အိမ်ဖေါ်ကိုလျော့ဈေးနဲ့တင်ရောင်းမှုဖိလစ်ပင်းကစုံစမ်းပြီ၊မြန်မာကကော
မြန်မာအိမ်အကူများအပါအ၀င် အိမ်အကူအလုပ်သမားများအား
ရောင်းကုန်ပစ္စည်းတစ်ခုသဖွယ် ရောင်းချနေကြောင်း အယ်လ်ဂျာဇီးရားသတင်းဌာန
ဖော်ပြမှုနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံက စုံစမ်းစစ်ဆေးမှုများစတင်
June 30, 2014
မြန်မာအိမ်အကူများအပါအ၀င် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှ အိမ်အကူအလုပ်သမားများအား စင်ကာပူရှိကုန်တိုက်များတွင် ရောင်းကုန်ပစ္စည်းတစ်ခုသဖွယ် ရောင်းချနေကြောင်း အယ်လ်ဂျားဇီးရားသတင်းဌာန၏ ဖော်ပြချက်နှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေသည်ဟု စင်ကာပူနိုင်ငံအခြေစိုက် The Strait Times သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
တနင်္လာနေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချားလ်စ်ဂျို့စ်ကပြောဆိုရာ၌ ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံရပ်ခြားစင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော ဖိလစ်ပိုင်အလုပ်သမားများကို တိုးမြှင့်အကာအကွယ်ပေးနိုင်ရေးအတွက် လိုအပ်သည့်လုပ်ဆောင်မှန်သမျှကို လုပ်ဆောင်ရန်အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။
မစ္စတာဂျို့စ်က ဆက်လက်ပြောဆိုရာ၌ အကယ်၍ အယ်လ်ဂျားဇီးရားသတင်းဌာနကဖော်ပြခဲ့သည့် အချက်အလက်များနှင့် အလွဲသုံးစားမှုအဖြစ်အပျက်များသည် မှန်ကန်သည်ဆိုပါက နိုင်ငံရပ်ခြားရောက် ဖိလစ်ပိုင်အလုပ်သမားရုံးသည် အဆိုပါအဖြစ်အပျက်ကို စင်ကာပူရဲတပ်ဖွဲ့သို့ သတင်းပို့နိုင်သည်ဟုလည်း ပြောဆိုခဲ့သည်။
အယ်လ်ဂျားဇီးရားသတင်းဌာနက ယခင်အပတ်က သတင်းတင်ဆက်ရာတွင် စင်ကာပူနိုင်ငံရှိ အိမ်အကူခန့်ထားရေးအေဂျင်စီများသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့မှ အိမ်အကူများကို စင်ကာပူနိုင်ငံရှိ ဈေးဝယ်ကုန်တိုက်ပြခန်းများတွင် ပြသရောင်းချလျက်ရှိနေသည်ဟု သတင်းတင်ဆက်ခဲ့သည်။
စင်ကာပူနိုင်ငံသို့ အိမ်အကူအဖြစ် အဓိကလာရောက်လုပ်ကိုင်နေသည့် နိုင်ငံများမှာ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများဖြစ်ကြပြီး စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူအရေအတွက်မှာ ယခင်က ၂၀၀၀၀ ခန့်ရှိရာမှ နှစ်နှစ်အတွင်း ၃၀၀၀၀ အထိ တိုးတက်လာခဲ့သည်
စင်ကာပူနိုင်ငံသို့ အိမ်အကူအဖြစ် အဓိကလာရောက်လုပ်ကိုင်နေသည့် နိုင်ငံများမှာ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများဖြစ်ကြပြီး စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူအရေအတွက်မှာ ယခင်က ၂၀၀၀၀ ခန့်ရှိရာမှ နှစ်နှစ်အတွင်း ၃၀၀၀၀ အထိ တိုးတက်လာခဲ့သည်။ အင်ဒိုနီးရှား အိမ်အကူအရေအတွက်မှာ ၁၂၅၀၀၀ ကျော်ရှိပြီး ဖိလစ်ပိုင်အိမ်အကူအရေအတွက်မှာ ၇၀၀၀၀ ကျော်ရှိသည်။
စင်ကာပူရှိအိမ်အကူများကြုံတွေ့ရသည့် အခက်အခဲများတွင် လစာငွေမရရှိခြင်း၊ အစားအစာ လုံလောက်စွာ မစားသောက်ရခြင်း၊ သတ်မှတ်ထားချိန်ထက်ပိုအောင် နာရီပေါင်းများစွာ ခိုင်းစေခံရခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ခံစားရခြင်းတို့အပြင် အိမ်တွင်းအကူအလုပ်သမားများအနေဖြင့် အလုပ်ရှင်အိမ်တွင် မနေမဖြစ်ဥပဒေအရ သတ်မှတ်ထားသည့် စင်ကာပူနိုင်ငံ၏ လုပ်ထုံးလုပ်နည်းစည်းမျဉ်းကြောင့်လည်း အမျိုးသမီးအိမ်အကူများအနေဖြင့် အလွဲသုံးစားမှု ပိုမိုခံစားနေရကြောင်း အဆိုပါသတင်းဆောင်းပါးတွင် အိမ်အကူများအရေး အကူအညီပေးနေသည့် အဖွဲ့အစည်းများကိုကိုးကား၍ ရေးသားထားခဲ့သည်။
စင်ကာပူနိုင်ငံသည် မြန်မာအမျိုးသမီး အိမ်အကူအများစုသွားရောက်လုပ်ကိုင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုနှစ်မတ်လတွင် မြန်မာအမျိုးသမီးအိမ်အကူဟုယူဆရသူ တစ်ဦးသေဆုံးလျက်တွေ့ရှိခဲ့ရသည်။ ထို့ပြင် ယခုနှစ်များအတွင်း နိုင်ငံခြားရောက် မြန်မာအမျိုးသမီးအိမ်အကူများအား အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေပြီး နိုင်ငံတကာတွင်လည်း ပြည်ပရောက် အိမ်အကူများအား အိမ်ရှင်များက အကြမ်းဖက်မှုအဖြစ်အပျက်များ ဖြစ်ပွားလျက်ရှိသောကြောင့် အမျိုးသမီးအိမ်အကူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မှုများ ဖြစ်ပွားလျက်ရှိနေသည်။ များမကြာမီအချိန်က ဟောင်ကောင်ရောက် အင်ဒိုနီးရှားအိမ်အကူတစ်ဦးအား ဟောင်ကောင်အိမ်ရှင်လင်မယားက အလွန်အမင်း နှိပ်စက်ညှဉ်းပန်းမှုကြောင့် အင်ဒိုနီးရှားနိုင်ငံက ၎င်း၏အမျိုးသမီးအိမ်အကူတင်ပို့မှုကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံက ၂၀၁၇ ခုနှစ်နောက်ပိုင်း အိမ်အကူပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် အင်ဒိုနီးရှားနိုင်ငံသားများအား ပို့ဆောင်ခြင်းခွင့်မပြုတော့ဟု ရည်ရွယ်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသည် နိုင်ငံခြားသို့ အလုပ်သမားတင်ပို့ရာ ဈေးကွက်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။ ထိုသို့ ပြည်ပရောက်အိမ်အကူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်စရာများဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံအနေဖြင့်မူ ပြည်ပသို့ အိမ်အကူပို့ဆောင်ရေးလုပ်ငန်းများကို ဆက်လက်တွန်းအားပေးလုပ်ဆောင်လျက်ရှိနေပြီး ယခုနှစ်အနည်းငယ်အတွင်း ဟောင်ကောင်သို့ အိမ်အကူထောင်နှင့်ချီ၍ တရားဝင်ပို့ဆောင်ရန်လည်း စီစဉ်လျက်ရှိသည်။ မြန်မာအစိုးရက ယခုလောလောဆယ်တွင် စင်ကာပူနိုင်ငံနှင့် ဟောင်ကောင်တို့သို့ အိမ်အကူတင်ပို့ခြင်းအတွက် ခွင့်ပြုပေးလိုက်ပြီဖြစ်ပြီး ထိုင်ဝမ်နိုင်ငံသို့လည်း တင်ပို့ခွင့်ပြုရန် မျှော်မှန်းထားသည်ဟု သိရသည်။ ယခုစင်ကာပူနိုင်ငံရှိ ဈေးဝယ်ကုန်တိုက်များတွင် မြန်မာအိမ်အကူများအပါအ၀င် အိမ်အကူအလုပ်သမားများအား ရောင်းကုန်ပစ္စည်းများသဖွယ် ပြသရောင်းချနေသည်ဆိုသည့်အချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ တုံ့ပြန်ပြောဆိုမှုများ ပြုလုပ်ခြင်းမရှိသေးပေ။
= http://news-eleven.com
The Straits Times
The Philippine Government is investigating reports that say maids, including Filipinos, are being put on display in mall shop windows in Singapore under signs offering special discounts.
http://bit.ly/1nWi4DY

ရင်နာရပါသော Discount ကြေငြာတစ်ခု
=======================
ဈေးဝယ်တိုင်း discount ပေးရင် သဘောကျတတ်ပေမဲ့ ဒီဟာလေးကတော့ ရင်နာမိပါတယ်။
ကိုယ်တိုင်းပြည်လေး အပြည့်အဝတိုးတက်ချင်တယ် လူငယ်တွေတိုင်း အလုပ်အကိုင် အခွင့်
အလမ်းပေါများစွာနဲ့ သူတို့ရဲ့ အနာဂတ်ကို စိတ်ကြိုက် ပုံဖော်ချယ်လှယ်စေချင်ပါတယ်။
ဒီနေရုံးကို မကြာမီလက်ထပ်မဲ့ အသက် ၂၈အရွယ်စုံတွဲ သူတို့ အိမ်အတွက် အိမ်တွင်း ဒီဇိုင်းပြင်ဖို့
အလုပ်လာအပ်တယ်။လက်ထပ်ပြီးရင် အတူနေဖို့ပေါ့။သူမိဘတွေက ဖောက်သည်ဟောင်းဆိုတော့
သူတို့နဲ့ အထိုက်အလျောက်ရင်းနှီးပါတယ်။သူတို့ကို ကြည့်ပြီး ကျွန်မတို့နိုင်ငံက အတူနေနိုင်ဖို့ ရုန်းကန်
နေကြရတဲ့ ချစ်သူစုံတွဲတွေကို ခုလိုပြီးပြည်စုံတဲ့ ဘဝလေးတွေကို ရရှိစေချင်တယ်။မင်္ဂလာ မဆောင်
ခင်ကတည်းက နေဖို့အိမ် စီးဖို့ကား စသည့်ဖြင့် အရာရာပြည့်စုံအောင် ဖန်တီးနိုင်ကြတယ်။
ကျွန်မတို့နိုင်ငံက မိဘအရှိန်အဝါ အားနည်းတဲ့ ချစ်သူစုံတွဲလေးတွေကတော့ ရရှိတဲ့လုပ်ခ လစာလေးတွေ
ကြောင့် အဆမတန်ဈေးမြင့်နေတဲ့ အိမ်ဝယ်ဖို့ ဆိုတာ အင်မတန်ခက်လှပါတယ်လို့ တွေးပြီး ကိုယ်နဲ့ကိုယ်ချင်း
စာမိသနားမိပါတယ်။ချစ်သူတိုင်း အတူနေနိုင်ဖို့ လှပတဲ့ အိမ်မက်ကလေးတွေ ပြီးပြည့်စုံပါစေလို့ပဲ ဆုတောင်း
ပေးနိုင်ပါတော့တယ်။
သူတို့ အိမ်အတွက် လိုအပ်တာတွေ ရွေးချယ်အပြီးမှာတော့ သူတို့မေးတဲ့ မေးခွန်းကြောင့် အနည်းငယ် စိတ်မသက်မသာ
ဖြစ်မိပါတယ်။မြန်မာနိုင်ငံက အကျယ်ကြီးဆိုတော့ ဘယ်နယ်ပယ်က အိမ်အကူအထွက်များဆုံးလည်းဒီလုပ်ငန်းကို ဘယ်နယ်
ကလူတွေ ပိုကျွမ်းကျင်ပါသလည်းတဲ့ အခုလက်ရှိ သူတို့အိမ်ရယ်သူအမျိုးအိမ်တွေက အိမ်အကူလေးတွေက မြန်မာတွေမို့ သူတို့
မင်္ဂလာဆောင်ပြီးလို့ အိမ်ခွဲရင်လည်း မြန်မာပဲခေါ်ချင်လို့ပါတဲ့။ကျွန်မ ပြုံးပြီးနာထောင်ရုံပဲနားထောင်ခဲ့မိပါတယ်။ဘာမှပြန်မပြော
ခဲ့ပါဘူး။ရင်နာရလို့ပါ။
ကျွန်မတို့ နိုင်ငံကလူတွေ ပညာရှင်နေရာမှာ အလုပ်လုပ်နေကြတာတွေတွေ့ရင် ဂုဏ်ယူရလွန်းလို့ မြေကြီးနဲ့ ခြေထောက်မထိသလို ပီတိဖြစ်
ရသလို ညီမအရွယ် အမအရွယ် မောင်လေးအရွယ် အကိုအရွယ်တွေ နွမ်းပါးစွာ အလုပ်လုပ်နေကြရတာ တွေ့ရပြန်တော့လည်း စာနာသနားစိတ်
နဲ့ စိတ်မကောင်းဖြစ်မိရတာပါဘဲ။ကိုယ်လည်းကူညီဖို့ရာ မစွမ်းသာဘူးလေ။
ကျွန်မတို့နိုင်ငံလေး အများကြီးမတိုးတက်ရင်နေပါစေတော့ရှင်။အခုလို နိုင်ငံရပ်ခြားမှာ ကုန်ပစ္စ္စည်းလို discount အပေးခံရတဲ့ အလုပ်လာလုပ်မဲ့သူတွေ
မရှိစေချင်လို့ လူတိုင်း အလုပ်အကိုင် အခွင့်အလမ်းလေးတွေ ပေါမျာစွာ ရရှိနိုင်ရင် လုံလောက်ပါပြီရှင်။စင်ကာပူကိုမမှီရင်နေပါစေ စင်ကာပူနိုင်ငံမှာ
discount အပေးခံရတဲ့ ဘဝကတော့ ကျွတ်ချင်လှပါတယ်လို့သာ.....................

Inga kommentarer:
Skicka en kommentar