အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 1 januari 2014

ဘုရင့်နောင်တွင် ရုပ်ရှင်ဆန်ဆန် ဆိုင်ကယ်လုယက်မှု

ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက် ကျောက်ဖျာလမ်းတွင် ယမန်နေ့ညနေ(33း0)မီနစ်တွင် ဆိုင်ကယ်  လုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
   
     ဖြစ်စဉ်မှာ  ကော့သောင်းမြို့ အဏ၀ါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ တွင်ဆိုင်ကယ်ကယ်ရီမောင်း စားနေသော ကိုအရှည်ကြီးဆိုသူထံသို့လူတစ်ယောက် ရုပ်ရည်သန့်သန့် ရခိုင်လူမျိုးတစ်ဦး ရောက်ရှိလာပြီး ကျွန်တော်ဆိုင်ကယ်ပါကင်တစ်စီး လောက်လိုချင်တယ် ခင်ဗျားသိနိုင်မလားလို့မေးရာ ကိုအရှည်ကြီးက တစ်ဆင့် စကားနဲ့ ဘုရင့်နောင်ရပ်ကွက် ကျောက်ဖျာလမ်း အများအခေါ်(သုံးထပ်အိမ်)တွင်နေထိုင်သော ကိုထွန်းဇော်ဦး ဆိုင်ကယ်ရောင်းနေကြောင်းကြားသိရသဖြင့်  အရောင်း/အ၀ယ်ဖြစ်ရင်လည်း သူ့အတွက်  ဘတ်တစ်ရာကျန်ကျန် နှစ်ရာကျန်ကျန် မဆိုးဘူးဆိုပြီး ခေါ်လာခဲ့တယ် ။ထိုမှတစ်ဆင့် ထိုသူရောက်ရှိသည့် မနက်ပိုင်းတွင် ဆိုင်ကယ်မှာ နောက်ဘီးပေါက်နေသည့်အတွက် ထိုသူမှ ဆိုင်ကယ်ကိုကြည့်ရှုရုံ ဘီးဖာရုံသာ ဖာပြီး ကိုထွန်းဇော်ဦး၏အဆိုအရ ထိုသူမှ ဓါတ်ဆီမရှိသဖြင့် သူ့၏ပိုက်ဆံဖြင့် ဓါတ်ဆီနှစ်ထောင်ဖိုးရင်းခဲ့ပြီး ကျွန်တော်ညနေမှပြန်လာမယ် ဟုပြောဆိုကာထွက်သွားခဲ့ပြီး ညနေသုံးနာရီကျော်ကျော်တွင် ကျောက်ဖျာလမ်းနေအိမ်သို့တစ်ခေါက်ပြန်ရောက်လာပြီးဆိုင်ကယ် တစ်ချက်ကြည့်အုံးမည်ဟုဆိုကာ ဆိုင်ကယ်ကို အိမ်ထဲမှ အိမ်ပြင်သို့ ယူထုတ်ပေးလိုက်ရာ စက်နိုးကြည့် မည်ဆိုပြီး အများရှေ့တွင် ဒရကြမ်းမောင်းနှင်ထွက်ပြေးသွားရာ လိုက်လံစုံစမ်းသော်လည်းယခုထိစုံစမ်း လို့မရသေးကြောင်းကြားသိရပါသည်၊ဆိုင်ကယ်မှာ 2013 ဒရင်းဝေ့အိုက်ဝမ်းတူးဖိုက်ဖြစ်ပါကြောင်း၊ ကိုထွန်းဇော်ဦးနှင့် သူ့အစ်ကိုဆိုသူ လူကြီးမင်းဖုန်းဆိုင်မှလူနှင့်ယမန်နေ့ညခြောက်နာရီလောက်တွင် မြိတ်သို့ ထိုသူသွားနိုင်သည်အထင်ဖြင့် လိုက်လံစုံစမ်းကြောင်းကြားသိရပါသည်၊
    မြန်မာပြည်တွင် ထိုသို့သော ပြစ်မှုများ မကြာမကြာဖြစ်ပွားနေကြောင်းကြားသိရပါသည်၊

                                                           မြူနှင်း(အေးရိပ်ငြိမ်)


Inga kommentarer:

Skicka en kommentar