အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 7 februari 2014

ကန်ဒေါ်လာ သန်းတစ်ရာချေးယူပြီး သမဝါယမ တက္ကသိုလ်များ တည်ဆောက်မည့် အစီအစဉ် လွှတ်တော်အမတ်များ ကန့်ကွက်

ကန်ဒေါ်လာ သန်းတစ်ရာချေးယူပြီး သမဝါယမ တက္ကသိုလ်များ တည်ဆောက်မည့် အစီအစဉ် လွှတ်တော်အမတ်များ ကန့်ကွက်



The Voice Weekly

အသေးစား ချေးငွေလုပ်ငန်း လုပ်ကိုင်ရန် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ချေးယူထားပြီးဖြစ်သော သမဝါယမ ဝန်ကြီးဌာနက သမဝါယမ တက္ကသိုလ်နှင့် ကောလိပ်များ တည်ဆောက်ရန် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထပ်ချေးမည့် အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော် အမတ်များက ကန့်ကွက်ထားကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် သမဝါယမ တက္ကသိုလ်နှင့် ကောလိပ်များ ဆောက်လုပ်ရန် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်းတစ်ရာ ချေးယူရန် အမျိုးသား စီမံကိန်းတွင် ထည့်သွင်း ရေးဆွဲထားပြီး ယင်းသို့ နိုင်ငံခြားငွေချေးယူမည့် ကိစ္စကို ထည့်သွင်း ရေးဆွဲထားခြင်းသည့် အမျိုးသားစီမံကိန်း ဥပဒေနှင့် ကိုက်ညီခြင်း မရှိသောကြောင့် လွှတ်တော်က ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ သမဝါယမ တက္ကသိုလ် ကောလိပ်များ အတွက် နိုင်ငံခြားငွေ ချေးယူမည့် အစီအစဉ်ကို လွှတ်တော်က ကန့်ကွက်ထားသောကြောင့် ယင်းအစီအစဉ်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းတွင် မထည့်သွင်းရန် လာမည့် ရက်ပိုင်းအတွင်း ဆုံးဖြတ်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်း ဆွေးနွေးစဉ် လွှတ်တော် အမတ်များက ယင်းသို့ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
“ကိုယ့်အလုပ်ကို မသိဘူး။ ချေးချင်ရင် သမဝါယမဘဏ်က ချေးပြီးလုပ်ရမှာ။ ဒီလိုမဟုတ်ဘဲ အစိုးရက အာမခံပြီး နိုင်ငံခြားကနေချေး၊ လူတွေကို ပြန်ထုတ်ပေးတယ် ဆိုတာကတော့ ရှက်စရာ ကောင်းပါတယ်” ဟု ဒေါ်တင်နွယ်ဦးက ဆိုသည်။

အဆိုပါ စီမံကိန်းများသည် နိုင်ငံတော်သမ္မတ ချမှတ်ထားသည့် အမျိုးသား စီမံကိန်း ရေးဆွဲရေး အခြေခံ မူဝါဒများနှင့် ဆန့်ကျင်နေသည့်အပြင် လွဲမှားနေသည့် လုပ်ငန်း ဆောင်ရွက်မှုများ ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

သမဝါယမ၏ ငွေတောင်းခံသည့် စီမံကိန်း တင်ပြချက်သည် ပညာရေး ဝန်ကြီးဌာနနှင့် ချေးငွေ ထုတ်ပေးနေသော မွေးမြူရေး ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လုပ်ငန်းများကို စွက်ဖက်ရာ ရောက်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များက မှတ်ချက်ပြုသည်။

သမဝါယမ ဝန်ကြီးဌာနသည် အဆိုပါ နိုင်ငံခြား ချေးငွေအပြင် ငွေကျပ် ၃၆၁၈ ဒသမ ၆၁၅ သန်းကိုလည်း ရန်ကုန် သမဝါယမ တက္ကသိုလ် (သန်လျင်) နှင့် မန္တလေး သမဝါယမ ကောလိပ် ဘွဲ့နှင်းသဘင်ခန်းမများ ပြုပြင် တည်ဆောက်ရန် အမျိုးသား စီမံကိန်း ဥပဒေကြမ်းတွင် ထည့်သွင်း တောင်းခံထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

အဆိုပါ သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ယခင်ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးကျော်ဆန်းက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၃ ခုနှစ်ကလည်း သမဝါယမချေးငွေများ ထုတ်ပေးနိုင်ရန် တရုတ်နိုင်ငံ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူထားသည်။




Inga kommentarer:

Skicka en kommentar