အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 18 november 2013

လူ​မျိုး​ဘာ​သာ ​မ​ခွဲ​ခြား​ဘဲ ​လူ​သား​ချင်း ​စာ​နာ​မှု ​အ​ကူ​အ​ညီ​တွေ​ကို ​အ​စိုး​ရ​က​တ​ဆင့် ​ပေး​သွား​မယ်​လို့ ​အို​အိုင်​စီ​က ​ကြေ​ညာ​ထား


OIC အေ​ပီ​သ​တင်း​ဌာ​န​မှာ​တော့ ​အို​အိုင်​စီ​အ​တွင်း​ရေး​မှူး​ချုပ်​ဟာ ​ရ​ခိုင်​ပြည်​နယ်​ခ​ရီး​စ​ဉ်​မှာ  ​ခံ​စား​ချက်​ကြောင့် ​မျက်​ရည်​ကျ​မိ​တဲ့ ​အ​ကြောင်း​  ​ရေး​သား​ထား​ပါ​တယ်                                                                             ရ​ခိုင်​ပြည်​နယ်​က ​အ​ဓိ​က​ရုဏ်း​ကြောင့် ​အိုး​အိမ်​စွန့်​ခွာ ​ထွက်​ပြေး​ခဲ့​ရ​သူ​တွေ​အ​တွက် ​လူ​မျိုး ​ဘာ​သာ ​မ​ခွဲ​ခြား​ဘဲ ​လူ​သား​ချင်း ​စာ​နာ​မှု​နဲ့ ​ပြန်​လည်​ထူ​ထောင်​ရေး ​အ​ကူ​အ​ညီ​တွေ​ကို ​မြန်​မာ ​အ​စိုး​ရ​က​တ​ဆင့် ​ပေး​သွား​မယ်​လို့ ​အ​စ္စ​လာမ်​မစ် ​ပူး​ပေါင်း​ဆောင်​ရွက်​ရေး​အ​ဖွဲ့ (​အို​အိုင်​စီ)​က ​ပြော​ပါ​တယ်။
ရ​ခိုင်​ပြည်​နယ် ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့ ​တည်​ငြိမ်​အေး​ချမ်း​ရေး ​အ​ကောင်​ထည်​ဖော် ​ဆောင်​ရွက်​ရေး ​ဗ​ဟို​ကော်​မ​တီ​နဲ့ ​အို​အိုင်​စီ​တို့ ​ပူး​တွဲ​ထုတ်​ပြန်​ချက်​မှာ  ​လူ​မျိုး​ဘာ​သာ ​မ​ခွဲ​ခြား​ဘဲ ​လူ​သား​ချင်း ​စာ​နာ​မှု ​အ​ကူ​အ​ညီ​တွေ​ကို ​အ​စိုး​ရ​က​တ​ဆင့် ​ပေး​သွား​မယ်​လို့ ​အို​အိုင်​စီ​က ​ကြေ​ညာ​ထား​တာ ​ဖြစ်​ပါ​တယ်။
အို​အိုင်​စီ ​အ​တွင်း​ရေး​မှူး​ချုပ်​နဲ့ ​အ​ဖွဲ့​၀င်​နိုင်​ငံ​က ​နိုင်​ငံ​ခြား​ရေး​၀န်​ကြီး​တွေ ​ပါဝင်​တဲ့ ​ကိုယ်​စား​လှယ်​အ​ဖွဲ့​ရဲ့ ၄ ​ရက်​တာ ​မြန်​မာ​ခ​ရီး​စ​ဉ်​အ​ပြီး ​အောက်​တို​ဘာ ၁၇ ​ရက်​နေ့​မှာ ​ဒီ ​ကြေ​ညာ​ချက် ​ထုတ်​ပြန်​ခဲ့​တာ​လည်း ​ဖြစ်​ပါ​တယ်။
ဒါ့​အ​ပြင် ​အ​ခြေ​ခံ​အ​ခွင့်​အ​ရေး​တွေ​ကို ​တား​မြစ်​ထား​တဲ့ ​ဥ​ပ​ဒေ​တွေ​ကို​လည်း ​ရုပ်​သိမ်း​ပေး​ဖို့​နဲ့ ​ဥ​ပ​ဒေ​တွေ​ကို ​ဆက်​လက် ​ပြု​ပြင်​ပေး​ဖို့​လည်း ​အို​အိုင်​စီ​က ​အ​စိုး​ရ​ကို ​တောင်း​ဆို​ပါ​တယ်။
