အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 1 juli 2014

ကမ္ဘာ့ဖလား ဘောလုံးပွဲတွေထက် သာတဲ့ မြန်မာပြည်က သတင်းတွေ

ကမ္ဘာ့ဖလား ဘောလုံးပွဲတွေထက် သာတဲ့ မြန်မာပြည်က သတင်းတွေ



ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၂၀၂ ဆရာကိုရွှေအောင် ဆောင်းပါး .


သတင်း အစုံအလင်မှာ

“မြန်မာပြည်မှာ နာရီတွေကများ အချိန်ရယ် မှန်နိုင်ပါတော့ မလား” ဆိုတဲ့ သီချင်းတစ်စကို ခုနေခါတော့ “မြန်မာပြည်မှာ ပြဿနာတွေကများ သောင်းခြောက်ထောင် ကနိုင်ပါတော့ မလား” လို့ ပြောင်းဆိုရတော့မယ့် အခြေအနေပါပဲ။ ဘုန်းကြီးအမှု ကမ္ဘာပတ်နေချိန် ရန်ကုန်မြို့ကြီးက ရေနစ်၊ နေပြည်တော် အစိုးရက ဖြုတ်ထုတ်ဖမ်း လမ်းစဉ် စတင်လိုက်ချိန် ရခိုင်ပြည်နယ်ထဲ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေ အတိုင်း နိုင်ငံသား စာရင်းကောက်၊ တစ်ပြိုင်တည်း အိုအိုင်စီ ခေါ် အစ္စလမ်မစ်အဖွဲ့ နိုင်ငံခြားရေး ၀န်ကြီးတွေက မြန်မာပြည်က ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ဆက်ဆံနေတာတွေ အဆုံးသတ်ဖို့ တောင်းဆိုလိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာ။ အခု ကစားနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေတောင် မြန်မာပြည် သတင်းတွေလောက် ရင်ခုန် စိတ်လှုပ်ရှားဖို့ မကောင်းပါဘူး။ ဒီကြားထဲ ကျပ်သိန်း ၁၀၀ အလွဲသုံးမှုနဲ့ ကျပ်သိန်း ၁၀၀၀ အာမခံကြေးတွေကလည်း လူအများ စိတ်ဝင်စားစရာ ကိန်းဂဏန်းတွေ ဖြစ်ရပြန်ပါတယ်။
ရန်ကုန်က သ်္တိသုခကျောင်းတိုက်ကို ညကြီးမင်းကြီး ၀င်စီးတဲ့ကိစ္စ အပါအ၀င် ပြစ်ချက်ပေါင်းများစွာ ရှိတဲ့အတွက် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်က ရပ်စဲလိုက်ရုံ တင်မကဘဲ အမှုဖွင့် ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ သမ်္မတ ပြောရေးဆိုခွင့်ရှိသူရဲ့ မီဒီယာကို ပြောစကား အရ သာသနာရေးဝန်ကြီး အခုလို ဖြစ်ရတာဟာ သမ်္မတက အကြိမ်ကြိမ် ဆိုဆုံးမတဲ့စကား နားမထောင်ခဲ့တဲ့အတွက် ဆိုတဲ့အချက်လည်း တစ်ချက် ပါပါတယ်။ ဒီစကားကြားတော့ အစိုးရ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ သမ်္မတဟာ သူ့အစိုးရ အဖွဲ့ဝင်တွေကို ဥပဒေနဲ့အညီ ပြောဆိုဆက်ဆံဖို့ မသင့်ဘူး လားလို့ မေးစရာ ဖြစ်လာပါတယ်။ အစိုးရ အဖွဲ့ဝင် ၀န်ကြီး တွေ ဥပဒေနဲ့အညီ မလုပ်ရင် ဥပဒေအတိုင်း အရေးယူ လုပ်ဆောင်ဖို့ မသင့်ပေဘူးလား၊ ပြောချင်ရာပြော လုပ်ချင်ရာ လုပ်နေတဲ့ ၀န်ကြီးတွေကို ဆိုဆုံးမနေရုံနဲ့ ပြီးမလား၊ နောက်ဆုံးတော့ မြန်မာပြည်မှာ အစိုးရ အဆက်ဆက် ကျင့်သုံးခဲ့တဲ့ နည်းလမ်းဟောင်းကြီးအတိုင်း ပြစ်ချက်ရှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တာနဲ့ တစ်စခန်း ရပ်သွားပြန်တာပါပဲ။

