အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 6 december 2013

သမီးရေချိုးတာကို ဖုန်းနဲ့ ဗီဒီယိုခိုးရိုက်တဲ့ ပထွေး



စင်္ကာပူနိုင်ငံတွင် အသက်(၁၁)နှစ်အရွယ် မယားပါသမီး ရေချိုးနေတာကို လက်ကိုင်ဖုန်းနဲ့ မှတ်တမ်းတင် ခိုးရိုက်ကူးထားခဲ့ကာ ထိုဖုန်းမှတဆင့် thumbdrive ထဲကို အသက်(၃၄)နှစ်အရွယ် ပထွေးတော်စပ်သူ ထိုအမျိုးသားက download လုပ်ခဲ့ပါတယ်။

တနေ့တွင် ၎င်း၏ဇနီးဖြစ်သူ (မိန်းကလေး၏မိခင်)က အကြောင်းကြောင်းဖြင့် ထို  thumbdrive ကို ဖွင့်ကြည့်မိရာမှ ထိုထဲမှာရှိနေသည့် သမီးဖြစ်သူ၏ ရေချိုးခန်းမှတ်တမ်းကို တအံ့တသြ မြင်လိုက်ရ သည့်အတွက် တတ်သိနားလည်သူနှင့် တိုင်ပင်ဆွေးနွေးပြီး ထိုသူ၏ အကြံပေးချက်အတိုင်း ယင်း အဖြစ်ကို ရဲတိုင်ခဲ့တာဖြစ်ကြောင်း သိရသည်။


၂၀၁၀ခုနှစ်အောက်တိုဘာလကကျူးလွန်ခဲ့သောထိုပြစ်မှုအတွက်ပထွေးဖြစ်သူအား ထောင်သုံးလကျခံစေရန် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

                                                                                   မြူ နှင်း(အေးရိပ်ငြိမ်) 

Inga kommentarer:

Skicka en kommentar