ပုဒ်မ ၄၃၆ မပြင်ရေး ဆန္ဒပြပွဲဦးဆောင်သူကို ဒေါ်အောင်ဆန်းစုကြည် မေးမြန်းဆွေးနွေး
7Day နေ့စဉ်
ဖွဲ့စည်းပုံအခြေ ခံဥပဒေပုဒ်မ ၄၃၆ မပြင်ရေး နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ပြင်းထန် စွာ ကန့်ကွက် သူကို ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် မော်တော်ယာဉ် တန်းက ကားရပ်၍ ၁၀ မိနစ် ကျော်ကြာ တွေ့ဆုံမေးမြန်းဆွေး နွေးခဲ့ကြောင်း သတင်းရရှိသည်။
လယ်ဝေး၊ ပျဉ်းမနားမြို့နယ် တို့တွင် ပုဒ်မ ၄၃၆ ပြင်ရန် ဟော ပြောပွဲ အပြီး နောက်ဆုံး ကျန်သည့် တပ်ကုန်းမြို့နယ်သို့ သွားရောက် စဉ် ပုဒ်မ ၄၃၆ ပြင်ရန် လက်မခံ သည့် ပိုစတာကိုင်၍ ကန့်ကွက် သူများကို ဒေါ်အောင်ဆန်းစု ကြည်က ကားရပ်နား ၍ ခေတ္တမေးမြန်းတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
‘‘ခင်ဗျားလုပ်နေတာ တိုင်း ပြည်မငြိမ်အောင် လုပ်နေတာ။ ခင်ဗျားတိုင်းပြည်ငြိမ်အောင် လုပ် ပါ။ ဒါကို ပြောချင်လို့လာတာ။ ပုဒ်မ ၄၃၆ ကို အပြင်မခံနိုင်ဘူး’’ဟု တပ်ကုန်းမြို့နယ်နေ အသက် (၆၀)အရွယ် ဦးဆန်းလွင်က ဒေါ် အောင်ဆန်းစုကြည် ကို ဒေါသဖြင့် အော်ဟစ်ပြောဆိုသည်။
အခြေခံဥပဒေပြင်ဆင်ရန် ဟောပြောပွဲများပြုလုပ်ခြင်းမှာ ဥပဒေနှင့် အညီဖြစ်ကြောင်း၊ ဥပ ဒေနှင့် မညီလျှင် သက်ဆိုင်ရာက ခွင့်ပြုချက်ပေးမှာ မဟုတ် ကြောင်း၊ လူထုကို လမ်းပေါ် ထွက်အောင် လုပ်ခြင်း မဟုတ် ကြောင်း၊ ဥပဒေနှင့် မညီဟုထင် လျှင် ရဲစခန်း သွားတိုင်၍ရ ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် က ဆန္ဒပြသူ ဦးဆန်းလွင်အား ပြန် လည်ဆွေးနွေးခဲ့သည်။
ပုဒ်မ ၄၃၆ ပြင်ရန် ဒေါ် အောင်ဆန်းစုကြည်လုပ်ရပ်သည် ဥပဒေနှင့် မညီ၍ ဆန္ဒပြခြင်းဖြစ် ကြောင်း တပ်ကုန်းမြို့အ၀င်တွင် ဆန္ဒပြသူများကပြောဆိုသည်။
‘‘ပြည်သူကို ဒုက္ခမပေးပါနဲ့ တော့။ လမ်းပေါ်ကို မခေါ်ပါနဲ့ ဗျာ။ ခင်ဗျားလုပ်တာ မဟုတ်လို့ ပြောနေတာ။ ၅၉(စ)လုပ်မရလို့ ၄၃၆ လုပ်တာ’’ဟု ဦးဆောင်သူ ဦး ဆန်းလွင်က စွပ်စွဲပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဆန်းလွင် ၁၀ မိနစ်ခန့်ကြာ အပြန်အလှန်ပြောဆိုခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ထွက် ခွာသွားခဲ့သည်။
‘‘ဒေါ်စုက ကားပြတင်း ပေါက်ကနေ မေးတယ်။ ဒေါ်စု ပြောချိန်မရဘူး။ ဦးဆန်းလွင်က ဒေါသတကြီး ပြောနေတော့ နောက်ဆုံးရှင်းပြလို့ မရတာနဲ့ ကားနဲ့ လှည့်ထွက်သွားတယ်’’ ဟု ထိုနေရာသို့ ရောက်ရှိနေသော 7 Day Daily သတင်းထောက်က ပြောသည်။
ယင်းအနီးပတ်ဝန်းကျင်ရှိ ဒေသခံများကို မေးမြန်းရာ ပုဒ်မ ၄၃၆ မပြင်ရန် ဦးဆောင်ကန့် ကွက်သူသည် ဒေသတွင် အများအကျိုးရှိ ဆောင်ရွက်သူ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်လာရောက်ဟောပြောမည် ဖြစ်၍ ပွဲဆူအောင်လုပ်ခြင်း ဖြစ် ကြောင်း မှတ်ချက်ပေးသည်။
‘‘တပ်ကုန်းမှာတင်မဟုတ် ဘူး။ ပျဉ်းမနား၊ ရွာကောက်ရပ် ကွက်အနီးမှာ ၄၃၆ ပြင်မှာကို ကန့်ကွက်တဲ့လူ တော်တော်များ တယ်။ ဟိုဘက်လမ်းမှာရော၊ ဒီဘက်လမ်းမှာရော ဆန္ဒပြကြ တယ်’’ဟု ယင်းအနီးမှ ဆိုင်ကယ် ဖြတ်မောင်းသွားသူ ပေါင်း လောင်းရပ်ကွက်နေသူတစ်ဦးက ဆိုသည်။
ဇွန်လ ၁ ရက်တွင် လယ် ဝေးမြို့နယ်၌ ဒေါ်အောင်ဆန်းစု ကြည် ပထမဆုံးဟောပြောပွဲ အပြီး တွင်လည်း ယခင်စစ်အစိုးရလက် ထက် နိုင်ငံပိုင် သတင်းစာများ၌ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သည့် ဆောင်းပါးများရေးသားခဲ့ သူ ငါးမင်းဆွေက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်သည့် စာရွက်များဖြန့်ဝေခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၁ ရက် နံနက်တွင် နေပြည်တော်ရှိ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်းမြို့များတွင် ဆောင်ရွက် လျက်ရှိသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုလက်မှတ် ရေးထိုး ဆန္ဒဖော်ထုတ်ပွဲများသို့ သွားရောက်ခဲ့သည်။
Inga kommentarer:
Skicka en kommentar