မပြောချင်လည်းပြောရအုံးမယ် ကော့သောင်းရွှေမြို့တော်တွင် လောင်းကစားဝိုင်းများမရှိတော့ဘူးဟု
ထင်မြင်မိနေသည်မှာ ကျွန်မမြူနှင်းအမှားပါ ကော့သောင်းမြို့က အကွက်ပိုင်နယ်မြေရဲ အုပ်ချူပ်ရေးမှူးနှင့် ထောက်လှမ်းရေးများသည် အဘယ်ကဲ့သို့မမြင်ကြသနည်း ဟုအကြောင်းကိုစုံစမ်းရလတ်သော် အနှီသူတို့မှာ အပင်းဆို့ခံထားရမှန်းသိလိုက်ရတော့ မဖြစ်ချေဘူး အကျွနိုပ် ပြောအုံးမှဆိုပြီးပြောလိုက်ရခြင်းဖြစ်ပါသည်၊
အကြောင်းမှာ။ ။ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် ရွှေမင်းဝံ အဓိပတိလမ်းနေ ဇာနည် အေမီခိုင် အိမ်တွင် ဖဲ ၀ိုင်းအကြီးအကျယ်ဝိုင်း နေကြောင်းကြားသိရပါသည်။ဝိုင်းတာက ၀ိုင်းကြီး ပါ ဒါတွေကိုရဲတွေက မသိတာလား မမြင်တာလား မြိုဆို့ထားတာလား ဆိုတာ သက်ဆိုင်ရာလူကြီးမင်းများ သိရှိစေရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ဖဲဝိုင်းသည့်အချိန်မှာ ညနေငါးရီခန့်မှ မနက်လေးငါးနာရီအထိ ၀ိုင်းကြောင်းကြားသိရပါသည်။
ရွှေမင်းဝံရပ်ကွက်နေပြည်သူတစ်ဦး
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar