အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 1 februari 2014

ရှင်လျှက်နှင့် သေဆုံးနေသော လူသေကြီးများ

ရှင်လျှက်နှင့် သေဆုံးနေသော လူသေကြီးများ



အခုတလော ဟော့ဖြစ်နေသည့် ပြည်ထောင်စု ဝန်ကြီးတဦးမှ
ရိုင်းစိုင်းကြမ်းတမ်းသော နှုတ်ထွက်စကားများကို ၎င်းအား
ရွေးချယ်မဲပေးထားကုန်သော လူထုပရိသတ်ရှေ့မှောက်တွင်
ဒေါမာန်ပါပါ ကြိမ်းမောင်းပုံကို အရှင်လတ်လတ် တွေ့မြင်ရပြီး
သကာလ အတွေးတခုကို မျှဝေချင်မိသည်။ ဤနေရာ၌
အံ့ဩစရာတစ်ခုကလည်း ပုံစံဝင်၍ အကြောက်တရား
လွှမ်းမိုးလျှက် ရှိနေကြသေးသော ကျေးလက်နေ ရွာသား
တစ်ချို့ဖြစ်သည်။ တစ်ဖက်မှ မိမိတို့ကို ဆူပူကြိမ်းမောင်းနေ
လျှက်ကပင် "ဟုတ်ကဲ့ပါ အဘ ၊ ကျေးဇူးတင်ပါတယ် အဘ"
ဟူ၍ တစ်ဘတည်း ဘနေကြဆဲပင်။ နေမျိုးဇင် လို ပုဂ္ဂိုလ်မျိုး
များစွာလိုအပ်လျှက် ရှိနေသေးသည်။ ထိုနေရာ၌ နေမျိုးဇင် သာ
ရှိနေခဲ့ပါက ချက်ချင်း တုံ့ပြန် ပြောဆိုမိမည် ဟု အတွေးဝင်မိသည်။
၎င်းကဲ့သို့သော ဝန်ကြီး အတော်များများပင် ပြည်သူလူထုကြီးက
မိမိတို့ကို ရွေးချယ်(မဲခိုး) ထားသည်ကို မေ့လျော့သွားကြကာ
လူထုကို အထင်အမြင်သေးစွာဖြင့် အကြိမ်ကြိမ် စော်ကား
လူပါးဝလျှက် မင်းဘဏ်ဏာကို ကိုယ့်ဥစ္စာ မှတ်ယူလျှက်
စည်းစိမ်နှင့်အာဏာ ယစ်မူးလျှက် ရှိကြလေကုံသတည်း။

ဥပမာ.........

- နွားနို့သိန်းစိန်
- အပြောရွှေမန်း
- အလစ်သုတ်ခင်အောင်မြင့် (ဗိုလ်ချုပ်လက်ရေးမူ)
- ဒီပဲယင်းအောင်သောင်း
- မိကျောင်းမျက်ရည်ကျော်ဆန်း
- လမ်းတခြမ်းခင်းအောင်သိန်းလင်း
- လျှပ်စစ်ပိုလျှံဇော်မင်း
- ဖယောင်းတိုင်ကိုကိုလှိုင်
- တရုတ်ကြောက်အောင်မင်း
- အာလူးစိုးသိန်း
- ပြီတီတီခင်ရီ
- တနပ်စားမြင့်လှိုင်
- ဘူးလက်လှဆွေ
- ဆန်ရှင်သိန်းဌေး
- အရှုံးခံမြင့်ဆွေ
- မြေမပိုင်ဝင်းမြင့်
- နယ်လှည့်ပါးရိုက်အုန်းမြင့်

၎င်းတို့သည်ကား ရှင်လျှက်နှင့် သေဆုံးနေသော လူသေကြီးများ
ဖြစ်မှန်းမသိ ဖြစ်လာကြလေပြီ။ ပထမဦးစွာ ၎င်းတို့၏ အမည်
သေဆုံးသွားကြလေပြီ။ ပြီးနောက် အာဏာ သေဆုံးပေလိမ့်မည်။
ဥပမာ ဥပမေယ များစွာ ရှိခဲ့ဘူးပါသည်။ ပြီးခဲ့သော ဆယ်စုနှစ်များ
က နာမည်ကျော် ထင်ပေါ်ခဲ့သော အတွင်းရေးမှူး (၁) ဆိုပါကလည်း
နာမည်သေဆုံးသွားပြီးနောက် စာနယ်ဇင်း သမားတစ်ချို့က
လောကဇာတ်ခုံပေါ်သို့ မည်သို့ပြန်လည် ဆွဲတင်စေကာမူ လူထု၏
ယုံကြည်ကိုးစားမှုနှင့် ထောက်ခံအားပေးမှု မရရှိနိုင်တော့ပါ။
၎င်းသည်ကား ရှင်လျှက်နှင့် သေဆုံးနေသော လူသေတစ်ဦးပင်
ဖြစ်တော့သည်။ သံဝေဂရဖွယ် ဆင်ခြင်ဖွယ်ရာများပါတကား။
အထက်ပါစာရင်းဝင် ဝန်ကြီး ဝန်လေး တို့သည်လည်း နောက်တစ်ခါ
ရွေးကောက်ပွဲတွင် အနိုင်ရအုံးမည်ဆိုပါက
(ရှင်လျှက်နှင့် သေဆုံးနေသော လူသေကြီးများကို မဲပေးသော လူထုမှာကား)
အတော်နုံချာသော ၊အမှတ်မရှိသော၊ မေ့ပျောက်လွယ်သော၊
ညံ့ဖျင်းသော လူထုအဖြစ် ဂင်းနစ်မှတ်တမ်း ဝင်လိမ့်မည် ဟူ၍သာ
ဆိုချင်ပါတော့သည်။

(စာဆိုတဦး)


Inga kommentarer:

Skicka en kommentar