နိုင်ငံတော်သမ္မတကြီး ခွင့်ပြုပေးတာလား
Shwe Su
နိုင်ငံတော်သမ္မတကြီး သိရှိပါရဲ့လား...?
နိုင်ငံတော်သမ္မတကြီး ခွင့်ပြုပေးတာလား ရှင့်...?
================================
ပုဂံဘုရားအမှတ်/၁၆၅ ပရိဝုဏ်နယ်မြေတွင် မြေကွက်ရိုက်ခြင်းများ နှင့် ပြင်ဦးလွင်မြို့ ပတ်ဝန်းကျင်၌ ကော်ဖီစိုက်ခင်းများပါမကျန် ဂရန်မြေပေါက်၍ လူမျိုးခြားများလက်သို့ ဆင်းသက်ရောက်ရှိသွားခြင်းများ...။
လွန်စွာအံ့ဩမိသည်မှာ ယခင် တပ်မတော်အစိုးရလက်ထပ် ဗိုလ်ချူပ်မူးကြီးသန်းရွှေ ကိုယ်တိုင်တောင်မှ မပြုလုပ်ခဲ့ခြင်းများ။
မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံညောင်ဦးမြို့နယ် ငှက်ပစ်တောင်ရပ် အမှတ် ၃ နယ်မြေရှိ ဘုရားအမှတ် ၁၆၅ ရှင်ပင်ပွင့်လင်းဘုရားနှင့် လှိုဏ်ဂူပေါင်း ၉၉ ခုရှိရာ ပရိဝုဏ်နေရာမြေနေရာတွင် ဟိုတယ်များ ဆောက်လုပ်ရန်နှင့် လူနေအိမ်များ ဆောက်လုပ်ရန်အတွက် မြေနေရာများကို အကွက်ရိုက်နေ၍ ဖြစ်ပါတယ် ရှင့်။
မြန်မာနိုင်ငံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်၏ အသဲနှလုံးဟု ကမ္ဘာကတင်စားထားသည့် ပုဂံရှေးဟောင်းနယ်မြေတွင် စေတီပုထိုးပေါင်း ၃၁၂၂ ဆူရှိပြီး စေတီများအနီးရှိ မြေလွတ်မြေရိုင်းများကို အကွက်ရိုက်ကာ မြေနေရာချထားခြင်းသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို အရုပ်ဆိုးအကျည်းတန် မဖြစ်စေဘူးလား ရှင့် ။
ပုဂံမြို့မှ အသိမိတ်ဆွေများနှင့် ဒေသခံများ၏ ပြောစကားများအရ ယခင်တုန်းက ဗိုလ်ချူပ်မှူးကြီးသန်းရွှေတောင် ယခုလိုမျိုး ပြုလုပ်ခဲ့ခြင်းမရှိဘဲ ၂၀၁၂ ခုနှစ်မှစတင်၍ ဟိုတယ်နှင့် လူနေအိမ်များဆောက်လုပ်ရန် ပေ၂၀၀ စီ မြေကွက်ရိုက်ကာ လမ်းများပါ ဖောက်လုပ်နေသဖြင့် ယာဉ်အသွားအလာ တုန်ခါမှုကြောင့် စေတီပုထိုးများ ၊ လှိုဏ်ဂူများ ပြိုကျပျက်စီးနိုင်ကြောင်းကို ဒေသခံ ကလေးများမှအစ သိရှိကြပါတယ် ရှင့်။
ညောင်ဦးမြို့နှင့် ပုဂံမြို့အနီးတဝိုက် ဟိုတယ်ဇုန်စီမံကိန်းများကြောင့် လူမျိုးခြားများလက်ဝယ် ရောက်ရှိပြီးမှ မြေကွက်ဈေး သိန်းပေါင်း သောင်ဂဏာန်းအထက် တန်ကြေးရောက်ရှိ နေသည်မှာလည်း ပြည်သူများအတွက် အကျိုးရှိပါရဲ့လား ရှင့်။
ထို့ပြင် ပြင်ဦးလွင်မြို့သို လွန်ခဲ့သော အပတ်က အလည်ရောက်ရှိစဉ် အခါကလည်း.....
တစ်ချိန်က အရှေ့တောင်အာရှမှာ အလှဆုံး ဥယျာဉ်မြို့တော် ဖြစ်ခဲ့တဲ့ မြန်မာတို့ရဲ့ ဂုဏ်ယူစရာမြို့တော် ၊ တောင်လှေကားမြို့တော် ပြင်ဦးလွင်မှာလည်း ကော်ဖီစိုက်ခင်းများပါမကျန် ဂရန်မြေပေါက်၍ လူမျိုးခြားများလက်ဝယ် ရောက်ရှိနေပါတော့တယ် ရှင့် ။
လွန်စွာ အံ့ဩမိတာက ရှေးယခင် ဗိုလ်ချုပ်အောင်ဆန်း မေမြိုသို့ရောက်စဉ် ခေတ္တတည်းခိုလေ့ရှိသော ပြင်ဦးလွင်မြို့ အဝင် ဗိုလ်ချုပ်ကုန်းဟု ခေါ်ဆိုကြသော ကော်ဖီစိုက်ခင်းများနှင့် စိမ်းလန်းသာယာခဲ့သည့် ထိုနေရာ၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင်လျှင် ချန်လှပ် လှပစေခဲ့သည်များကို ယခု သမ္မကြီးလက်ထပ်တော် အခါမှာဖြင့် ကိုယ်တော်တိုင် ကြွမြန်း၍ ရှုစားစေလိုပါကြောင်း ရိုးသားစွာ တင်ပြချင်ပါတယ် ရှင့်။

Inga kommentarer:
Skicka en kommentar