Tin Ko Ko မှ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးသို့ ပေးစာ
ဓာတ်ခွဲခန်းထဲမှ စမ်းသပ်ခံ ကြွက်စုတ်မှ အစမ်းသပ်ခံ ပညာရေးစနစ်ကြောင့် နစ်နာခဲ့ရသော နိုင်ငံရတနာများ၏ ကိုယ်စားဝန်ကြီးသို့  ပေးစာတစ်စောင်ရေး
ပို့ လိုက်ပါတယ်။
အရင်က ဒီလိုစာမျိုး မရေးဖူးတာကြောင့် မရည်ရွယ်ပဲ အမှားများပါသွားပါက ရည်မှန်းချက်ပျောက်ပြီး ဘ၀ဆုံးနေပြီဟု ကိုယ့်ကိုယ်ကို ထင်မြင်နေတဲ့ ကျွန်တော် ကြွက်စုတ်ကို ခွင့်လွတ်စေလိုပါတယ်။
ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံမှ နိုင်ငံသားတစ်ယောက်ရဲ့  ရသင့်တဲ့ အခွင့်အရေးအရ နိုင်ငံသားပီပီ သိပ္ပံနှင့်နည်းပညာဝန်ကြီးငှာန လက်အောက်ရှိ ပညာရေးစနစ်မှာ တွေ့ ကြုံနေရတဲ့ ပွင့်လင်းမြင်သာမှုအရှိဆုံး အခက်အခဲများနဲ့ နစ်နာခဲ့မှုများကို ၀န်ကြီးသိစေရန် ရေးသားပေးပို့ လိုက်ပါတယ်။
ဝန်ကြီးခင်ဗျား...
ကျွန်တော်က ၂၀၀၈ ခုနှစ်ကစပြီး သန်လျင်နည်းပညာ တက္ကသိုလ်မှာ မြို့ ပြ အင်ဂျင်နီယာ အထူးပြု ဘာသာရပ်နဲ့ ပညာသင်ကြားခဲ့ရသူ ဖြစ်ပါတယ်။၂၀၀၈ခုနှစ် ပထမနှစ်တစ်နှစ်ထဲမှာပဲ မြို့ ပြအင်ဂျင်နီယာအထူးပြုကျောင်းသာ
တစ်ထောင်ကျော်ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် အောင်စာရင်းမှာ BE ၀င်ခွင့်ကို လူနှစ်ရာကျော်ပဲ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပညာသင်ခဲ့တဲ့ ကာလတစ်လျှောက်မှာ လက်ရှိဝန်ကြီးအပါအ၀င် ၀န်ကြီး သုံးယောက်ပြောင်းခဲ့ပါတယ်။
ဝန်ကြီးခင်ဗျား...
ကျွန်တော်အစက ပြောခဲ့တဲ့ ကျောင်းသား၊ကျောင်းသူတစ်ထောင်ကေ
အသိုင်းအ၀န်းမှာ လူတစ်ရာမှာ ၈၀ လောက်က ငပျင်းတွေလို့ ဆိုရာရောက်ပါတယ်။ ဒီလိုငပျင်းတွေသာ များခဲ့ရင် မြန်မာနိုင်ငံဆိုတာ အခုထက်ထိရှိနိုင်ပါဦးမလား။
ဝန်ကြီးခင်ဗျား...
ကျွန်တော် ပထမနှစ်ကျောင်းသားဘ၀တုန်းက အခက်အခဲတချို့ ကို တင်ပြလိုပါတယ်။အခန်းတွင်း ထိုင်ခုံလုံလောက်မှု မရှိခြင်း၊ဆရာ၊ဆရာမတွေရဲ့  စာရှင်းပြတဲ့အသံဟာ ကျောင်းသားတွေများပြားလွန်းလို့  တစ်ခန်းလုံးကြားအောင် မလွမ်းမိုးနိုင်ပါဘူး။
နောက်ပြီး နိုင်ငံတကာမှာလို စာသင်ချိန်မှာ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးခွင့် သိပ်မရခဲ့ပါဘူး။အဆိုးဆုံးကတော့ လူနှစ်ရာမှာ ဖတ်စာအုပ် ကိုင်နိုင်တာ လူနှစ်ဆယ်လောက်ပဲရှိပါတယ်။ကျောင
မဟုတ်ပါဘူး။စာအုပ်ကိုကျောင်းတွေ
ဒီနေ့ ထိ ဖတ်စာအုပ်မလုံလောက်တဲ့ ပြဿနာဟာ နည်းပညာတက္ကသိုလ်တွေမှာ ရင်ဆိုင်နေရဆဲပါ။
ဆရာ၊ဆရာမတွေဘက်က ကြည့် ပြန်ရင်လည်း အရမ်းကို ပင်ပန်းလှပါတယ်။
ပထမနှစ်တုန်းက မြေတိုင်းဘာသာရပ်ကို သင်တဲ့ဆရာမဆို ကျောင်းသားပေါင်း တစ်ထောင်ကျော်(စာသင်ခန်း ၅ ခန်း) ကို သူတစ်ယောက်တည်းပဲ မရပ်မနားသင်ပေးခဲ့ရတာပါ။
အခြားဆရာ၊ဆရာမတွေကလည်း တစ်ခန်းလုံးကြားအောင် သင်ပေးနေရတာကြောင့်
အသံတွေဝင်တဲ့အထိ ဒုက္ခရောက်ကြပါတယ်။
ကိုယ်ချင်းလည်း စာမိပါတယ်။
နောက်ပိုင်း ပါချုပ်ရဲ့ စီမံမှုနဲ့ စပီကာများ၊ထိုင်ခုံများ လုံလောက်လာပေမယ့် ဖတ်စာအုပ်မလုံလောက်တဲ့ ပြဿနာကတော့ မပြေလည်ခဲ့ပါဘူး။
အရင်ကပညာကို အပတ်တကုပ်သင်ယူမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တဲ့
ကျောင်းသားအများစုကလည်း စာသင်ခန်းတွေကို ကျောခိုင်းသွားခဲ့ကြပါတယ်။
Roll Call ခေါ်ခါနီးမှသာ အတန်းလာတက်ကြပါတော့တယ်။
ဝန်ကြီးခင်ဗျား...
သိပ္ပံနှင့်နည်းပညာဝန်ကြီးငှာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်များနဲ့ ကောလိပ်များမှာ ဆရာအင်အား၊ကျောင်းသုံး ပရိဘောဂ၊ဖတ်စာအုပ်တွေ လုံလောက်မှုမရှိတာကို မနှစ်က ကျွန်တော်ကျောင်းမှ ထွက်လာခဲ့သည်အထိ မျက်ဝါးထင်ထင် တွေ့ မြင်ခဲ့ရပါတယ်။
လက်တွေ့ နှင့် သင်ထောက်ကူပစ္စည်းများဆို ပိုလို့ တောင် မပြည့် စုံပါ။နှစ်ဆုံးတော့ ဖတ်စာအုပ်တွေ မထုတ်ပေးနိုင်တော့သဖြင့် အတန်းပိုင်ဆီမှစာအုပ်ဖိုးငွေတွေ
နှစ်သာကုန်သွားတယ်။ဖတ်စာအုပ်မရတ
ဝန်ကြီးခင်ဗျား...
ကျွန်တော်တို့  2008 enrolled ကျောင်းသားအများစုဟာ sample 30 အလွတ်ကျက်စနစ်နဲ့ အသားကျခဲ့သူတွေပါ။
sample 30 ဆိုတာကလည်း အရင်နှစ်နောင်တော်တွေကို စမ်းသပ်ခဲ့တဲ့ ပညာရေးစနစ်တစ်ခုပါ။
ပထမနှစ်ထဲက ဆရာ၊ဆရာမတွေက "sample မကိုင်နဲ့ ဥာဏ်စမ်းမေးမှာ ဒီနှစ်လွယ်မှာ မဟုတ်ဘူး"ဆိုတဲ့ စကားလုံးတွေနဲ့ ဆုံးမခဲ့ပါတယ်။ဒါပေမယ့် သူတို့ ဆုံးမတဲ့အတိုင်း လက်တွေ့ မှာ မဖြစ်လာပါဘူး။စာမေးပွဲမှာ
အရင်နှစ်တွေကအတိုင်း sample 30 ထဲကပဲဆက်မေးခဲ့ပါတယ်။
ပထမနှစ်လည်း sample 30 နောက်ဒုတိယနှစ်၊တတိယနှစ်တွေ လည်း sample 30 ထဲကပဲမေးလာခဲ့တော့ ကျောင်းသားအများစုက ပေါ့ပေါ့လေး တွေးခဲ့ကြပါတယ်။
2012 ခုနှစ်မှာ အလားတူ ဆိုဆုံးမမှုတွေကြားခဲ့ရတာပါပဲ..
ဝန်ကြီးခင်ဗျား...
2012ခုနှစ် B Tech ကျောင်းသားအများစုဟာ First Semeter Grade တွေမထွက်ခင်ကတည်းထဲကစာကို သေချာကြိုးစားသင်ယူခဲ့ကြပါတယ်။
ကျွန်တော့်လို ဘာမှနားမလည်လို့  အလွတ်ကျက်ဖြေတဲ့သူတောင် အတန်းမှန်မှန်တတ်ပြီး စာကို သေချာကြိုးစားခဲ့တာပါ။
ဒါပေမယ့် အဲ့ဒီ့နှစ်က မေးသွားတဲ့ မေးခွန်းတွေကလည်း တချို့ ဆို ဆရာတွေတောင် မမြင်ဖူး၊မသင်ဖူးတဲ့မေးခွန်းတွေ
အခုထိ အဲ့ဒီ့ မေးခွန်းတွေကို စိတ်နာလွန်းလို့ သိမ်းထားဆဲပါ။
ဝန်ကြီး လေ့လာချင်ရင် scan ဖတ်ပြီး ပို့ ပေးပါ့မယ်။ပညာရေးစနစ်ပြောင်းပြ
အဲ့ဒီအောင်စာရင်းထွက်တဲ့နေ့ ဟာ ကျောင်းသားမိဘအများစုနဲ့ နိုင်ငံ့အနာဂတ်တွေရဲ့  စိတ်ဓာတ်ကို အညွန့် ချိုးခံလိုက်ရတဲ့နေ့ လို့ တောင် တင်စားပြီးပြောလို့ ရပါတယ်။
ဝန်ကြီးခင်ဗျား...
2012မှာ BE မ၀င်ခဲ့ရလို့  ကျွန်တော်ဝမ်းမနည်းခဲ့ပါဘူး။မြန
ဒါပေမယ့် 10.11.2013 အောင်စာရင်းမှာ အရင်ပုံစံအတိုင်း မေးခွန်းတွေကို Sample
Question ထဲကအများစုမေးပြီး အောင်စာရင်းမှာလည်း ဘန်းစကားအရ ဆွမ်းကြီးလောင်းသလို BE ပါသူတွေ အရမ်းကို များပြားခဲ့ပါတယ်။
ဝန်ကြီးခင်ဗျား...
2012 မှာ BE မပါခဲ့တဲ့ကျောင်းသားတွေဟာ အခုဆို ရည်မှန်းချက်ပျောက်သလို ခံစားနေရပါပြီ။မနှစ်က စာမေးပွဲကျခဲ့တဲ့ မိမိတို့ ရဲ့ သူငယ်ချင်းများဟာ မိမိတို့ လောက်တောင် မတော်ပဲ ယခုနှစ်မှာ လွယ်လွယ်ကူကူ BE ပါသွားတာ
ဘယ်လောက်တောင်
ခံစားရမလဲ။ စိတ်ပို
2011 ခုနှစ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းမရှိပါ။
2013 မှာလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းမရှိပါ။
ဘာကြောင့် 2012 လိုကြားနှစ်ထဲမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့တာပါလဲ။
2012 BTech Second Year ကျောင်းသားတွေထဲမှာ တိုင်းပြည် အတွက် အမှိုက်တွေများ ပါနေလို့ အဲ့ဒီ့လို လုပ်ရပ်မျိုး လုပ်ခဲ့တာလားဆိုတာ ဝေခွဲလို့ မရပါဘူး။
2012 ခုနှစ်တစ်နှစ်တည်းကိုပဲ တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့တာဟာ နိုင်ငံ့ အနာဂတ်တွေရဲ့  ဘ၀တချို့ ကို ရိုက်ချိုးပစ်လိုက်သလိုပါပဲ။201
ပေးလိုက်သလားဆိုပြီး မတွေးကောင်းတဲ့ အတွေးမျိုးတွေလည်း တွေးမိပါတယ်။
ဝန်ကြီးခင်ဗျား...
2012ခုနှစ်မှာ ပညာရေးပြောင်းလဲမှုတွေလုပ်ပြီး မဟန်မှန်းသိလို့  2013 မှာ ပညာရေးစနစ်ကို အရင်အတိုင်းပြန်သွားမယ်ဆိုရင် 2012ခုနှစ်တုန်းက နစ်နာသွားခဲ့ရတဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့  ဘ၀ကို သားသမီးချင်း ကိုယ်ချင်းစာပြီးအခွင့်အရေး ပြန်ပေးသင့်ပါတယ်။အခွင့်အရေးဆို
BE ၀င်ခွင့်စာမေးပွဲကို ပြန်ကျင်းပပေးစေချင်တာပါ။
ဝန်ကြီးခင်ဗျား...
ဝင်ခွင့်စာမေးပွဲကိုလည်း နစ်နာခဲ့ရတဲ့ ကျောင်းသားတွေက အယုံအကြည်ကင်းမဲ့လာပါပြီ။
အယုံအကြည်ကင်းမဲ့ရတဲ့ အကြောင်းရင်းတွေက နီးကပ်မှ ၀င်ခွင့်စာမေးပွဲ ရှိကြောင်းသိရခြင်း၊၀င်ခွင့်စာေ
ဝန်ကြီးခင်ဗျား...
ဝင်ခွင့်စာမေးပွဲတွေ ပြန်လည်ကျင်းပရာမှာ ကျောင်းသူ၊ကျောင်းသားတွေ စာပြန်လေ့လာလို့ ရအောင်အချိန်ကိုကြိုတင်ပြီး ကြေညာပေးသင့်ပါတယ်။နီးကပ်မှ
ကြေညာတာမျိုး မဖြစ်သင့်ပါ။စေတနာပါတဲ့ ၀င်ခွင့်စာမေးပွဲကိုသာလိုလားပါတ
ဝန်ကြီးခင်ဗျား...
ဝန်ကြီးလေ့လာလို့ ရအောင် ကျွန်တော်2012ခုနှစ်မှာ BE ၀င်ခွင့်မရခဲ့တဲ့ ကျောင်းသား၊ကျောင်းသူများရဲ့  ရင်ဖွင့်စကားသံများနဲ့  အခြားနှစ်များမှ နစ်နာခဲ့ရသူတွေရဲ့ ရင်ဖွင့်စကားသံတွေကိုစုစည်းတင်
စာရှည်နေမှာစိုးလို့  ကောင်းနိုးရာ ရင်ဖွင့်စကားသံ တချို့ ကို သာ တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။အျ
ညီမက တောင်ကြီးTU ကနေ မနှစ်က BE ပြုတ်ထားတာပါ...
Civil Major ပါ...ညီမတို့ နှစ်က အများ ပြောကြသလိုပဲ အစမ်းသပ်ခံတွေပါ...သူတို့ တွေလုပ်ချင်သလို လုပ်ပြီးရင် အခွင့်အရေးလေးတစ်ခါလောက်တော့ ရပိုင်ခွင့် ညီမတို့ အားလုံးမှာ
ရှိသင့်ပါတယ်...
Entrance က ၄နှစ်မှာ တစ်ကြိမ်ရှိတယ်လို့ ကြားပါတယ်..
လက်ရှိ နည်းပညာ ၀န်ကြီးမှာသာ သားသမီးချင်းကိုယ်ချင်းစာစိတ်ရှ
Entrance ဆိုတာကလည်း အားလုံးပြောသလို လုပ်ဇာတ်ကြီးပါ..အမှန်အကန်ဖြေခိ
(တောင်ကြီး TU မှ ကျောင်းသူတစ်ဦး)
ညီမက တောင်ကြီးနည်းပညာတက္ကသိုလ် ကနေ ပြီးခဲ့တဲ့ နှစ်က B-Tech နဲ့ ကျောင်းပြီးခဲ့တာပါ...ညီမပြောချ
လုပ်ကြတယ်...ပြီးခဲ့တဲ့ နှစ်မှာ တကယ်အရည်အချင်း ရှိတဲ့ သူတွေပဲ ခေါ်မယ်ဆိုပြီး ဆရာတွေတောင် မမြင်ဖူးတဲ့ မေးခွန်းတွေမေးခဲ့တယ်...
အထူးသဖြင့် ညီမတို CIVILMAJORကိုပါ...
ညီမတို့ အနေနဲ ဒီတစ်နှစ်သာအရင်နှစ်လို
မေးခွန်းတွေမေးပြီးအရင်နှစ်လိုသ
အခုကျတော့ ညီမတို့ အပေါ်တစ်နှစ်ကိုလည်း မလုပ်...ခုအောက်တစ်နှစ်ကိုလည်း မလုပ်ဘဲနဲ့ ညီမတို့ နှစ်မှာမှ အဲ့လို လုပ်တာဟာ လုံးဝကို တရားနည်းလမ်း မကျပါဘူးရှင်.....ဒါကြောင့်မို့
အတွက် second chance ဆိုတာ ရှိကိုရှိရမှာပါ....
BE ပြုတ်တာ ညီမတို့ အပြစ်မပါဘူးလားလို့ မေးရင် ပါပါတယ်....ဒါပေမယ့် သူတို့က သိပ်ကိုရက်စက်လွန်းပါတယ်ရှင်...
(နန်းလွင်ဝေထွန်း)
(၁) ကျောင်းတစ်ဝတ်တစ်ပျက်နဲ့ နစ်နာခဲ့ကြရတဲ့ A.G.T.I ၊ B-Tech ဘွဲ့သမားတွေအတွက် အင်ဂျင်နီယာ တစ်ယောက်ဖြစ်စေရန် မတင်းကြပ်သောဝင်ခွင့်စာမေးပွဲပြ
(လမ်းတစ်ဝက်နဲ့ ခံစားနေကြသူတွေအများကြီးပါ၊ အခွင့်အရေးပေးသင့်ပါတယ်။)
(၂) အမြဲမပြတ် သင်ယူလေ့လာမှုပြုနိုင်ရန် ညနေပိုင်း / အချိန်ပိုင်း Diploma သင်တန်းများ မေဂျာအလိုက် ဖွင့်လှစ်ပေးရန်....
(အင်ဂျင်နီယာတစ်ယောက်ဟာ အမြဲသင်ယူနေဖို့ နှင့် မြင့်တင်နေစေဖို့လိုပါတယ်။)
(၃) ကျောင်းပြီးစ ကျောင်းသားများကို အလုပ်ခွင်ဝင်စတွင် အဆင်ပြေစေရန်
သပနမှ အလုပ်သမားဝန်ကြီးဖြစ်ဖြစ်/ စက်မှုဝန်ကြီးဖြစ်ဖြစ် Job Taring လစာမဲ့ သင်ကြားခွင့်ရစေရန် နှင့် လုပ်သက်ရင့် အင်ဂျင်နီယာများမှ လက်တွဲခေါ်စေရန်....
(ဆေးကျောင်းများမှာ House Sergin ဆင်းစေပြီး အလုပ်အကြောင်းကောင်း
ကောင်းသိစေရန်နှင့် ဆရာဝန်အချင်းချင်း ဖေးမကူညီလေ့ရှိကြပါတယ်။)
အင်ဂျင်နီယာလောကမှာတော့ ဘာ Standard Code မှ မရှိသည့် အလုပ်မှာလည်း အောက်ခြေနေ့စား အလုပ်သမားကစကာအထင်သေးပြီး အချင်းချင်းဖေးမ လက်တွဲခေါ်မှုလည်း အရမ်းအားနည်းပါတယ်။
ဒါ့ထက်ဆိုးဝါးစွာခံစားနေရတဲ့ အင်ဂျင်နီယာလောက အကြောင်းကတော့ အများကြီးပါ။BE မရပဲ ယုံကြည်ချက် ပျက်နေပြီး ခံစားနေရတဲ့ သူတွေလည်း အများကြီးပါ။
2001 ခုနှစ်တုန်းကပါ။ကျောင်းသားတော်ေ
အဲ့ဒီတုန်းက ကျသွားတဲ့သူတွေရဲ့  မိဘတွေအတွက်အရမ်းစိတ်မကောင်းဖြစ
လို့ ပါ ။ကျွန်တော်တို့ နှစ်က YTU နဲ့ MTU ပေါင်းရင် ကျောင်းသား ၄၀,၅၀လောက်ရှိမယ်ထင်ပါတယ် ။ ရပ်ပစ်လိုက်ရတာပါ ။
အခုကျောင်းသားတွေကိုအဲဒီလိုစာမေ
Def ကိုထိုင်ခွင့် မရလိုက်ပါဘူး၊ Englishစာ ဆက်တိုက်ကျတာ ၂ ခါပြည် သွားလို့ ပါတဲ့ ။
(2001 ခုနှစ်တွင် Thesis လုပ်ခဲ့ရသော
YTU Bio Tech Major မှ ကျောင်းသားတစ်ဦး)
သူငယ်ချင်းတချို 10.11.2013 နေ့ ကအောင်စာရင်းကိုကြည့် ပြီး ပိုပြီးခံစားသွားရတယ်ကြားတော့ ငါလည်း ထပ်တူထပ်မျှစိတ်မကောင်းပါဘူး...
သူငယ်ချင်းတွေအတွက်ပေါ့....အစမ်
ငါကတော့ သူတို့ ကိုသူရဲကောင်းလို့ သတ်မှတ်တယ်.........
ဒီချိန်မှာ သက်ဆိုင်သူတွေကို အပြစ်ပြောလည်း ဘာမှ အကျိုးမရှိပါဘူး။
ငါပြောချင်တာက တိုင်းပြည်အတွက် ပေးဆပ်လိုက်ရတယ်လို့ သဘောထားပါကွာ...
ငါကတော့ တိုင်းပြည်ကို ကူညီနိုင်တဲ့ဘက်က ကူညီလိုက်ရတယ်လို့ ပဲ သဘောထားပါတယ်.
ငါတို့ ပေးဆပ်ခဲ့တာနဲ့ တန်အောင်
မြန်မာ့ပညာရေး အဖြေမှန်ကိုရှာတွေ့ ပါစေ.............
နောက်မျိုးဆက်သစ်တွေ ....ဓာတ်ခွဲခန်းထဲက ကြွက်လို
စမ်းသပ်ခံရခြင်းမှ ကင်းဝေနိုင်ကြပါစေလို့ ...............
ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်ကွာ..........
(သန်လျင် TU မှ Civil Major ကျောင်းသား တစ်ဦး)
ကျွန်တော်က RIT ညကျောင်းတက်ဖူးးတယ။် BUILDING နဲ့  အရမ်းကို ကြီးကျယ်ခမ်းနားသော RITယာယီကျောင်းသားဘဝကိုဖြတ်ကျော
ပေါင်းကူးကိစ္စတွေပြဿနာတက်တော့ လူ့ သဘာဝအရ GTC ပထမဆုံး
အစမ်းသပ်ခံလမ်းကြောင်းထဲပြောင်း
DIFFERENCE ဘာတဲ့လဲ ။
သင်ရိုးညွှန်းတမ်းမရှိ ထွက်လာတဲ့စာအုပ်တွေမှာတွက်နည်းက
လူဦးရေ၁၀၀ကျော်ကို ပြဌာန်းစာအုပ် ၃၀ ပဲဝယ်တော့ ကဲ ကျုပ်တို
အဆောင်နေကျောင်းသား စားဖို့ ဆိုနောက်ထား ။
ဒိုင်ပင်ထိုးပြေးတိုးပြီး ဝယ်ခဲ့ရတဲ့ ပညာရေးပေါ့။ဆရာနဲ့ အယူအဆ ကွဲလွဲပိုင်ခွင့်မရှိတဲ့ ပညာရေး ။ငါနားမလည်ရင်အမှတ်မပေးနိုင်ဘူး
ဘာတဲ့လဲဗျာ ကျုပ်မိဘတွေကဝန်ထမ်းတွေ ဘယ်လိုလုပ်
ကျုပ် လန်းနေနိုင်မှာလ။ဲ ငါ့ကျုရှင်မတတ်ငါ့တပည့်မဟုတ်ဘူး
ကျုပ်လူးခဲ့ရတာပေါ့။ B Tech ပေါင်းကူးကျုပ်မပါခဲ့ဘူး။
ကိုယ်ညံ့လို့ မပါတာ ဘာမှမပြောလိုဘူး။
အမှတ်စရင်းက ၆ လကြာမှထုတ်လို့ ရတာ။
ရလာတော့ကျုပ်အဆင့်က Roll 28 ။
ဌာနမှူးကိုမေးတော့ အသနားခံစာတင်ရမယ်တဲ့။
ကျုပ်မှားနေလို့ ကတော့ သွားပေါ်အောင်ပြုံးပြုံလေးနေပြမယ
ဒါပေမယ့်ဒီကိစ္စ ကျုပ်မှားခဲ့သလားဗျာ။
ကျုပ်အန်ထုပ်ချင်ခဲ့တာပေါ့။
ကျုပ်မိဘကဝန်ထမ်း။
ကိုယ်ဖြစ်ကိုယ်ခံ ဆိုလိုကတော့ ကျုပ်ကတော့ လာထားအာဘွားပဲ။
ပဒေသရာဇ် စနစ်အရ ကိုယ်ဖြစ်ကိုမိဘတော့မခံစေလိုဘူး
ရင်ပိုပြီးနာစေတာကကျုပ် မလေးရှားကိုသွားတော့ ကျုပ်ပညာရေးကိုဒင်းတို့ $ဂရုမစိုက်ဘူး မင်းဘာလက်မှတ်ပဲကိုင်ကိုင်
ဒီလစာ ကြိုက်ရင်လုပ်တဲ့။
ဘာခံစားမိလဲ မိဘကကိုယ့် သားသမီးအောက်မကျအောင်အငတ်ခံသင်ေ
အေး နောက်ဆုံးကျ@#$% ပဲကွာမပြောရရုံပါပဲ။
ကျောင်းဆင်းကာစကလေးတွေမေးကြည့်။
ဘာမှမသိ SELF STUDY နဲ့ မယူတတ်လို
ကတော့ပိုရာသာကပ် ဝန်ထမ်းလုပ်ကြပေတော့။
ကျုပ်ပြောချင်တာတွေများနေသေးတယ်
PHONE နဲ့ ဆိုတော့စိတ်သွားသလောက်မလိုက်နိ
ကိုတင်ကိုကိုရေ စိတ်ဝင်စားရင်တော့ ကျေးဇူးပါ ။
အနောက်အယှက်လို့ ထင်ရင်တော့ I REALLY OPPOLOGIZE TO U.
THX 4 READ MY FEEL.
(ဖြိုးဝေကျော် ... RIT ကျောင်းသားဟောင်းတစ်ဦး)
ဒါလူတစ်ယောက်ချင်းစီရဲ့ ဘ၀တွေပါ။ ကလေးကစားစရာတွေ မဟုတ်ပါဘူး။
(2012 တွင် BE မပါခဲ့သော သန်လျင် TU မှ ကျောင်းသားတစ်ဦး)
ဝန်ကြီးခင်ဗျား...
အခုပညာရေးစမ်းသပ်မှုကြီးကို ရပ်သင့်ပါပြီ။
အလွယ်စနစ်နဲ့ အသားကျနေတဲ့ ကျောင်းသားများကို ကျောင်းပြီးခါနီး(BE) ရခါနီးမှစနစ်သစ်နဲ့ စမ်းသပ်မယ်ဆိုရင် ကျောင်းသားတွေရဲ့ ဘ၀တွေလည်းဆုံး၊တိုင်းပြည်အတွက်
ပထမနှစ်ထဲက အဆင်မပြေတဲ့ပညာရေးကို နောက်ဆုံးနှစ်မရောက်ခင်မှာ ရုတ်တရတ် ပြောင်းလဲလိုက်ရင် ပိုလို့ တောင်အဆင် မပြေပါဘူး။
ဥပမာပေးရရင် ABCD လောက်ပဲ ရေးတတ်တဲ့ကလေးကို Essay သွားရေးခိုင်းသလို ဖြစ်နေပါတယ်။
စာမေးပွဲမှာတော့အင်္ဂလိပ်လိုဝါကျတ
ဖြောင့်အောင်ရေးတတ်တဲ့ ကလေးက ပိုသာသွားတာကလွဲလို့  ဘာမှ မထူးခြားသွားပါဘူး။
အမှန်တကယ်မြှင့်တင်ဖို့ လိုအပ်နေတဲ့ ပညာရေးက စာတွေ့ ပိုင်းမဟုတ်ပါဘူး။
လက်တွေ့ ပိုင်းကို မြှင့်တင်ရမှာပါ။
ဒါကိုတော့ အကျယ်ချဲ့ ပြီးမတင်ပြတော့ပါဘူး။
အခုခေတ်အင်ဂျင်နီယာကျောင်းဆင်းေ
အထင်သေးနေတာ မြင်သာလွန်းတဲ့ ကိစ္စပါ။
ဝန်ကြီးခင်ဗျား...
ပညာရေးစနစ်သစ်ဟာ သစ်လွင်ပြီးတက်ကြွနေတဲ့ ပထမနှစ်ကျောင်းသားတွေနဲ့ ပဲ သင့်လျော်ပါတယ်။
ဒါပေမယ့် နောက်မျိုးဆက်သစ်ကျောင်းသားလေးေ
နောက်တစ်မျိုးစမ်းသပ်လိုက်မလုပ်
ကျွန်တော်တို့ အပါအ၀င် ခေတ်အဆက်ဆက် နောင်တော်ကြီးများရဲ့ မျက်ရည်တွေ၊ မိဘတွေရဲ့ မျော်လင့်ချက်တွေ ရိုက်ချိုးခံရပြီး စမ်းသပ်ခံခဲ့ရတဲ့ ပညာရေးစနစ်တွေကို ကျွန်တော်တို လက်ထက်မှာပဲ အဆုံးသတ်လိုက်ပါတော့။နောက်မျိုး
ကျွန်တော်တို့ ဟာလူတွေပါ။ ဓာတ်ခွဲခန်းထဲက စမ်းသပ်ခံကြွက်တွေ မဟုတ်ပါဘူး။အခုချိန်မှာ အရင်ဝန်ကြီးလက်ချက်၊အခုဝန်ကြီး လက်ချက်ဆိုပြီး လက်ညှိုးထိုးရမယ့် အချိန်မဟုတ်ပါဘူး။နစ်နာခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ဘ၀ကို စာနာသုံးသပ်ပြီး အခွင့်အရေးတစ်ကြိမ်လောက်တော့ ပေးသင့်ပါတယ်။
တိုးတက်ဖွံ့ ဖြိုးတဲ့နိုင်ငံတော်သစ်ကို အင်ဂျင်နီယာ စွမ်းအားနဲ့  တစ်ဖက်တစ်လမ်းကအကျိုးပြုဖို့ ကျွန်တော်တို့ တွေအားလုံးဝန်ကြီးရဲ့ 
ဆုံးဖြတ်ချက်ကိုမျှော်လင့်ချက်ြ
ဂရုဏာတရားကြီးမားပြီးမှန်ကန်စွာ
နိုင်ငံအ၀ှမ်းမှာရှိတဲနစ်နာခဲ့ရ
မျှော်လင့်ချက်ကြီးမားစွာ စောင့်မျှော်နေကြောင်း
လေးစားစွာတင်ပြအပ်ပါတယ်။
ရိုသေလေးစားစွာဖြင့်
Tin Ko Ko
(ဓာတ်ခွဲခန်းထဲမှ အစမ်းသပ်ခံကြွက်စုတ်တစ်ကောင်)
(မျိုးမင်းထွန်း)
Inga kommentarer:
Skicka en kommentar