အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 2 maj 2014

အညာသားကဓါးဆွဲယူပြီးမီးသတ်ကားပေါ်တက်

အညာသားကဓါးဆွဲယူပြီးမီးသတ်ကားပေါ်တက်



Tun T. Lin
April 30

(တစ်ကယ့် အဖြစ်အပျက်)
ပြီးခဲ့တဲ့ရက် လမ်းထဲမှာ မီးလောင်မှုဖြစ်တယ် ကျနော်အပါအဝင်အားလုံးဟာ
ဟာ ထိတ်လန့်တုန်လှုပ်နေကြတယ်
ကံကောင်းတယ်ပြောရမလား မီးသတ်ရုံးက လမ်းထိပ်မှာရှိတော့ ၅ မိနစ်အတွင်းမီးသတ်ကားတွေ ရောက်လာတယ် ဒါပေမယ့် ကံဆိုးလိုက်ပုံများ မီးလုံးကြီးတွေအမြင့်ကြီးတက်နေပေမဲ့ မီးသတ်ကိုကိုတို့က အထက်ကအမိန့်မရသေးလို့တဲ့ ရေမဖျန်းပဲဒီအတိုင်းကြည့်နေတယ်
အိမ်တစ်လုံးပြာကျလို့ နောက်တစ်လုံးကူးနေပြီ ကံကောင်းတယ်ပြောရမလားပဲ လမ်းထိပ်က အညာသားကဓါးဆွဲယူပြီးမီးသတ်ကားပေါ်တက်ပြီး မီးသတ်ကိုကိုကြီးကို ဓါးနဲ့ထောက်ပြီး ရေဖျန်းရင်ဖျန်း မဟုတ်ရင်း ရပ်ကွက်အတွက်သူရင်းလိုက်တော့မယ်ဆိုမှ ရေစဖျန်းပါတယ် ကံဆိုးချင်တော့ မီးသတ်ကားအစီးလေးဆယ်တော့ရပ်ထားတယ် ရေမပါဘူး ရေပါတဲ့ကားကရေကုန်လို့ မြောင်းပုတ်ထဲက ရေတွေနဲ့ဖြန်းဖို့ကြိုးစားတယ် ကံကောင်းစွာပဲ အိမ်ခြောက်လုံးလောက်ပြာကျပြီး မီးငြိမ်းသွားပါတယ် (ဓါးနဲ့ထောက်ပြီးရေဖြန်းခိုင်းတဲ့သူကတော့ မီးသတ်ကိုကိုတို့ကိုငွေသုံးသိန်းပေးပြီးကန်တော့တောင်းပန်လိုက်ပါတယ်) ရေမပါတဲ့မီးသတ်ကားအစီးလေးဆယ်အတွက်လဲ ကျသင့်ငွေရှင်းခဲ့ရမှာပေါ့ ပြည်သူ့ဝန်ထမ်းတွေတဲ့လားဗျာ အတော်စိတ်မကောင်းစရာပါပဲဗျာ။
မီးကပြီးပြီ မပြီးသေးတာက ဝန်ကြီး အောင်သိန်းလင်း မီးလောင်ပြီးနောက်နေ့ အိမ်တိုင်ယာရောက်လာပြီး စေတနာကောင်းလိုက်ပုံများ မီးထဲပါသွားတဲ့အိမ်တွေကို တစ်အိမ် ငွေ ၇ သောင်းကျပ်နဲ့ သွပ်သစ်အနဲငယ်ချပေးလို့ ကံကောင်းတယ်လို့မထင်ပါနဲ့ ကံဆိုးချက်ဗျာ ပြည်ခိုင်ဖြိုးပါတီထဲ
အတင်းဝင်ခိုင်းတယ် မဝင်ရင်အားလုံးပြန်သယ်မယ့် ပုံစံမျိုးပါ(ပွဲလန့်တုန်းဖြာခင်းတို့ ငိုရမှာလား ရီရမှာလား ကိုကိုကြံ့တို့ ဘာတို့..) ကျနော်တို့တွေအားလုံး ဒီအုပ်ချုပ်မှုစနစ်တွေအောက်မှာ ကံဆိုးမိုးမှောင်ကျလိုက်ပုံများ
အရပ်ကတို့ရေ ကြားလို့မှ ကောင်းကြသေးရဲ့လား....။

Inga kommentarer:

Skicka en kommentar