အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 14 april 2014

သမိုင်းရဲ့ အမည်းစက် ဒီတစ်ကွက် တရားခံ ဘယ်သူလဲဟေ့

သမိုင်းရဲ့ အမည်းစက် ဒီတစ်ကွက် တရားခံ ဘယ်သူလဲဟေ့



 ( ဒေါင်းတို့မျိုးဆက် သံချပ်မှ )

ကျောင်းသားတွေရဲ့ ခေတ်သမိုင်းကို
ကြောက်ရွံ့သူတွေ တားမြစ်ခဲ့
အမိတက္ကသိုလ်ရဲ့ တန်ဖိုးကို
အလေးမထားသူတွေ အဝေးပို့ခဲ့
ဆင်ခြင်ဉာဏ်ကို ခွင့်ပြုမပေး
မြန်မာပြည်ပညာ ကြက်တူရွေး
နိုင်ငံတကာကို အဆင့်မမှီ
အိမ်ဖော်ဝင်ကာ လုပ်ပြီ

နိုင်ငံတကာကို အဆင့်မမှီ
အိမ်ဖော်ဝင်ကာ လုပ်ပြီ
ခေတ်ရဲ့လက်ချက်လား ... အဘတို့လက်ချက်လား
သမိုင်းရဲ့ အမည်းစက် ဒီတစ်ကွက်
တရားခံ ဘယ်သူလဲဟေ့ .. တရားခံဘယ်သူလဲဟေ့

Inga kommentarer:

Skicka en kommentar