အို​အိုင်​စီ ​အ​တွင်း​ရေး​မှူး​ချုပ်​က  ​ခ​ရီး​စ​ဉ်​အ​တွင်း ​ရ​ခိုင်​ပြည်​နယ်​က ​ဘ​င်္ဂါ​လီ ​ဒု​က္ခ​သည် ​စ​ခန်း​တွေ​ကို ​သွား​ရောက်​ခဲ့​သ​လို ​ရ​ခိုင်​ဗု​ဒ္ဓ​ဘာ​သာ​တွေ​နဲ့​ရော ​မွတ်​စ​လင် ​အ​သိုင်း​အ၀န်း​နဲ့​ပါ ​တွေ့​ဆုံ​ပြီး ​ငြိမ်း​ချမ်း​စွာ ​သ​ဟ​ဇာ​တ​ရှိ​ရှိ ​အ​တူ​ယှ​ဉ်​တွဲ ​နေ​ထိုင်​နိုင်​ဖို့​အ​တွက် ၂ ​ဖက် ​အ​သိုင်း​အ၀န်း​ကို ​ကူ​ညီ​ဖို့ ​ကြိုး​စား​သွား​မယ်​လို့ ​အာ​မ​ခံ​တဲ့ ​အ​ကြောင်း​လည်း ​ထုတ်​ပြန်​ချက်​မှာ  ​ရေး​သား​ထား​ပါ​တယ်။
သ​မ္မ​တ ​ဦး​သိန်း​စိန်​အ​စိုး​ရ​ရဲ့ ​ခေါင်း​ဆောင်​မှု​အောက်​က ​မြန်​မာ​နိုင်​ငံ​ရဲ့ ​နိုင်​ငံ​ရေး​၊ ​စီး​ပွား​ရေး​နဲ့ ​အုပ်​ချုပ်​ရေး​ဆိုင်​ရာ ​အ​ပြောင်း​အ​လဲ​တွေ​ကို ​အို​အိုင်​စီ​က ​လေ့​လာ​ခွင့် ​ရ​ခဲ့​တယ်​လို့ ​ဆို​ပါ​တယ်။
ပြီး​ခဲ့​တဲ့​သီ​တင်း​ပတ်​အ​တွင်း​က ​မြန်​မာ​နိုင်​ငံ ​ရ​ခိုင်​ပြည်​နယ်၊ ​ရန်​ကုန်​တိုင်း​နဲ့ ​ရှမ်း​ပြည်​နယ်​တွေ​မှာ ​သံ​ဃာ​တော်​တွေ​အ​ပါ​အ၀င် ​လူ​ပေါင်း​  ​ထောင်​နဲ့​ချီ​ပြီး ​အို​အိုင်​စီ​အ​ဖွဲ့​ရဲ့ ​ခ​ရီး​စ​ဉ်​ကို ​ကန့်​ကွက် ​ဆ​န္ဒ​ပြ​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။
ဒီ​ဆ​န္ဒ​ပြ​ပွဲ​တွေ​မှာ ​ဆ​န္ဒ​ပြ​သူ​တွေ ​ကိုင်​ဆောင်​တဲ့ ​ပို​စ​တာ​တွေ​မှာ ​ရေး​သား​ထား​တဲ့ ​စာ​သား​တွေ​ဟာ ​အ​စ္စ​လာမ်​သာ​သ​နာ​တော်​ကို ​ညှိုး​နွမ်း​စေ​သ​လို ၂၀၀၈ ​ဖွဲ့​စည်း​ပုံ​နဲ့ ​သော ​လည်း​ကောင်း ​တည်​ဆဲ​ဥ​ပ​ဒေ​နဲ့​သော ​လည်း​ကောင်း​၊ ​သာ​သ​နာ​ရေး​၀န်​ကြီး​ဌာ​န ​ထုတ်​ပြန်​ချက်​နဲ့​သော ​လည်း​ကောင်း ​မ​ကိုက်​ညီ​တဲ့​အ​တွက် ​အ​ရေး​ယူ​ပေး​ဖို့ ​အ​စ္စ​လာမ် ​ဘာ​သာဝင်​တွေ​က ​သ​မ္မ​တ ​ဦး​သိန်း​စိန်​နဲ့ ​သာ​သ​နာ​ရေး​၀န်​ကြီး​ဌာ​န ​ပြည်​ထောင်​စုဝန်​ကြီး ​ဦး​ဆန်း​ဆင့်​ထံ​ကို ​စာ​ရေး​သား ​ပေး​ပို့ ​တောင်း​ဆို​ခဲ့​ပါ​တယ်။
လူ​အ​များ​စု ​သက်ဝင် ​ယုံ​ကြည်​တဲ့​ဘာ​သာ​ကို ​စော်​ကား​မိ​တယ် ​ဆို​ပါ​က ​အ​ရေး​ယူ ​ဆောင်​ရွက်​ဖို့ ​လို​သ​လို ​အ​နာ​ဂတ်​ကာ​လ​မှာ ​ဒီ​လို ​အ​မှား​မျိုး ​ထပ်​ကျူး​လွန်​တာ​ကို ​တား​ဆီး​ဖို့ ​အ​တွက် ​တောင်း​ဆို​တာ ​ဖြစ်​တယ်​လို့​  ​ဦး​ဆောင် ​တိုင်​ကြား​သူ ​တ​ဦး​ဖြစ်​တဲ့ ​ဦး​အောင်​မျိုး​လွင်​က ​ပြော​ပါ​တယ်။
“​ဒါ​မျိုး​လုပ်​တာ ​မ​ကောင်း​ဘူး​ဆို​တာ​ကို ​မ​ကောင်း​ဘူး​ဆို​တာ ​ဖြစ်​ပေါ်​လာ​ရေး​အ​တွက်​ကို​ပဲ ​အ​စိုး​ရ​က ​အ​ရေး​ယူ ​ဆောင်​ရွက်​ပါ၊ ​အ​ရေး​ယူ​တယ်​ဆို​တာ​က​လည်း ​သူ​တို့​ကို ​ဖမ်း​ချုပ် ​ထောင်​ထဲ​ထည့် ​ဒီ​လို​ပုံ​စံ​ကို ​ဖြစ်​စေ​လို​တဲ့ ​ဆ​န္ဒ​တော့ ​မ​ဟုတ်​ဘူး​၊ ​အ​ရေး​ယူ​ပြီး ​ဆောင်​ရွက်​တယ်​ဆို​တာ​က​လည်း ​ဒါ​မျိုး ​နောက်​မ​ဖြစ်​အောင် ​ဘယ်​လို ​တား​မ​လဲ၊ ​ရဲ​တပ်​ဖွဲ့​တွေ​က​လည်း ​ရှိ​နေ​တယ်၊ ​မြင်​နေ​တယ်၊ ​ဒါ​ကို ​အ​ရေး​ယူ​ဆောင်​ရွက်​ဖို့ ​မ​သိ​တာ​လည်း ​ဖြစ်​ကောင်း ​ဖြစ်​လိမ့်​မယ်၊ ​သ​တိ​ပြု​မိ​သွား​တယ်​ဆို​ရင် ​နောင်​ဆို​ရင် ​ဒါ​ကြီး​က ​သူ​များ​ဘာ​သာ ​စော်​ကား​တာ ​မ​လုပ်​ရ​ဘူး​၊ ​ဒါ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​နဲ့​လည်း ​ဆန့်​ကျင်​တယ်၊ ​နည်း​ဥ​ပ​ဒေ​နဲ့​လည်း ​ဆန့်​ကျင်​တယ်၊ ​ဘာ​သာ​ရေး ​လုပ်​ထုံး​လုပ်​နည်း​တွေ​နဲ့​လည်း ​ဆန့်​ကျင်​တယ်၊ ​လူ​ပေါင်း​များ​စွာ ​ကိုး​ကွယ်​တဲ့ ​နှ​လုံး​သား ​ငြို​ငြင်​စေ​တဲ့​အ​ရာ ​မ​လုပ်​ရ​ဘူး​ဆို​တာ​ကို​တော့ ​ကျ​နော်​ထင်​တယ် ​သက်​ဆိုင်​ရာ ​လုံ​ခြုံ​ရေး​အ​ဖွဲ့​အ​စည်း​တွေ​က​လည်း ​သ​တိ​ပြု​မိ​စေ​ရန် ​အ​လို့​ဌာ ​ကျ​နော်​တို့ ​လုပ်​ဖို့ ​တာဝန်​ရှိ​ပါ​တယ်။”
အို​အိုင်​စီ​အ​ဖွဲ့​မှာ  ​အိမ်​နီး​ချင်း ​အိ​န္ဒိ​ယ​နဲ့ ​ဘ​င်္ဂ​လား​ဒေ့​ရှ်​အ​ပါ​အ၀င် ​အာ​ဆီ​ယံ​အ​ဖွဲ့​၀င် ​မ​လေး​ရှာ​နဲ့ ​အင်​ဒို​နီး​ရှား​တို့​အ​ပါ​အ၀င် ​နိုင်​ငံ​ပေါင်း ၅၇ ​နိုင်​ငံ ​ပါဝင်​သ​လို ​ထိုင်း​က ​လေ့​လာ​သူ​အ​ဖြစ်​နဲ့ ​ပါဝင်​နေ​ပါ​တယ်။ ၂၀၁၂ ​ခု​နှစ်​မှာ​လည်း ​တ​ရုတ်​က ​လေ့​လာ​သူ​အ​ဖြစ် ​တောင်း​ဆို​ခဲ့​ပါ​တယ်။

By

                                                                                 မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar