ဘယ်သူ့ကိုဘာတွေပိုင်နေလို့လည်း????????
မြူနှင်း
သင်္ကြန်မှာ စခန်းဝင်ယောဂီဘ၀နဲ့တရားအားထုတ်ခဲ့ပါတယ်
စိတ်ပျက်စရားကောင်း အောင်ရှုပ်ထွေးနေတဲ့
လူ့လောကကြီးကစိတ်ကုန်စရာတွေခဏထားပြီး အေးငြိမ်းတဲ့ ရှင်တော်ဗုဒ္ဒရဲ့
အရိပ်အောက်မှာခဏခိုလှုံတာပါ
အေးချမ်းလိုက်တာ မြူနှင်းအိမ်ပြန်ရောက်တော့ အပြင်လောက
ကအဖြစ်ပျက်တွေ မကြားချင်မှအဆုံးပါ
သင်္ကြန်တွင်းမှာ ရပ်ကွက်လှည့်ပြီး
ရပ်ကွက်လုပ်သားပြည်သူ တွေရဲ့ လှူဒါန်းတဲ့ငွေတွေနဲ့သောက်စားမြိုဆို့မှုးယစ်ကြတဲ့
လူကြီးတွေရဲ့သတင်းတွေ သင်္ကြန်ကာလ ရုပ်ပျက်ဆင်းပျက်သတင်းတွေ
ရဲက ရေပက်နေတဲ့အေးရိပ်ငြိမ်ကခလေးမလေးတွေ
ကောင်လေးတွေ ကို
လဖက်ရည်ဆိုင်ထဲဝင်ပြီး လက်စွမ်းပြပါးရိုက်ခဲ့တာတွေ ပုလောတုံတုံးမှာ
အပတ်စဉ်စနေ တနင်္ဂနွေ
မှာလုပ်နေတဲ့ကြက်ပွဲမှာ ပါဝင်ပါတ်သက်နေတဲ့ရဲတပ်ဖွဲ့ဝင်သတင်းတွေ
ပါစီဘာဘာကားကို ကျော်တက်မိလို့ ယဉ်ထိန်းရဲ အလိုက်ခံရတဲ့မော်တော်ယာဉ်ကိစတွေ
၃မိုင်ကမ်းခြေမြေကို
ပါစီဘာဘာ တို့မြိုဆို့ပြီး ကော့သောင်းလက်သစ်ခရိုနီအများပိုင်ကုမဏီကို
ဓါတ်ဆီဆိုင် မြေနေရာချပေးလိုက်တဲ့သ
တင်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အမည်ခံပြီး
လုပ်စားနေတဲ့ လင်းမချန်နဲ့ တောင်နောက်ရပ်ကွက်
ကကော်မတီလူကြီးတွေရဲ့
အနံတစ်ထောင်းထောင်းထနေတဲ့ အပုပ်သတင်းတွေနဲ့မကြားချင်မှအဆုံးပါပဲ့
နောက်ဆုံးသတင်းတစ်ခုက
အောင်ဘာအုပ်ချူပ်ရေးမှူးသတင်းပါ
အဲဒီလူကြီးကဘယ်သူ့ကိုဘာတွေပိုင်နေသလဲမသိပါ ပိုင်တာတော့
သူ့လောက်ပိုင်တဲ့သူမရှိသလောက် ပါဘဲ့
ငွေရေးကြေးရေးပြသနာမှာ ဆင်းရဲသားနင်းပြားကုလားတစ်ယောက်ကို
လုပ်ပိုင်ခွင့်မရှိဘဲဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်
ရွှာပိုင်လယ်မြေတွေကိုမြေကွက်ရိုက်ပြီးရောင်းစားတယ်
ရွှာတွေမှာမဟုတ်တာလုပ်နေတဲ့ဆေးရောင်းတဲ့သူတွေ သစ်ခိုးတဲ့သူတွေ
မီးသွေးဖုတ်တဲ့သူတွေ ဗုံးခွဲလှေတွေက ဆက်ကြေးကောက်တယ် ပါစီဘာဘာနဲ့ဝင်းတင်ဘာဘာဆီဆက်သတယ်
အခုလည်းရွှာမှာတောမီးလောင်တာ (၆)ရက်လောက်အကြာတုန်းကလောင်ပြီးသွားပြီးဖြစ်တဲ့ခြံပိုင်
ရှင်ကိုခေါ်ပြီး ဒဏ်ငွေသိန်း(၅၀)ဆယ် ရိုက်တယ် ဆင်းရဲသားခြံရှင်က သူ့ခြံမီးကြောင့်မဟုတ်တဲ့အတွက်မလျှော်နိုင်ကြောင်းပြောတော့
ကော့သောင်းကမြို့နယ်မီးသတ်ဦးစီးမောင်မှုးကိုရွှာခေါ်ပြီး ကလိန်ကကျစ်လုပ်ပြန်ပါတယ်
အဲဒီကျေးရွှာအုပ်ချူပ်ရေးမှူးက ကြံ့ဖွံ့ပါတီဝင်အမာခံ ကြံ့ဖွံ့လွတ်တော်အမတ်
ဦးလအေးရဲ့ဘော်ဒါ လွတ်တော်ဥကဌရဲ့တပည့်ရင်းခေါက်ခေါက် ပါစီဘာဘာနဲ့ဝင်းတင်ဘာဘာရဲ့အချစ်တော် သူ့သမက်နဲ့
သူ့သမီးက NLD သူ့တူမက ၈၈ ဆိုတော့ ဘယ်အဖွဲ့ကမှကိုင်တွယ်အရေးယူလို့မရအောင်ခံစစ်ဆင် ထားတဲ့ကျေးရွှာအုပ်ချုပ်ရေးမှူး လူယုတ်မာအနေနဲ့ ဘယ်သူ့ကိုဘာတွေပိုင်နေလို့လဲဆိုတာ?
သမ္မတကြီးရေ အောက်ခြေမှာ ဖြစ်ချင်သလိုဖြစ်ပျက်နေတာတွေ ပါတီအားကိုး ပုဆိန်ရိုးတွေရဲ့ယုတ်မာ မှုတွေ မိဘပြည်သူတွေအပ်ါယုတ်မာလှည့်စားနေမှုတွေမြင်လှည့်ပါဦး
တချက်လောက်တော့လှည့်ကြည့်ပါအုံးလို့ပြောပြချင်ပါတယ်ရှင်====
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar