အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 7 februari 2014

ဘုန်းကြီးနဲ့ဘီး၊စစ်တပ်နဲ့ဒီမိုကရေစီ

ဘုန်းကြီးနဲ့ဘီး၊စစ်တပ်နဲ့ဒီမိုကရေစီ



Aungmyo Tun
(၁) ဒီချုပ် ဥက္ကဌကို အကျယ်ချုပ်ကလွှတ်ပေးတဲ့ (၂) ၂၀၁၂ ကြားဖြတ်
ရွေးကောက်ပွဲဝင်ခွင့်၊ အနိုင်ရခွင့်၊ လွှတ်တော်တက်ခွင့်၊ ဟိုနိုင်ငံ ဒီနိုင်ငံသွားခွင့်
စတဲ့အခွင့်အရေးများ ပေးလိုက်တဲ့အတွက် (၁) လူထုနဲ့  စစ်အစိုးရကြားက
ပဋိပက္ခများ လျော့ကျသွားပါတယ်။ (၂) အမေရိကန်ကိုယ်စားပြုထားတဲ့
အီးယူနိုင်ငံများ၊ စကင်ဒီနေးဗီးယားနိုင်ငံများ၊ ဂျပန်နဲ့ အင်န်ဇပ်စ် ANZUS
နိုင်ငံများအကြား တင်းမာမှုများ လုံးဝလျော့ကျသွားခဲ့ပါတယ်။
မြန်မာနဲ့ အမေရိကန်၊ ဂျပန်နဲ့ အီးယူတို့ ရဲ့  ဘက်စုံဆက်ဆံရေးများ
အနုတ်ကနေ အပေါင်းပြောင်းရုံသာမက အမြှောက်ပါဖြစ်သွားခဲ့ပါတယ်။
Su Factor ကို ပြောင်းကစားခဲ့တဲ့အတွက် ကြံ့ဖွံ့ အစိုးရဟာ ဗျူဟာမြောက်
အကျိုးအမြတ်များ အောတိုက်ပြီးရခဲ့ပါတယ်။

သမိုင်းအရ လစ်ဘရယ်ဒီမိုကရေစီဖြစ်ပေါ်ပုံ ပုံသဏ္ဍာန် (၃) မျိုးရှိပါတယ်။
ပထမပုံစံက အင်္ဂလိပ်ပုံစံပါ။ ၀န်ကြီးချုပ်ကိုယ်စားပြုတဲ့ပုံစံပါ။ ၁၉၄၇ ဖွဲ့ စည်းပုံက
အင်္ဂလိပ်ပုံစံပါ။ ဒုတိယပုံစံက ပြင်သစ်ပုံစံပါ။ သမ္မတက အရေးပါပါတယ်။
တတိယပုံစံက အမေရိကန်ပုံစံပါ။ အမေရိကန်သမ္မတရွေးကောက်ပွဲက
ကမ္ဘာကျော်ပါ။ အင်အားအကြီးဆုံး စီးပွားရေး၊ စစ်ရေး၊ အာဏာပိုင်မှုကို
သမ္မတထံ လွှဲထားတာပါ။ ကမ္ဘာပေါ်မှာ စစ်မိန့် ပေးခွင့်ရှိတဲ့သမ္မတဟာ
အမေရိကန်နဲ့  တရုတ် PRC ပါဘဲ။ ဗမာက အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တော့
ဘာဖြစ်ဖြစ် အင်္ဂလိပ်စတိုင်က မပျောက်ချင်တာ သိပ်မဆန်းပါဘူး။

