ဦးဆန်းဆင့် အား နုတ်ပိတ်သတ်ဖြတ်မည့်အရေး စိုးရိမ်နေကြ
..ကောလဟာလဟုသာလတ်တလောမှတ်ယူပါ..
Nyein Chan Aung
မျိုးစောင့်ဥပဒေကိစ္စအား အတည်ပြုရေးတွင် သာသနာရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသမျှ ဦးဆန်းဆင့် မှ
လက်မှတ်ထိုးပေးမည် မဟုတ်သလို၊ မထောက်ခံသောကြောင့် အဖမ်းခံရခြင်းဖြစ်
ဦးဆန်းဆင့် သမတ ရုံးအဖွဲ့နှင့် စကားများသောကြောင့် အညှိုးနှင့် အဖမ်းခံရကြောင်း အကျဉ်းထောင်အတွင်းမှ သိရှိရပါသည်။ အမျိုးစောင့် ဥပဒေကိစ္စအား သာသနာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပြီး တရားခံလုပ်ခိုင်းကို ဦးဆန်းဆင့်မှ လက်မခံကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို လေးစား၍ စစ်တပ်ထဲသို့ ၀င်ရောက်လာခြင်းသာ ဖြစ်ပြီး၊ ဦးသိန်းစိန်ကဲ့သို့ ထမင်းငတ်၍ စစ်ထဲသို့ ၀င်ရောက်ခြင်း မဟုတ်ကြောင်းနှင့် ဗိုလ်ချုပ်ပြောကြားထားသည့် မိန့်ခွန်းထဲတွင် ဗုဒ္ဓဘာသာကို မြန်မာနိုင်ငံရဲ့ တခုတည်းသော ကိုးကွယ်ရာ ဘာသာလုပ်မယ်ဆိုရင် ခွေးထက် မိုက်တဲ့သူ ဖြစ်သွားမှာပေါ့ စတဲ့ မင်းတို့ကြားဖူးလား၊ အခုလည်း လင်ယူသားမွေးကိစ္စဟာ ဘုန်းကြီးတွေ အလုပ်မဟုတ်ဘူး ဟု သမတရုံးမှ အဖွဲ့ဝင်များကို ပြောဆိုခဲ့သောကြောင့် အညှိုးဖြင့် ဖမ်းခိုင်းခြင်း ဖြစ်သည်ဟု သတင်းရရှိပါသည်။
ဦးဆန်းဆင့် အား နုတ်ပိတ်သတ်ဖြတ်မည့်အရေး စိုးရိမ်နေကြ
-
ဦးဆန်းဆင့် အမှု့ ပွင့်လင်းမြင်သာမှု့ ရှိစေရန် ဧရာဝတီတိုင်းတွင် မြို့ကြီးများ၌ ဆန္ဒဖော်ထုတ်မည်။
-
ဧရာဝတီတိုင်းဒေသကြီးတွင် လွှတ်တော်ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးဆန်းဆင့်အား ဦးသိန်းစိန်အစိုးရမှ မတရားဖမ်းဆီး ထောင်ချခြင်းကို မကျေနပ်သည့် ဧရာဝတီတိုင်းရှိ မြို့ကြီးများမှ ပြည်သူများက လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းနှင့် ပြည်သူ့ဘက်မှ တပ်မတော်သားတဦးကို စစ်အာဏာရှင်များက မတရားအပြစ်ပေး အရေးယူခြင်းကို မကျေနပ်သောကြောင့် ဆန္ဒထုတ်ဖေါ်ကြမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းမှ လူ့အခွင့်အရေး ဦးဆောင်သူများအနေဖြင့် ဦးဆန်းဆင့်ကို ထောင်သွင်း သတ်ဖြတ်မည်ကို စိုးရိမ်နေကြကြောင်းလည်း ထပ်မံဖြည့်စွက် ပြောဆိုကြပါသည်။

Inga kommentarer:
Skicka en kommentar