အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 25 juli 2014

AGD ဘဏ် အစုရှယ်ယာကိစ္စ ဘဏ်တာဝန်ရှိသူများနှင့် ဦးနေဝင်းမြေးတို့ကြား ပြောဆိုချက်များ ကွဲလွဲနေ

AGD ဘဏ် အစုရှယ်ယာကိစ္စ ဘဏ်တာဝန်ရှိသူများနှင့် ဦးနေဝင်းမြေးတို့ကြား ပြောဆိုချက်များ ကွဲလွဲနေ



By အောင်သူရ

Issue No.
No.447 Tuesday, July 22, 2014

ဦးတေဇပိုင်ဆိုင်သော အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD)၏ အစုရှယ်ယာ ရောင်းချ ခြင်းကိစ္စနှင့်ပတ်သက်၍ အစုရှယ် ယာ ဝယ်ယူသူ ဦးကျော်နေဝင်း နှင့် ဘဏ်တာဝန်ရှိသူများကြား ပြောဆိုမှုများတွင် ကွဲလွဲမှုများ ရှိနေသည်။

အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်၏ အစုရှယ်ယာ ၁၅ ရာ ခိုင်နှုန်းကို ဦးနေ၀င်း၏ မြေး ဦးကျော်နေ၀င်းနှင့် မီကိုကွေကာ လုပ်ငန်းရှင်အပါအ၀င် စုစုပေါင်း လုပ်ငန်းရှင် လေးဦးကို ရောင်းချ ခြင်းဖြစ်ကြောင်း  ဘဏ်ဘက်က ပြောဆိုနေသော်လည်း ကာယကံ ရှင် ဦးကျော်နေဝင်း ဘက်ကမူ ၆၀ ရာခိုင်နှုန်းအထိ ဝယ်ယူထား ပြီးဖြစ်ကြောင်း ပြောဆိုသည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် (AGD) ဘဏ်တွင် စုစုပေါင်းအစုရှယ်ယာ ခြောက်သိန်းရှိပြီး ယင်းအနက် ၁၅ ရာခိုင်နှုန်းဖြစ်သော အစုရှယ်ယာကိုးသောင်းကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်း AGD ဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးဝေလင်းဦးကပြောသည်။

သို့သော် ဦးကျော်နေ၀င်းတို့ဘက်ကမူ အောက်ပါအတိုင်း တုံ့ပြန်ပြောကြားသည်။

‘‘၆၀ ရာခိုင်နှုန်း ဝယ်ထားပြီး ပါပြီ။ နောက် ၆ လအတွင်း ၈၅ ရာခိုင်နှုန်းအထိ ဝယ်ဖို့ရှိပါတယ်။ ကျွန်တော်တို့ပြောတဲ့အကြောင်း ကို ဦးဝေလင်းဦးက ရှင်းပြပါလိမ့် မယ်’’ဟု ဦးကျော်နေဝင်း၏ ညီ ဖြစ်သူ ဦးအေးနေဝင်းက 7Day Daily သို့ အတည်ပြု ပြောကြားသည်။

ထို့အပြင် အခမဲ့ထုတ်ဝေ နေသော Messenger သတင်းစာ တွင်မူ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် (AGD) ၏ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ၀ယ်ယူလိုက်ပြီဖြစ် ကြောင်း ဦးကျော်နေ၀င်းက ပြောကြားထားသည်။

‘‘မီကိုကွေကာက ဦးယဉ် ထွေးကို ခြောက်သောင်းသုံး ထောင်(ရှယ်ယာစု)၊ ကိုကျော်နေ ၀င်းကို ကိုးထောင်(ရှယ်ယာစု) နဲ့ ကျန်တာကို လုပ်ငန်းရှင် နှစ်ဦးကို ရောင်းလိုက်တာ။ သူတို့က ၆၀ ရာ ခိုင်နှုန်းထိဝယ်ချင်တယ်လို့ပြော ထားပေမယ့် အဲဒီကိစ္စက မပြတ်သေးပါဘူး’’ဟု ဦးဝေလင်းဦးက ဆိုသည်။

‘‘ဗဟိုဘဏ်က ၁၅ ရာခိုင်နှုန်း ပဲခွင့်ပြုထားတဲ့အတွက် ၁၅ ရာ ခိုင်နှုန်းပဲ ရောင်းလိုက်တာပါ’’ဟု  AGD ဘဏ်ဒုဥက္ကဋ္ဌ ဦးသီဟကပြောသည်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် ဦးနေ၀င်း၏ သမက်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့် သားအဖ သုံးဦးကို ၂၀၀၂ တွင် ဖမ်းဆီးခံပြီးသေဒဏ်ချမှတ်ခဲ့သည်။ ဦးနေ၀င်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းကိုလည်း နေအိမ်အကျယ်ချုပ်ချထားခဲ့သည်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် သားအဖလေးဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၁၂ နှင့် ၂၀၁၃ခုနှစ်အတွင်း နှစ်ကြိမ်ခွဲ၍ လွတ်မြောက်လာခဲ့ကြခြင်းဖြစ်သည်။
http://www.7daydaily.com/story/16496#.U83QDLE1D9s



Inga kommentarer:

Skicka en kommentar