အခုတလော ဖွဲ့ စည်းပုံပြင်တဲ့ကိစ္စမှာ စစ်တပ်ကိုတစ်စုပေးဖို့ ပြောလာဆိုလာကြတာ
တွေ့ ရပါတယ်။ တုန့် ပြန်မှုက NO ဆိုတော့ ကမ်းလှမ်းရတဲ့ဘက်က
နည်းနည်းလေးတော့ “အောက်”တာပေါ့။ ဒီနေရာမှာ တခုရှင်းရှင်းသဘောထား
ရမှာက ၂၀၀၈ ဖွဲ့ စည်းပုံစည်းမျဉ်းဥပဒေနဲ့  ပုံဖော်ထားတဲ့ ဖွဲ့ စည်းပုံလွှတ်တော်
အမျိုးမျိုး၊ အစိုးရအဖွဲ့ အမျိုးမျိုး၊ လုံခြုံရေးအဖွဲ့ အစည်းအမျိုးမျိုး၊ စစ်တပ် ကြည်း/
ရေ/လေ၊ အင်ဂျင်နီယာ၊ ထောက်ပံ့ရေး၊ ကြေးနန်း၊ လက်နက်ကြီးအမျိုးမျိုး၊
ရဲတပ်ဖွဲ့ ၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ စတဲ့ အစိုးရရဲ့  State Apparatus လို့ 
တခွန်းတည်းချုပ်ပြောရရင် ဒီအုပ်ချုပ်ရေးယန္တရားတစ်ခုလုံးဟာ State Machinery
စစ်ပုံစံသွင်းထားတဲ့ ယန္တရားကြီးပါဘဲ။ အရေးကြီးပေါ်လစီကို စီမံခန့် ခွဲတဲ့အရာရှိ
လုပ်နည်းကိုင်နည်းအားလုံးဟာ စစ်ပုံစံသွင်းထားတာချည်းပါဘဲ။ ဒီမိုကရေစီပုံစံ
သွင်းထားတာ လုံးဝမဟုတ်ပါဘူး။ အရပ်အမောင်း အပိန်အ၀တောင် ပုံစံကိုက်
လုပ်ချင်တာ။ လူတွေ၊ သက်ရှိတွေ ဖြစ်နေလို့ ပါ။ ဒါဟာ ဖက်ဆစ်ဂျပန်ဟန်ပါ။
ဆီးဂိမ်းနဲ့ ပါရာဂိမ်းဖွင့်ပွဲပိတ်ပွဲတွေကို သတိပြုကြည့်လိုက်ရင် လှုပ်ရှားမှု
အားလုံးဟာ အင်မတန် စစ်ဆန်နေတာ Militarized လုပ်ထားတာကို တွေ့ ကြ
ရမှာပါ။ ဒီတော့ ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဖို့  စစ်တပ်ကို တစ်ယူနစ်ပေးထားတာဟာ
လက်တွေ့ မကျပါဘူး။ တကယ်လို့  ကာ/လုံ ကို Democratic Dialogue အတွက်
တစ်ခုပေးရင် သိပ်ပြီး လက်တွေ့ ကျမှာဖြစ်ပါတယ်။ အခုတော့ NO အလုပ်ခံရတာ
အောက်ပါတယ်။ ပွင့်တော့ပွင့်ကျသွားပါတယ်။ ကောင်းပါတယ်။

နှစ်ပေါင်း (၇၀၀၀) ခန့် ရှိပြီဖြစ်တဲ့ လူ့ သမိုင်းမှာ စစ်တပ်ဆိုတာ ဘယ်လို
လူမှုအစုအစည်း Social Force မျိုးလည်းဆိုတာ နည်းနည်းခြေရာကောက်ကြည့်
ချင်ပါတယ်။ ရှေးဘုံစနစ်ပြိုကွဲပြီး အသစ်ဖြစ်ထွန်းလာတဲ့ လူ့ အဖွဲ့ အစည်းများဟာ
ပုဂ္ဂလိကပိုင်စနစ် ကျင့်သုံးတဲ့ လူ့ အဖွဲ့ အစည်းများဖြစ်ပါတယ်။
လူ့ အဖွဲ့ အစည်းများအတွင်းမှာ Private Ownership ပုဂ္ဂလိကပိုင်စနစ်ကို
ကာကွယ်ဖို့  အထူးလူမှုအစုတစ်စုကို (a special social force ) စုစည်းလာခဲ့ကြ
ပါတယ်။ အဲဒီ အထူးလူမှုအစုဟာ တိုက်ရည်ခိုက်ရည်ရှိပြီး ခွန်အားဗလကြီးသူများ၊
တင်းပုတ်၊ ၀ါးချွန်၊ ကျောက်စူး၊ ကျောက်ချွန်များ၊ လောက်လွှဲများ (လေးခွများ)ကို
ကျွမ်းကျင်စွာ သုံးစွဲနိုင်သူများ၊ သားရဲတိရစ္ဆာန်များနဲ့ သတ်ပုတ်ရဲသူများဖြစ်ပါတယ်။
သူတို့ ဟာ သားရဲတိရစ္ဆာန်များကို ဖမ်းဆီးတတ်လာကြတယ်။ အစုတစ်စုနဲ့ တစ်စု
(အကြောင်းမျိုးစုံနဲ့ ပဋိပက္ခဖြစ်လာတဲ့အခါ) ကိုယ့်အစုရဲ့ အသက်နဲ့ စားရေရိက္ခာ
များကို ကာကွယ်ဖို့ တိုက်ခိုက်တဲ့ လူမှုအစု Fighting Social Force ဖြစ်ပေါ်လာ
ပါတယ်။ အဲဒီလူမှုအစုဟာ ခေတ်သစ်စစ်တပ်များရဲ့  ရှေးဦးစစ်သားများပါဘဲ။

(၁) ရှေးဘုံစနစ်ပြိုကွဲပြီးတဲ့နောက် (၂) ပထမဆုံး လူတန်းစားလူ့ အဖွဲ့ အစည်းကြီး
ဖြစ်တဲ့ ကျေးကျွန်ပိုင်လူ့ အဖွဲ့ အစည်း (၃) ဒုတိယ လူတန်းစားလူ့ အဖွဲ့ အစည်း
ဖြစ်တဲ့ ပဒေသရာဇ်လူ့ အဖွဲ့ အစည်း (၄) တတိယ လူတန်းစားလူ့ အဖွဲ့ အစည်းကြီး
ဖြစ်တဲ့ Capitalist Society (Capitalist Mode of Production) အရင်းရှင်
လူ့ အဖွဲ့ အစည်း၊ ဒီကနေ့ တွေ့ နေကြရတဲ့ ကမ္ဘာအနှံ့ က လူ့ အဖွဲ့ အစည်းများဟာ
ခေတ်သစ်အရင်းရှင်လူ့ အဖွဲ့ အစည်းကြီးများချည်းဖြစ်ပါတယ်။ (၅) ပဉ္စမ
လူ့ အဖွဲ့ အစည်းကတော့ မာ့စ်ဝါဒရဲ့ သမိုင်းရုပ်ဝါဒအမြင်အရ ပြောရရင်
ဒီကနေ့ တရုတ်ပြည်ကို ဆိုရှယ်လစ်လူ့ အဖွဲ့ အစည်းလို့  (၁၉၆၆ မေလ ၁၆ ရက်
ယဉ်ကျေးမှုတော်လှန်ရေးကြီးမတိုင်ခင်အထိ) သဘောထားခဲ့ကြပါတယ်။
အမှတ်စဉ် (၂)က အမှတ်စဉ် (၅)အထိ ဖြစ်တည်ခဲ့တဲ့ လူ့ အဖွဲ့ အစည်းတိုင်းမှာ
ဖြစ်ပေါ်လာခဲ့တဲ့ “စစ်တပ်”ဆိုတဲ့ လူမှုယန္တရား စတင်ပေါ်ထွက်လာကတည်းက
ဒီမိုကရေစီကိုဖော်ဆောင်တဲ့ လူမှုယန္တရားအဖြစ် ပေါ်ထွက်လာတာ (လုံးဝ)
လုံးဝမဟုတ်ခဲ့ပါဘူး။ အကျိုးစီးပွားချင်းမတူတဲ့ လူတန်းစားများ၊ လူမှုအစုများ
အကြားက အကျိုးစီးပွားကို ကာကွယ် (သို့ မဟုတ်) လုယူရေး ရည်ရွယ်ချက်နဲ့ 
သမိုင်းလိုအပ်ချက်အရ ပေါ်ထွက်တဲ့အကြမ်းဖက် (လက်နက်တစ်မျိုးမျိုးနဲ့ 
လက်နက်တပ်ဆင်ထားတဲ့)လူမှုအစုအစည်းတစ်မျိုးဖြစ်ပါတယ်။

မြန်မာ့လူ့ အဖွဲ့ အစည်းအတွင်း သမိုင်းခေတ်အလိုက် ပေါ်ထွက်လာတဲ့
ဘယ်စစ်တပ်မျိုးဘဲဖြစ်ဖြစ် ဒီမိုကရေစီကိုကာကွယ်ဖို့  (သို့ မဟုတ်) ဖန်တီးဖို့ 
ပေါ်ထွက်လာတာမျိုး အလျဉ်းမဟုတ်ပါဘူး။ မတူခြားနားတဲ့ အကျိုးစီးပွား
တစုံတရာအတွက် လူမှုအစုအကျိုးစီးပွားကို ရယူဖို့  (သို့ မဟုတ်) ကာကွယ်ဖို့ 
အခြားလူမှုအစုများကို အကြမ်းဖက်အင်အားသုံး ချေမှုန်းဖို့ သာဖြစ်ပါတယ်။
စစ်တပ်ဆိုတာ အကြမ်းဖက်ဖိနှိပ်ရေး ယန္တရားမှတစ်ပါး အခြားဘာမှမဟုတ်ပါဘူး။
ခေတ်သစ်နိုင်ငံရေးသိပ္ပံသီအိုရီမှာ စစ်တပ်ဆိုတာ State Apparatus နိုင်ငံတော်
အုပ်ချုပ်ရေးယန္တရားရဲ့ မဏ္ဍိုင်နဲ့  အချက်အခြာအာဏာဖြစ်ပါတယ်လို့ 
ဖော်ပြပါတယ်။

ဒီတော့ စစ်တပ်ဆိုတာ ဘယ်လိုနိုင်ငံမျိုးက စစ်တပ်ဘဲဖြစ်ဖြစ် ဒီမိုကရေစီ
ထုတ်လုပ်တဲ့ ယန္တရားမဟုတ်ရုံသာမက အင်အားသုံးတဲ့ အကြမ်းဖက်ယန္တရားသာ
ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးခေတ် (၆၆)နှစ်မှာ ဒီစစ်တပ်ဟာ ပြည်သူလူထု
အပေါ် စစ်ပြုတဲ့စစ်တပ်သာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကျင့်သုံးပြီး
အမျိုးသားအာဏာနဲ့  ဥစ္စာဓနကို လုယက်ထားတဲ့ စစ်တပ်သာဖြစ်ပါတယ်။
လူမျိုးစုံတိုင်းရင်းသား အမျိုးသားလူထုများအပေါ် “ဗမာဓနရှင်လူမျိုးကြီးဝါဒ”
ကျင့်သုံးပြီး စစ်ပြုခဲ့တဲ့ စစ်တပ်လည်းဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့ စည်းပုံအသက်က လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီပါဘဲ။
စစ်အာဏာရှင်များက သူတို့ ဟာ အမျိုးသားရေးတာဝန်များကို အမြဲတမ်း
ကာကွယ်ရပါတယ်တဲ့။ ကောင်းပြီ။ ၁၉၅၁ ခုနှစ်က ဗြိတိသျှဓနသဟာယအဖွဲ့ ကြီး
British Common Wealth နဲ့  အိန္ဒိယနေရူးအစိုးရတို့ ပေါင်းပြီး ဖဆပလ
ရန်ကုန်အစိုးရ သူပုန်လက်ထဲကျသွားမှာစိုးလို့  ခဲယမ်းလက်နက်ထောက်ပံ့ခဲ့တယ်။
ဒါဟာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်တာလား။ ဖဆပလ လက်ျာဂိုဏ်း
ပြည်တွင်းစစ်မီး “စ”မွှေးတဲ့သူတွေကို ကာကွယ်တာလား။ ၁၉၅၈/၁၉၆၂
ခုနှစ်အတွင်း အာဏာရ ဖဆပလအစိုးရအတွင်း တည်မြဲ/သန့် ရှင်း/စစ်တပ်ဂိုဏ်း
(၃)ဂိုဏ်းကွဲပြီး ၁၉၅၈ စက်တင်ဘာနဲ့  ၆၂ မတ်လ ၂ ရက်နေ့  စစ်အာဏာသိမ်းပွဲ
များဟာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်တာလား။ စစ်တပ်က တစင်ထောင်ပြီး
အာဏာသိမ်းတာလား။ အမျိုးသားဥစ္စာဓနကို လုယက်သိမ်းပိုက်တာလား။
ရှင်းရှင်းကလေးပါ။ ၁၉၆၂၊ ၁၉၈၈ ခုနှစ်အတွင်းမှာ စစ်အာဏာရှင်စနစ်ကျင့်သုံး၊
စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ်အရင်းရှင်စနစ် ထူထောင်တာလား။ အမျိုးသား
အကျိုးစီးပွားကို ကာကွယ်တာလား။ ၁၉၈၈ ဒီမိုကရေစီအုံကြွမှုကြီးက မဆလ
စစ်အစိုးရကို ဖြိုချတဲ့အခါ န၀တ၊ နအဖ၊ ပခမ (ကြံ့ဖွံ့ )အစိုးရများအဖြစ် ပုံပြောင်းပြီး
နိုင်ငံတော်အာဏာနဲ့  အမျိုးသားဓနဥစ္စာကို ဆက်လက်ဆုပ်ကိုင်ရယူထားတာဟာ
“အမျိုးသားအကျိုးစီးပွားကို ကာကွယ်တာလား” “စစ်အာဏာရှင်စနစ် (အာဏာ)နဲ့ 
စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် (အရင်း/ဥစ္စာဓန)များကို ကာကွယ်တာလား”။
၂၀၀၈ ဖွဲ့ စည်းပုံဆိုတာဟာ စစ်အာဏာနဲ့  (၁၉၆၂/၂၀၁၄) ၅၂ နှစ်တိုင်တိုင်
လုယက်သိမ်းပိုက်ထားတဲ့ ဥစ္စာဓနကို ကာကွယ်သွားဖို့  ကြံကြံရွယ်ရွယ်ရေးဆွဲ
ထားတဲ့ ဖွဲ့ စည်းပုံသာဖြစ်ပါတယ်။

