မြန်မာနိုင်ငံရှိ လေကြာင်းလိုင်းများမှ လေယာဉ်များ ရိုးရာအတိုင်း နတ်ပြနေရ ဟု ဆို

ပြည်သူ့အာဏာ
ရန်ကုန်၊ ဇန်န၀ါရီ ၃၁
မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများ လုံခြုံစိတ်ချရမှုမရှိခြင်း၊ မတော်တဆ ဖြစ်မှုများ များပြားလာခြင်းတို့ကြောင့် လေယာဉ် နတ်ပြရသည့် ထုံးစံတစ်ရပ် ပေါ်ပေါက်လာကြောင်း သိရသည်။ မကြာသေးခင်ကပင် အဲယားပုဂံလေယာဉ်များ မီးလောင်ခြင်း၊ အဲယားပုဂံလေယာဉ်များ မတော်တဆဖြစ်ခြင်း စသည်တို့အရ အဲယားပုဂံလေကြောင်းလိုင်းသည် ကမ္ဘာ့အန္တရာယ်အများဆုံး၊ စိတ်မချရဆုံး လေကြောင်းလိုင်းများစာရင်းတွင် ထိပ်ပိုင်းမှ ပါဝင်လာခဲ့သည်။ လေကြောင်းလိုင်းအသစ်များ အပြိုင်အဆိုင် ဖွင့်လှစ်လျက်ရှိသော်လည်း ခရီးသည်များ လုံခြုံစိတ်ချရမှုအတွက် မြေပြင်လေကြောင်းစစ်ဆေးရေး ပညာရှင်များ တိုးမြှင့်ငှားရမ်း အသုံးပြုလာခဲ့ကြသလို တစ်ဘက်တွင်လည်း ရိုးရား အစဉ်အလာ၊ ယုံကြည်မှုတို့အရ လေယာသ်နတ်ပြခြင်းများလည်း ပြုလုပ်လာခဲ့သည်။ အေရှားဝင်းလေကြောင်းလိုင်းသို့ အသစ်ရောက်ရှိလာခဲ့သော ATR 72-500 XY-AJQ လေယာဉ်အသစ် ရန်ကုန်လေဆိပ်သို့ ယနေ့ ဆိုက်ရောက်လာပြီးနောက် လေယာဉ်အား နတ်ပြခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ "မော်တော်ကားတွေ အသစ် ၀ယ်စီးရင် နတ်ပြရတာတို့ ညောင်ပင်ဦးတိုက်ရတာတို့ ကြားဖူးတယ် မဟုတ်လား။ ဒီလိုပါပဲ လေယာဉ်တစ်စီး အသစ်ရောက်လာရင် ဘေးကင်းလုံခြုံဖို့၊ မတော်တဆ ဆိုတာမျိုးတွေ မဖြစ်စေဖို့ အုန်းပွဲ ငှက်ပျောပွဲနဲ့ နတ်ပြတာ နတ်တင်တာပေါ့ဗျာ။ ထုံးစံသဘောမျိုး ဖြစ်နေပါပြီ။ အဓိကကတော့ ကျွန်တော်တို့ မြန်မာတွေရဲ့ ယုံကြည်မှုပေါ့ဗျာ" ဟု အေရှားဝင်းလေကြောင်းလိုင်းမှ မြေပြင်လုပ်ငန်းတာဝန်ရှိသူ တစ်ဦးက ရှင်းလင်းပြောကြားသည်။ လေယာဉ်များ သက်တမ်းကြာမြင့်နေခြင်းကြောင့် စက်ချို့ယွင်းမှုများ ဖြစ်ပွားခဲ့ လျှင် ခရီးသည်များအတွက် မတွေးဝံ့စရာ ဖြစ်သလို လေကြောင်းလိုင်းနာမည် ပျက် သိက္ခာကျစေမည် ဖြစ်၍ ဘေးကင်းလုံခြုံရေးသည် အထူးပင် အရေးကြီးကြောင်း၊ အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့မှလည်း လေကြောင်းလိုင်းများ ဘေးကင်းလုံခြုံရေးအတွက် စံချိန်စံညွှန်းများ သတ်မှတ်ထားပြီး ယင်းသတ်မှတ်ချက်များအတိုင်း အတိအကျ လိုက်နာရန် လိုအပ်ကြောင်း သိရှိရသည်။
မန်းရတနာပုံ လေယာဉ်သစ် ATR 72-600 ရန်ကုန်လေဆိပ်ရောက်ရှိ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ခွင့်ပြုမိန့်ထုတ်ပေးခဲ့သော မန်းရတနာပုံ လေကြောင်းလိုင်းသစ်၌ စတင်ပြေးဆွဲမည့် ပထမဆုံးလေယာဉ်သစ်မှာ ဇန်န၀ါရီလ ၃၁ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပြီဖြစ်သည်။
မန်းရတနာပုံလေကြောင်းလိုင်းသစ်အနေဖြင့် ပြည်တွင်းခရီးစဉ်များဖြစ်သည့် ရန်ကုန်၊မန္တလေး၊ညောင်ဦး၊ ဟဲဟိုး၊ကျိုင်းတုံ၊ တာချီလိတ်နှင့်မြစ်ကြီးနားမြို့များသို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စတင်၍ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပျံသန်းပြေးဆွဲမည်ဖြစ်သလို နောက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို အခြေပြု၍ ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလေကြောင်းလိုင်းမှာ ပြင်သစ်နိုင်ငံ Avions de Transport Regional ကုမ္ပဏီထုတ် ခရီးသည် ၇၀ ဦးဆံ့ ATR 72-600 လေယာဉ်နှစ်စီးဝယ်ယူထားကြောင်း သိရပြီး ယခုရောက်ရှိလာသည်မှာ ပထမလေယာဉ်ဖြစ်ပြီး ကန်ဒေါ်လာ ၁၈ သန်းတန် MSN 1127(XY-AJO) ဟု သိရသည်။
“မန္တလေးမြို့ဆိုတာက ပို့ဆောင်ရေးဆုံချက်လို ဖြစ်နေတဲ့အပြင် မန္တလေးမြို့ကိုဖွံ့ဖြိုးအောင် လုပ်နေကြတဲ့အချိန်မှာ ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်းတစ်ခုအနေနဲ့ ပါဝင်ချင်လို့ပါ။ လက်ရှိအချိန်ကတော့ ရန်ကုန်ကနေ စဆွဲမှာပါ”ဟု မန်းရတနာ လေကြောင်းလိုင်းမှ CEO ဦးကျော်မျိုးက ပြောသည်။
မန်းရတနာလေကြောင်းလိုင်းအနေဖြင့် လက်ရှိအချိန်မှာ စတင်ပြင်ဆင်နေချိန်ဖြစ်ပြီး မြေနေရာ ငှားရမ်းမှုလုပ်ငန်းများ၊ လိုအပ်သည့် အဆောက်အဦးဆောက်လုပ်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စင်းလုံးငှား လေယာဉ်ပြေးဆွဲနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
ဝယ်ယူထားသည့် ဒုတိယမြောက်လေယာဉ်မှာ မတ်လတတိယအပတ်အတွင်းရောက်ရှိမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းစပြီး တတိယနှစ်အတွင်း Air A 320 လေယာဉ်ဖြင့် ပြည်တွင်းပြည်ပခရီးစဉ်များ ပြေးဆွဲသွားမည်ဟုလည်း အဆိုပါ လေကြောင်းလိုင်းမှ သိရသည်။
မြန်မာခရိုနီကယ်

Inga kommentarer:
Skicka en kommentar