အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစည်းအဝေးသို့မီဒီယာများတက်ရောက်သတင်းရယူနိုင်
By National League for Democracy
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမ ဗဟိုကော်မတီ တတိယအကြိမ်အစည်းအဝေးကို ဇွန်လ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ဗဟန်းမြို့နယ်၊ ဒို့ရိုးရာစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
အစည်းအဝေးပထမနေ့ဖြစ်သောဇွန်လ(၇)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အဖွင့်မိန့်ခွန်းစကားပြောကြားခြင်းနှင့် ဒုတိယနေ့ ဇွန်လ (၈ )ရက်နေ့ အစည်းအဝေးပြီးဆုံးချိန် (ခန့်မှန်းအချိန် နေ့လည် ၂ နာရီ) သတင်းစာ ရှင်းလင်းပွဲအစီအစဉ်များသို့မီဒီယာများတက်ရောက်သတင်းရယူနိုင်ပါသည်။ သတင်းရယူလိုသောမီဒီယာများအနေဖြင့် ဇွန်လ (၇)ရက်နေ့ နံနက် ၈နာရီအချိန်မှစတင်ပြီး ၀င်ရောက်နေရာယူနိုင်ပါသည်ခင်ဗျာ။ ကြိတင်စာရင်းပေးသွင်းရန်မလိုအပ်ပါ။
Inga kommentarer:
Skicka en kommentar