အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 7 april 2014

ပြည်ခိုင်ဖြိုးပါတီဝင် မောင်တောလွှတ်တော်ကိုယ်စားလှယ် သန်းခေါင်စာရင်း အကောက်မခံ

  ပြည်ခိုင်ဖြိုးပါတီဝင် မောင်တောလွှတ်တော်ကိုယ်စားလှယ် သန်းခေါင်စာရင်း အကောက်မခံ




FLOWER NEWS JOURNAL Vol.10, No.15
မင်းအောင်ခိုင် ၊ရန်ကုန်၊ ဧပြီ ၅-

ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူရာလျက်ရှိရာတွင် ပြည်ခိုင်ဖြိုးပါတီဝင် မောင်တောမဲန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင် မျိုးမင်း(ခ)ဂျာဟင်ကီးရ်က သန်းခေါင်စာရင်း အကောက်မခံကြောင်း သန်းခေါင်စာရင်း ကောက်ခံသူများက ပြောသည်။

အဆိုပါ လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မျိုးမင်း(ခ)ဂျာဟင်ကီးရ် သည် မောင်တောမြို့ ရပ်ကွက်(၂)တွင် နေ ထိုင်သူဖြစ်ပြီး သန်းခေါင်စာရင်းသွားကောက် သူများ လာသောအခါ အတွေ့မခံဘဲရှောင် နေကြောင်း၊ ယင်း၏အမျိုးသမီးက မိမိတို့ သည် ရိုဟင်ဂျာလူမျိုးများဖြစ်သည်ဟုလည်း သန်းခေါင်စာရင်း လာကောက်သူများကို ပြောဆိုကြောင်း၊ ယင်းကြောင့် သန်းခေါင် စာရင်းကောက်ခံသူများ ယင်းတို့အိမ်မှ ပြန် ထွက်လာကြောင်း ဒေသခံများကပြောသည်။

''ကျွန်တော်က အဲဒီအနီးက ရွာ တွေကိုကောက်ဖို့ တာဝန်ကျတယ်။ အချင်း ချင်းတွေ့လို့ မေးကြည့်တော့ သူကရှောင် နေတဲ့သဘောနဲ့ အိမ်ထဲမှာနေတယ်။ ထွက် မလာဘူး။ အမျိုးသမီးကပဲထွက်ပြီး ရိုဟင်ဂျာလူမျိုးလို့ပြောလို့ ပြန်ထွက်လာကြတယ် လို့ ပြန်ပြောပြတယ်။ အဲဒီရွာက လူတွေ အားလုံးက မကျေနပ်တဲ့မျက်လုံးတွေနဲ့ ကြည့် ကြတယ်။ အကောက်မခံဘူး''ဟု သန်းခေါင် စာရင်းကောက်ခံရေးအဖွဲ့တွင် ပါဝင်သူ မောင် တောမြို့ခံ ဦးစိုးဝင်းကပြောသည်။

Inga kommentarer:

Skicka en kommentar