အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 30 maj 2014

ကော့သောင်း မှအဖြစ်ပျက်များ

ကော့သောင်းမြို့မတံတားမှာ လ.၀.က တွေကိုပဲအပြစ်မမြင်ကြပါနဲ့။ မနက်စောစော ဖော်ကျွန်း။ ဟိုင်ဖိုင်။ ဧရာနဒီ အမြန်ယာဉ်တွေထွက်တိုင်း ထင်တိုင်းကြဲနေတဲ့ ကုန်တင်ကုန်ချအလုပ်သမားတွေကို တာဝန်ရှိသူများအရေးယူသင့်ပါပြီ။ ခရီးသည်တွေအမြန်ယာဉ်စီးတိုင်းအနီုင်ကျင့်နေကြတာ။ ခရီးထွက်တယ်ဆိုတာ အ၀တ်အိတ် အထုပ်တစ်ထုပ်တော့အမြဲပါကြတာပဲ။ သူတို့က အထုတ်တွေကိုအတင်းအဓမအပ်ခိုင်းတယ်။ ပိုက်ဆံမတရားတောင်းတယ်။ မပေးရင်ပြသနာဖြစ်ရတယ်။ ဒါတွေကြာခဲ့ပေမယ့်လည်းမည်သူမျှအရေးမယူကြပါ။ဝေစားမျှစားများလုပ်နေကြလားမသိပါ။ ဒါတွေကိုလည်းအရေးယူသင့်ပါတယ်။ခရီးသည်များစိတ်အနှောက်အယှက်ဖြစ်ကြရတာမနည်းပါဘူး။

Inga kommentarer:

Skicka en kommentar