(၁) စစ်တပ်ဆိုတာ “စ”ပေါ်လာကတည်းက အကြမ်းဖက် ယန္တရားသာ
ဖြစ်ပါတယ်။ ခေတ်ပြောင်းလာလို့ ယူနီဖောင်းပြောင်းတာသာဖြစ်ပါတယ်။
၁၉၇၄ ခုနှစ်ယူနီဖောင်း။ အခု ၂၀၀၈ ယူနီဖောင်းပေါ့။
(၂) ဗမာပြည်စစ်တပ်ရဲ့  သန္ဓေနဲ့ ဗီဇက ဂျပန်ဖက်ဆစ်များနဲ့  အင်္ဂလိပ်နယ်ချဲ့ 
စနစ်က ပံ့ပိုးထူထောင်ပေးခဲ့တဲ့စစ်တပ်ပါ။ ကွန်မြူနစ်ဆန့် ကျင်ရေး၊
လူမျိုးစုဆန့် ကျင်ရေး၊ လူထုဆန့် ကျင်ရေးစစ်တပ်ပါ။ (၁၉၄၈/၂၀၁၄)။
စစ်အာဏာရှင်စနစ်ကျင့်သုံးတဲ့စစ်တပ်ပါ။ (၁၉၆၂/၂၀၁၄)။ အမျိုးသားဥစ္စာဓနကို
၁၉၅၈ ကနေ ကနေ့ အထိ ပုံစံမျိုးစုံနဲ့ လုယက်ထားတဲ့စစ်တပ်ပါ။
ဒီလိုစစ်တပ်ထံက ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဒီမိုကရေစီရမယ်လို့ 
မျှော်လင့်ထားတာဟာ Hallucination အမြင်မှောက်မှားတာ ဖြစ်ရင်ဖြစ်
(ဒါမှမဟုတ်) နိုင်ငံရေး ထုံအတာမှတစ်ပါး အခြားဖြစ်စရာမရှိပါဘူး။
ဒါဟာ ဗမာပြည်ဖြစ်တယ်ဆိုတာ မေ့သွားကြလို့ မဖြစ်ပါဘူး။

အောင်သာ (ပီသုံးလုံး)

(News Watch ဂျာနယ် အတွဲ ၈ အမှတ် ၃၅ မှ ထုတ်နုတ်ဖော်ပြပါသည်)


Inga kommentarer:

Skicka en kommentar