အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 25 mars 2014

ဘာသာနှစ်ခုကြား နားလည်မှု လွဲပြီး အဓိကရုန်းဖြစ်စေနိုင်သည့် လှုံ့ဆော် စာများဖြန့်ဝေလျက်ရှိ

မတ်-၁၊ ၂၀၁၄
M-Media
KK
OIC Youth
ယခု ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ရှိ အချို့သော ရပ်ကွက်များတွင် မတူညီသော ဘာသာဝင်များ အကြား အဓိကရုဏ်းဖြစ်ပွားစေနိုင်သည့် လှုံ့ဆော်ရေး စာရွက်စာတမ်းများကို ဗုဒ္ဓ ဘာသာဝင်များ၏ နေအိမ်များတွင် လိုက်ကပ်ထားကြောင်းသိရှိရသည်။

အဆိုပါ စာရွက်တွင် အစ္စလာမ်ဘာသာဝင် မဟုတ်သူများအား သတ်ဖြတ်မီးရှို့ရန် လှုံ့ဆော်ရေးသားထားသည်။ အောက်ခြေတွင် ဟာဂျီလူငယ်များ အဖွဲ့၊ OIC အဖွဲ့ငယ်(ယာယီ) ဟုရေးထိုးသည်။ ယင်းလှုံဆော် စာရွက်မှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့လျက်ရှိပြီး အဆိုပါ လှုံ့ဆော်စာရွက်ကို အကြောင်းပြုပြီး မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များကို မုန်းတီး လှုံ့ဆော်ရေးသားမှုများ အများအပြားမြင်တွေ့ရပါသည်
စာရွက်ထဲမှာ ပါတဲ့ ရေးသားမှုအရဆို အစ္စလာမ်ဘာသာဝင် အချင်းချင်းပဲ လက်သိပ်ထိုးလုပ်ရမယ့် ကိစ္စကို ဗုဒ္ဓဘာသာဝင်တွေအိမ်မှာ လိုက်ကပ်တာဟာ ပြသနာဖြစ်အောင် လုပ်ဆောင်နေတယ်ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ် “
” မြန်မာပြည်မှာ အထက်ပါ စာရွက်ထဲက အဖွဲ့ဆိုတာ ကြားကို မကြားဘူးပါဘူး။ နောက်ပြီး ဟာဂျီဆိုတာ လူငယ်တွေကြားမှ အတော်ကိုနည်းပါတယ်။ အသက်ကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေမှာပဲရှိတာပါ။ ရည်ရွယ်ချက် ရှိရှိ လုပ်ကြံထားတဲ့စာပါ။ အစ္စလာမ်ဘာသာဝင် မဟုတ်တဲ့ မြန်မာနိုင်ငံသားတွေကြားမှာ နားလည်မှုလွဲပြီး ထိလွယ်ရှလွယ်ဖြစ်နေတဲ့ OIC ဆိုတဲ့ စကားလုံးသုံးပြီးတော့ နိုင်ငံသားအချင်းချင်းကြားမှာ သံသယစိတ်တွေများလာအောင် လုပ်ကြံထားတာပါ။ စာရွက်ထဲမှာ ပါတဲ့ ရေးသားမှုအရဆို အစ္စလာမ်ဘာသာဝင် အချင်းချင်းပဲ လက်သိပ်ထိုးလုပ်ရမယ့် ကိစ္စကို ဗုဒ္ဓဘာသာဝင်တွေအိမ်မှာ လိုက်ကပ်တာဟာ ပြသနာဖြစ်အောင် လုပ်ဆောင်နေတယ်ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ် “လို့  တောင်ဒဂုံ မြို့နယ်မှာ နေတဲ့ အစ္စလာမ်ဘာသာဝင် တစ်ဥိးက M-Media ကိုပြောပါတယ်။
 ”စစ်အစိုးရခေတ်မှာ နိုင်ငံရေးသမားတွေ လှုပ်လို့ မရအောင် ထိန်းလာတဲ့ ထောက်လှမ်းရေး ကွန်ရက်တွေရှိပါတယ်။ ရဲတပ်ဖွဲ၊ SB၊ စရဖ၊ အမျိုးသားထောက်လှမ်းရေး ဒီလောက်များတဲ့ အဖွဲ့တွေ အတွေ့အကြုံနဲ့ မွတ်စလင်တွေ ဒီလို တကယ်လုပ်ခဲ့ရင် ဘာကြောင့် သူတို့မသိရတာလဲ။ တကယ်ဝေတယ်ဆို ဖမ်းပြီး အရေးယူပါ။ အခုက ပြသနာကို ပိုပြိးကြီးအောင် မဟုတ်က ဟုတ်က လှုံဆော်နေတာကို တမင်လွှတ်ပေးထားသလိုပါပဲ” ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက အထက်ပါအတိုင်း သူအမြင်သုံးသပ်ချက်ကို M-Media ကို ပြောပြခဲ့ပါသည်။
ဘာသာနှစ်ခုကြား နားလည်မှုလွဲပြိး အဓိကရုဏ်းဖြစ်စေနိုင်တဲ့ အဆိုပါလုပ်ကြံလှုံ့ဆော် စာပြန့်နှံ့မှုနှင့် ပတ်သက်ပြိး အစိုးရအဖွဲ့ နှင့်သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တစုံတရာဖြေရှင်း သတင်းထုတ်ပြန်ခြင်း မလုပ်သေးသလို ပြည်တွင်းပြည်ပ မြန်မာမီဒီယာများမှာလည်း ရေးသားဖော်ပြခြင်းမရှိသေးပေ။
မွတ်စလင်များနှင့် ဗလီများကို အကြမ်းဖက်တိုက်ခိုက်မှုများ အရှိန်မြင့်ခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီလတွင် တကြိမ်၊ ဇွန်လတွင်တကြိမ် မန္တလေးတိုင်းကျောက်ဆည်မြို့ လက်ပန်ကျေးရွာတွင် ကျေးရွာအုပ်ချူပ်ရေးမှူး လက်မှတ်ဖြင့် ဂျီဟာဒ်လုပ်ရန်ဆိုပြီး လှုံဆော်စာ အတုတစောင်ပြန့်နှံခဲ့ပြီး အဆိုပါကိစ္စကို သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းများနှင့် မြို့နယ်အုပ်ချူပ်ရေးမှူးများက ရှင်းလင်းပွဲပြုပြီး ဖြေရှင်းခဲ့ရသည်။

                                      မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar