်ဟု သိရသည်။
ယင်းကော်မတီ၏ တွဲဖက်အ တွင်းရေးမှူးဖြစ်သူ နိုင်ငံတော်သမ္မတ အကြံပေး ပါမောက္ခဒေါက်တာအောင် ထွန်းသက်က ''မြန်မာနိုင်ငံအနေနဲ့ က ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံဖြစ်ရင် အခွင့်အရေး ပိုရမလားဆိုပြီး ဝင်ခဲ့ တာ အမှန်တကယ်မှာ ထင်သလို ဖြစ် မလာဘူး။ မြန်မာနိုင်ငံအနေနဲ့ ၄၉ နိုင်ငံစာရင်းမှာ မပါဝင်သင့်ဘူး။ လူဦး ရေအရရော တည်နေရာကလဲ အာ ဆီယံနိုင်ငံ အလယ်မှာရှိနေတော့ ဒါ ကို အာရုံစိုက်လုပ်ဆောင်ရမှာပါ''ဟု ပြောသည်။
ယင်းကော်မတီကို ယခုလ ၂၁ ရက်က ဖွဲ့စည်းခဲ့ပြီး ဒုတိယသမ္မတ ဦးဥာဏ်ထွန်းမှ ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ခဲ့သည်။
၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂက စတင်လုပ်ဆောင်ခဲ့သည့် ဖွံ့ဖြိုးမှု နောက်အကျဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်ကတည်း က ကျရောက်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Inga kommentarer:
Skicka en kommentar