အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 30 december 2013

မဒမ်လျူယန်ဒေါင် နှင့် ဦးသန်းရွှေတို့ နေပြည်တော်၌ လျှို့ဝှက်တွေ့ဆုံခဲ့

မဒမ်လျူယန်ဒေါင် နှင့် ဦးသန်းရွှေတို့ နေပြည်တော်၌ လျှို့ဝှက်တွေ့ဆုံခဲ့



Hawdeka Khalaylay
၂၀၁၃ ဒီဇင်ဘာ ဒုတိယပတ်က တရုတ်ဒုဝန်ကြီးချုပ် မဒမ်လျူယန်ဒေါင် နှင့် ဦးသန်းရွှေတို့ နေပြည်တော်၌ လျှို့ဝှက်တွေ့ဆုံခဲ့
(နေပြည်တော်လျှို့ဝှက်သတင်း)

၂၀၁၃ ဒီဇင်ဘာ ဒုတိယပတ်က တရုတ်ဒုဝန်ကြီးချုပ် မဒမ်လျူယန်ဒေါင် နှင့် ဦးသန်းရွှေတို့ နေပြည်တော်၌ လျှို့ဝှက်တွေ့ဆုံခဲ့သည်ဟု နေပြည်တော်သတင်းရပ်ဝန်းမှ လျှို့ဝှက်သတင်းအဖြစ်ပေးပို့ခြင်းဖြစ်သည် ၊

တွေ့ဆုံရာတွင် ဧည့်သည်တော် မဒမ်လျူယန်ဒေါင်မှ ဦးစွာ ဦးသန်းရွှေ သို့ ဂါရဝပြုစကားပြောကြားခဲ့ပါသည် ၊

အဆွေတော် မြန်မာနိုင်ငံ၏ခေါင်းဆောင်ကြီး ဦးသန်းရွှေ ကို ယခုလို ကျန်းကျန်းမာမာ နှင့် တွေ့ရသည့်အတွက် လွန်စွာမှ ဝမ်းမြောက်မိပါကြောင်း ၊ အဆွေတော် ခေါင်းဆောင်ကြီး ဦးသန်းရွှေ၏ ထူးချွန်ပြောင်မြောက်သော လုပ်ရပ်ဖြစ်သည့် ကျောက်ဖြူကူမင်း

ပိုက်လိုင်းတည်ဆောက်နိုင်ခဲ့မှုနှင့်ပတ်သတ်၍ ကျွန်ုပ်တို့ သမ္မတကြီး ရှီကျင်းပင်မှ အထူးပင် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း ၊ အဆွေတော်ကြီးဆက်လက်ခွင့်ပြုထားသော ကျောက်ဖြူကူမင်း ရထားလမ်းနှင့် ကားလမ်း စီမံကိန်းကိုလည်း

အမြန်တည်ဆောက်မည်ဖြစ်ကြောင်း ၊ မြစ်ဆုံဆည်တည်ဆောက်မှုကိုလည်း မကြာမီပြန်လည်ခွင့်ပြုမည်ဟု သိရသည့် အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း ၊ လက်ပံတောင်းတောင် နှင့် မြွေတောင်ဖားတောင် စီမံကိန်းများကိုလည်း ဆက်လက်လုပ်ကိုင်မည်

ဖြစ်ပါကြောင်း နှုတ်ခွန်းဆက်ပြောကြားပါသည် ၊

ဦးသန်းရွှေမှ အဆွေတော် လာရောက်လည်ပတ်သည့် အတွက် ဝမ်းသာပါကြောင်း ၊ မြန်မာလူမျိုးများအတွက် မြန်မာလူမျိုးတို့၏ စရိုက်လက္ခဏာကို သိသူသာလျှင် ခေါင်းဆောင်ဖြစ်သင့်ကြောင်း ၊ ကျွန်ုပ်ကို မြန်မာခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားသဖြင့်

ကျေးဇူးတင်ရှိပါကြောင်း ၊ မိတ်ဆွေကောင်း ပီသစွာ ဆက်လက် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း ၊ ကချင်မြောက်ပိုင်းဒေသမှ ယူရေနီယမ် နှင့် ရှားပါးသတ္တတူးဖော်ခြင်း လုပ်ငန်းကို အမြန်စတင်အကောင်အထည်ဖော်လိုပါကြောင်း ၊ ၂၀၁၄ သန်းခေါင်စာရင်း

စီမံကိန်းတွင် မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်လိုသူ အဆွေတော်တို့ထံမှ နိုင်ငံသားများကို စိတ်ချရသည့် အနေအထားဖြစ်အောင် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ၊ ၂၀၁၅ အလွန်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးအတွက်

အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အဆွေတော်တို့ဘက်မှလည်း ယခင်နည်းတူ လိုအပ်လျှင် ဗီတိုအာဏာနှင့် ကာကွယ်ပေးရမည်ဖြစ်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအတွက်သာမက အဆွေတော်တို့ တရုတ်နိုင်ငံ အတွက်ပါ အန္တရယ်ရှိသူ

အဖြစ် သတ်မှတ်ရမှာဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ကစားကွက်များကို စိတ်ရှည်ရှည်နှင့် စောင့်ကြည့်စေလိုကြောင်း ၊ လက်နက်ကိုင်တပ်ဖွဲများ၏ ဦးစီချုပ်မှာ ယနေ့တိုင် မိမိပင်ဖြစ်ကြောင်း ၊ ကောလဟာလများကို မယုံစေလိုကြောင်း ၊ အမေရိကန်ကို

မချစ်သော်လည်း အောင့်ကာနမ်း ဗျူဟာဖြစ် ဆက်ဆံသွားမည်ဖြစ်ကြောင်း ၊ မြောက်ကိုးရီးယားနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ခြင်းမပြုဟု ဂတိပေးနိုင်ကြောင်း ၊ လိုအပ်ပါက ကိုကိုကျွန်းကို အမေရိကန်သို့ ခေတ္တငှားရမ်းအသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း ၊
အဆွေတော်တို့ထံမှ စစ်လက်နက်ပစ္စည်းများဆက်လက်ဝယ်ယူသွားမည်ဖြစ်ကြောင်း ပြန်လှန်ပြောဆိုခဲ့သည် ၊

ထို့နောက် ဦးသန်းရွှေနှင့် တရုတ်အစိုးရ အဆင့်မြင့် အရာရှိများအကြား တိုက်ရိုက်ဖုန်းခေါ်ဆက်သွယ်နိုင်သည့် သီခြားဆက်သွယ်ရေးလမ်းကြောင်းများအကြောင်း ဆက်လက်ပြောဆိုကြပါသည် ၊

(နေပြည်တော်မှ ပေးပို့လာသော လျှို့ဝှက်သတင်းဖြစ်သည်)


Inga kommentarer:

Skicka en kommentar