အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 5 juni 2014

လက်ရှိအခြေနေကတော့ တရုတ်နှင့် မထူးမခြားနား

လက်ရှိအခြေနေကတော့ တရုတ်နှင့် မထူးမခြားနား



Ye Min Tun

တရုတ်ပြည် Tiananmen Square အရေးတော်ပုံမှာ ကျောင်းသားတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တဲ့ တရုတ်ကွန်မြုနစ်ပါတီ စကားက ခံပြင်းစရာကောင်းလှတယ် " ကျောင်းသားတွေက တကယ်ဆို အေးအေးဆေးဆေး လူစုခွဲသွားသင့်တယ် လူစုခွဲဖို့ အခွင့်ရေးပေးတုန်း ကျောင်းသားတွေက လူစုမခွဲလို့ အမျိုးသားလုံခြုံရေး အရ အရေးယူလိုက်ရတာပါ" ဆိုပဲ။ ၁၉၈၉ ခုနှစ် တရုတ်ကျောင်းသားတွေရဲ့ အရေးတော်ပုံမှာ ဘယ်လိုအရေးယူလိုက်လည်း ဆိုတာကိုတော့ ပြောပြဖို့လိုမယ် မထင်ပါဘူး။

အဓိကပြောချင်တာက တရုတ်ကျောင်းသားတွေရဲ့ Tiananmen Square အရေးတော်ပုံ အပြီးမှာ တရုတ်ကွန်မြူနစ်ပါတီက နို်င်ငံရေးဝန်ရိုးကို နည်းနည်းလှည့်ပြီး တရုတ်လူထုကို စီးပွားရေး နည်းနည်းဖွင့်ပေးတယ်။ နည်းပညာ နည်းနည်း ဖွင့်ပေးတယ်။ တရုတ်လူထုကြီး အလျှင်အမြန် ရုန်းထ ကုန်းထကြရင်း။ ဆင်းရဲချမ်းသာတွေ ကွာဟလာတယ်။ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူဒိုတွေနှင့် နီးစပ်ရာတွေ သူဌေးဖြစ်ကုန်တယ်။ လယ်သမားတွေ မြေယာပျောက်ကုန်တယ်။ မြစ်ကြောင်းထဲမှာ ငါးရှာတဲ့ တံငါသည်တွေ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေ အတွက် မြစ်ထဲက ထွက်ပေးရတယ်။ သာမန်လူထုကတော့ မထူးမခြားနားလှဘူး။ စီးပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်အရ ပညာတက်တွေ နေရာနည်းနည်း ရလာတော့ တရုတ်မျိုးဆက်သစ်တွေက ပညာရေးကို အငမ်းမရ ကုန်းလုပ်ကြတယ်။

တကယ်တော့ တရုတ်ပြည်ယနေ့တရုတ်ပြည် အနည်းငယ်ပြောင်းလွဲမှုက ၁၉၈၉ ခုနှစ် Tiananmen Square ကျောင်းသားအရေးတော်ပုံနှင့် အများကြီးဆိုင်တယ်ဆိုတာ သမိုင်းသိသူတိုင်းသိကြတယ်။ သို့သော် ၀ါဒမှိုင်းနှင့်အတူ စိတ်ဓါတ်စစ်ဆင်ရေး လုပ်ခံထားရတဲ့ ယနေ့ တရုတ်ပြည်သူ အများစုမှာ ကိုယ့်ဘ၀ ကိုယ်ကြည့်ဆိုတာပဲ သိတော့တယ်။ မိမိဝင်ငွေရဖို့အတွက် အခြားတရုတ်တွေကို ချနင်းရဲပြီ။ တရုတ်လူမျိုးတွေရဲ့ အစဉ်လာကြီးမားသော အမျိုးသားရေး သစ္စာစောင့်သိမှု ပျက်ဆီးကုန်တယ်။ တရုတ်ကွန်မြူနစ်ပါတီ အာဏာတည်မြဲလာတယ်။

ယနေ့ လူငယ်မျိုးဆက်သစ်တွေက Tiananmen Square အရေးတော်ပုံကျောင်းသားတွေကို သတိမရတော့ဘူး။ နိုင်ငံခြားကိုတိမ်းရှောင်ပြီး တရုတ်ပြည်ပြောင်းလွဲရေးကို ဖိအားပေးခဲ့တဲ့ အရေးတော်ပုံကျောင်းသားတွေ ယနေ့တရုတ်ပြည်ကို ပြန်ဝင်ခွင့် မရတော့ပါ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အညှိုးကို ခံနေရတဲ့ Tienanmen Square အရေးတော်ပုံ ကျောင်းသားဟောင်းကြီးတွေကို ယနေ့နိုင်ငံခြားထွက်လာတဲ့ တရုတ်မျိုးဆက်သစ် လူငယ်တွေက ပြဿနာငနဲကြီးတွေဆိုပြီး ဝေးဝေးရှောင်ကြပြီ။ ရင်နာစရာမြင်ကွင်းပါ။

တရုတ်အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံ မပြင်နိုင်ရင် အသစ်မရေးဆွဲနိုင်ရင် အနာဂတ်တော့ သွားပြီ။ လက်ရှိအခြေနေကတော့ တရုတ်နှင့် မထူးမခြားနားပါပဲ။

ရဲမင်းထွန်း

Inga kommentarer:

Skicka en kommentar