အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 25 mars 2014

ထိုင်း-မြန်မာနှစ်နိုင်ငံသားများ ဗီဇာမလိုပဲသွားနိုင်တော့မည်

ထိုင်း-မြန်မာနှစ်နိုင်ငံသားများ ဗီဇာမလိုပဲသွားနိုင်တော့မည်


popular Myanmar

ထိုင်းလွှတ်တော်တွင် ထိုင်း-မြန်မာနှစ်နိုင်ငံသားများ လေကြောင်းမှ ရက်တိုခရီးအလည်အပတ်သွားလာကြရာဝယ် ရက်သတ္တနှစ်ပတ်(၁၄ ရက်)အထိ ကို ဗီဇာမလိုပဲသွားလာခွင့်ပေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ တင်သွင်းသောအဆိုကို လွှတ်တော်မှ အတည်ပြုလိုက်ခြင်းဖြစ်သည်။

ထိုင်း-မြန်မာနှစ်နိုင်ငံသားများ ဗီဇာမလိုပဲ လေကြောင်းမှ ရက်တိုခရီး သွားလာခွင့်ကို ထိုင်းလွှတ်တော်မှ အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

ထိုင်းလွှတ်တော်မှ ထိုင်း-မြန်မာနှစ်နိုင်ငံသားများ လေကြောင်းမှ ရက်တိုခရီးအလည်အပတ်သွားလာကြရာဝယ် ရက်သတ္တနှစ်ပတ်(၁၄ ရက်)အထိ ကို ဗီဇာမလိုပဲသွားလာခွင့်ပေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ တင်သွင်းသောအဆိုကို လွှတ်တော်မှ အတည်ပြုလိုက်ခြင်းဖြစ်သည်။

သို့ရာတွင် အဆိုပါခွင့်ပြုချက်သည် နှစ်နိုင်ငံဝန်ကြီးဌာနများသဘောတူညီချက်လက်မှတ်ရေးထိုးပြီးမှသာလျှင် အသက်ဝင်မည်ဖြစ်ပြီး ထိုသို့လက်မှတ်ရေးထိုးမည့်နေ့ကိုမူ အတိအကျမသတ်မှတ်ရသေးကြောင်းသိရသည်။

ဗီဇာမလိုပဲ နှစ်နိုင်ငံ ရက်တိုခရီးအလည်အပတ်သွားလာခွင့်သည် ထိုင်းနုင်ငံသို့ သတ်မှတ်ထားသော လေဆိပ် ၂၃ ခုမှ လေကြောင်းခရီးဖြင့်ဝင်ရောက်သူများအတွက်သာ လျှင် အကြုံးဝင်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ မစ္စတာ တီးရတ် ရတနဆေဗီကပြောသည်။

ယင်းလေဆိပ်များမှာ၊ သုဝဏ္တဘုမိ၊ ဒွန်မောင်း၊ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်၊ ဟတ်ရိုင်၊ ဖူးကက်၊ နန်၊ ဖစ်ဆနုလွတ်၊ မဲဆောက်၊ ခွန်ကန်း၊ နခွန် ရတ်ချဆီမ၊ ဥဒွန်းသာနီ၊ ဥဘွန်ရတ်ချသာနီ၊ ကရာဘီ၊ ထရန်၊ နရသီဝပ်၊ ရနောင်း၊ ဆူရတ်သာနီ၊ ဟွာဟင်း၊ ဆမူအီ၊ ဆူခိုထိုင်းနှင် ဥတာပေါင်း လေဆိပ်တို့ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ကုန်းလမ်းခရီးနှင့် ရေလမ်းခရီးမှ ၀င်ရောက်လာသည့် ခရီးသွားများအတွက် အကြုံးမ၀င်ကြောင်း ပြောရေးဆိုခွင့်ရှိသူကထပ်လောင်းပြောကြားသည်။

ဗီဇာမလိုပဲခရီးသွားလာခွင့်ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများမှ ရက် ၆၀ ကြိုတင်သတိပေးချက်ဖြင့်ပယ်ဖျက်နိုင်သလို၊ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာအကြောင်းပြ
ချက်များ အရလည်း ၁၅ ရက်ကြိုတင်သတိပေးခြင်းဖြင့် ပယ်ဖျက်နိုင်ကြောင်းသိရသည်။


Inga kommentarer:

Skicka en kommentar