လာပြီ၊ လာပြီ ၈၂ နိုင်ငံသား ဥပဒေ

ရခိုင်ပြည်နယ်ထဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသား စာရင်းကောက်နေတဲ့ ကိစ်္စဘက် ဆက်ပါမယ်။အစိုးရက ဇွန်လ ၁၅ ရက်ကစပြီး ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ ရှေ့ပြေး နိုင်ငံသား စာရင်းကောက်ယူတဲ့ လုပ်ငန်းကို စတင်လိုက်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေးဌာနက ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် ခေါင်းဆောင်ပြီး နိုင်ငံသား စာရင်း ကောက်နေတယ်ဆိုတဲ့ သတင်းလည်း တွေ့မြင် ရပါတယ်။ မြေပြင်သတင်းတွေ အရ မြေပုံမြို့နယ်ထဲ နေကြတဲ့ ဘင်္ဂါလီတွေဟာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတာကြောင့် နိုင်ငံသား စာရင်းကောက်တဲ့ကိစ္စ မြေပုံက စလိုက်တာ ဖြစ်တယ်။ လူမျိုးနာမည်မှာ ရိုဟင်ဂျာလို့ လုံးဝ ထည့်သွင်းဖော်ပြခွင့် မပေးဘူး၊ ဘင်္ဂါလီနဲ့ ကမန်နှစ်မျိုးပဲ လူမျိုးနာမည် ထည့်သွင်း ဖော်ပြခွင့်ပြုပြီး မထည့်ဘဲ နေလိုလည်း မထည့်လို့ရတယ်။ ဒီတိုင်းပြည်နဲ့ ဒီဒေသမှာ နေထိုင်လာတာ ရှေး အစဉ် အဆက်ကပဲ ဖြစ်တယ် ဆိုတာကို သက်သေ အထောက်အထား ပြနိုင်ရမယ်၊ ကောက်ယူရရှိတဲ့ နိုင်ငံသား စာရင်းဇယားတွေကို မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ ဗဟိုအထိ အဆင့်ဆင့် စစ်ဆေးပြီးရင် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေ အရ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ၀င်ရောက်လာတဲ့ ဆွေစဉ်မျိုးဆက်တွေကို နိုင်ငံသား ဖြစ်ခွင့်ပြုမှာ ဖြစ်ပါတယ်။
နိုင်ငံသား စာရင်း ကောက်ခံ ခံရတဲ့ ဒေသခံ တချို့ ကတော့ သူတို့ ကြားညပ်နေတယ်လို့ ပြောကြပါတယ်။ဘင်္ဂါလီလို့ ထည့်သွင်းလိုက်တော့ မွတ်စလင် အသိုင်းအ၀ိုင်းနဲ့ အဖွဲ့အစည်းတွေက သစ္စာဖောက်လို့ သတ်မှတ်ပြောဆိုတာ ခံရတယ်။ ဒီထဲ အစိုးရနဲ့ ရခိုင်တွေကို စောင့်ကြည့် သတင်းပေးနေသူတွေရန်ကိုလည်း ကြောက်နေရတယ်။ ဒီဒေသက ထွက်ပြေးချင်ပြီလို့ မြေပုံမြို့ ဒုက်္ခသည် စခန်းမှာနေတဲ့ ဒုက္ခသည်တစ်ဦးက ညည်းပါတယ်။ ဒီအချိန်မှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက နေပြည်တော် ပြည်သူ့ လွှတ်တော် တက်နေတဲ့ ရခိုင် အမတ် ၄ ယောက်ကို သူ့ရုံးခန်းခေါ်ပြီး ဒီကိစ္စ ရှင်းပြပါတယ်။ ခေတ်အဆက်ဆက် အစိုးရတွေ လျစ်လျူရှုခံခဲ့ရလို့ တိုင်းနဲ့ ပြည်နယ်တွေထဲ ရခိုင်ဟာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်ရတယ်။ အခု အစိုးရကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ ရန်ပုံငွေတွေ ပိုသုံးပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနေတယ်။တစ်ပြိုင်တည်းမှာ ရခိုင်တိုင်းရင်းသားတွေ လိုလားနေတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်ရေးလုပ်ငန်း စလုပ်နေပြီ။နိုင်ငံသားစာရင်း ကောက်ပြီးရင် သူတို့ကို နိုင်ငံအတွင်း သွားလိုရာ သွားလာခွင့်ပြုမယ်။ အဲဒီအချိန်ကျရင် ရခိုင် ပြည်နယ်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ ဘဂါင်္လီကိစ္စ လျော့နည်းသွားမယ်။ အစိုးရ အနေနဲ့ကလည်း ရခိုင်မှာ ရှိနေတဲ့ ဒုက္ခသည် ၁ သိန်း ၄ သောင်း ပြဿနာက မရှင်းလို့ မဖြစ်ဘူး။

ရခိုင် ၀န်ကြီးချုပ် ပြောင်းဖို့လုပ်

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ရှင်းပြတာနဲ့ ပတ်သက်ပြီး သူနဲ့တွေ့ဆုံပွဲ တက်ခဲ့တဲ့ မြေပုံအမတ် ဦးဖေသန်းက ၀န်ကြီး ပြောသွားသလောက် အဆင်မပြေနိုင်ဘူး၊ ပြီးခဲ့တဲ့ သန်းခေါင် စာရင်း ကောက်ယူခဲ့ချိန်က ရခိုင်မှာ ဘင်္ဂါလီ ၁ သန်းကျော် ရှိတဲ့အထဲ ၂ သောင်းလောက်ပဲ ကောက်ယူနိုင်ခဲ့တာသာ ကြည့်တော့၊ ဘဂါင်္လီထူထပ်တဲ့ မောင်တောတို့ ဘူးသီးတောင် တို့ ဘက်ဆို လုံးဝ မလွယ်ဘူး၊ ရခိုင်ပြဿနာက တော်တော်နဲ့ မအေးနိုင်ဘူးလို့ မှတ်ချက်ပေး ပြောပါတယ်။ ဒီအချိန်မှာပဲ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အပြောင်းအလဲလုပ်ဖို့ အစိုးရဘက် က ပြင်ဆင်လာတာ တွေ့ရပါတယ်။ လုပ်ပုံလုပ်နည်းက လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်က နုတ်ထွက်ခိုင်း လိုက်ပြီး ပြည်နယ်လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် နေရာမှာ သူတို့ ခန့်ချင်တဲ့ ဗိုလ်မှူးချုပ် တစ်ယောက် အစားထိုး ခန့်လိုက်ပါတယ်။ ပြီးရင် လွှတ်တော်က ရွေးချယ်တယ်ဆိုပြီး အဲဒီ ဗိုလ်မှူးချုပ်ကို ပြည်နယ်ဝန်ကြီးချုပ် လုပ်ဆောင်စေမှာ ဖြစ်ပါတယ်။
ရခိုင်ကို ရခိုင်ပဲ အုပ်ချုပ်နေရာက စစ်တပ်က ဗိုလ်မှူးချုပ်တစ်ယောက် လာအုပ်ချုပ်ရင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် စိုးရိမ်စရာ ကောင်းတယ်လို့ ရခိုင် ပါတီခေါင်းဆောင် တစ်ယောက်က ထုတ်ပြောလိုက်သံ ကြားရပေမယ့် အစိုးရကတော့ ရခိုင်ကို စစ်တပ်က အုပ်ချုပ်ပြီး ရှင်းစရာရှိတာ ရှင်းထုတ်ပစ်မယ့် သဘောမျိုး လုပ်ဆောင် တော့မှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ပြည်နယ် တစ်ခုနေ ပြည်သူတွေ ရေချိန်မြင့်မားအောင်၊ ငြိမ်းချမ်း တည်ငြိမ်ရေးရဲ့ အဓိပ်္ပယ်နဲ့ တန်ဖိုး နားလည် လက်ခံလာအောင် အစိုးရနဲ့ စစ်တပ်နဲ့တင် လုပ်လို့ မရနိုင်ပါဘူး။ အစိုးရ၊ စစ်တပ်နဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ ရခိုင် အရပ်ဘက် အဖွဲ့အစည်းတွေ လူရိုသေ ရှင်ရိုသေ ပုဂိ္ဂုလ်တွေနဲ့ ကုလသမဂ်္ဂ အဖွဲ့အစည်းတွေ အားလုံး ပေါင်းရုံးပြီး စေတနာသန့်သန့်နဲ့ ၀ိုင်းတွန်းနိုင်မှ ဖြစ်မှာပါ။ လက်ရှိ ထိုင်းအစိုးရက သူ့နယ်စပ်က မြန်မာ ဒုက်္ခသည် စခန်းတွေ ရှင်းထုတ်ပစ်ဖို့ လုပ်ဆောင်လာနေချိန်မှာ ရခိုင်ပြည်နယ် ဒုက္ခသည်အရေးက တစ်စခန်းထလာရင်တော့ ဒုက္ခသည် အရေး ရှေ့တန်းရောက်လာဦးမှာ ဖြစ်ကြောင်းပါ။

ကိုရွှေအောင်




Inga kommentarer:

Skicka en kommentar