အသိပေးကြေငြာခြင်း
ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊
fredag 15 november 2013
~ မိဘကို ကျွန်တစ်ယောက်လို (အိမ်စေ) လိုအနားမှာ မခစားခိုင်းပါနဲ့ ~~
သားသမီးတွေဟာ မိဘတွေအပေါ်စာနာတတ်တဲ့စိတ်တွေသာရှိခဲ့မယ်ဆိုရင်
မိဘများမှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်စရာ အကြောင်းမရှိပါဘူး ၊ တစ်ခါတလေတချို့ သားသမီးတွေဟာ မိဘကမိမိနားမှာ ကျွန်တစ်ယောက်လို ခံစားနေတာမျိုးနဲ့ နေစေချင်ကြတယ် ။
မောက်မောက်မာမာစကားလုံးတွေနဲ့  ပြောဆိုစော်ကားပြီးမိဘနှစ်ပါးကို ထောက်ပံ့ပေးမှု့ မျိုးဟာ အလွန်ဆိုးဝါးပြီး ပိသာလေးနဲ့ နံဘေးထုသလို မချိတင်ကဲ ခံစားကြရပါတယ် ။
ဒီထောက်ပံ့မှု့ မျိုးဟာအကျိုးမဲ့ရုံတင်မကအကုသိုလ်တရားပါအဆစ်ရနေတာ ဖြစ်တဲ့အတွက်ကြောင့် သာသမီးများ အနေနဲ့  ဆင်ခြင်သင့်ပါတယ် ။
အနေအထိုင်မှားယွင်းတဲ့မိဘများကိုတောင်မှဒီလိုပုံစံမျိုးနဲ့ ပေးကမ်းထောက်ပံ့တာမျိုးကို လုံးဝမလုပ်ကောင်းပါဘူး ၊ မလုပ်ထိုက်ပါဘူး ။
မိမိတို့ကို ဒုက္ခခံပြီး မွေးဖွားပေးခဲ့တဲ့ ကျေးဇူးတရားတွေကို နဖူးပေါ်လက်တင် စဉ်းစားကြပါအုံး ။
ငယ်ရွယ်စဉ်ကမိမိတို့ကို မေတ္တာတရား ကြီးမားစွာဖြင့် နွေးထွေးလုံခြုံအောင် စောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးတရားတွေ များစွာရှိပါတယ် ။
တချို့ သာသမီးတွေကတော့ ပြောကြမှာပေါ့၊မွေးထားရင်ကျွေးထားရမှာပဲလို ၊ ဘာလို့ မွေးထားလည်းဆိုပြီး စောဒကတက် တတ်ကြပါတယ် ။
မိဘတွေကလည်းသားသမီးတွေ မေတာကိုတုံ့ ပြန်ကြစတမ်းဆိုရင် အေးးးးးး
တို့ကလည်းမင်းတို့ကိုကိုယ့်သွေးကိုယ့်သားအနေနဲ့ ဂရုစိုကမှု့  ပြုစုယုယမှု့ တွေမလုပ်ခဲ့ဘဲလမ်းဘေးပစ်ထားခဲ့ရင်မင်းတို့ ရဲ့ ဘဝဘယ်အခြေနေထိရောက်နေကြလိမ့်မယ်ဆိုတာကိုယ့်ဟာကိုယ်စဉ်းစား ကြည့်ကြပါ ။
သားသမီးတစ်ယောက် ကျွေးမွေးပြုစု စောင့်ရှောကရတာဟာ မိခင်ရဲ့ဝမ်းဗိုက်ထဲကိုကလေးရဲ့ မစင် ကြက်ဥတစ်လုံးစာလောက် ရောက်ကြရတယ်လို့  မိခင်များကပြောပြတတ်ကြပါတယ် ။
ဒါတွေကိုနားမလည် ကျေးဇူးတရားကိုမထောက် မောက်မောက်မာမာ ပြောဆိုပြီးပေးကမ်းထောက်ပံ့ခဲ့တဲ့ ငွေကြေးအနည်းငယ်ကိုမပေးတာထက်စာလျှင်ဒီငွေကိုဆုတ်ပစ်ပြီး မြောင်းထဲမျောလိုက်တာကမှ ငွေဘဲဆုံးမယ် ၊ အကုသိုလ်မကြီးတော့ပါဘူး မိဘတွေခင်ဗျာ ပြန်မပြောသင့်လို့  မပြောရက်လို့  ကိုယ့်သွေးကဖြစ်တဲ့ရင်နစ်သီးခြားမို့ လို့  မိဘကကြိတ်မှိတ်ပြီး နေနေကြတာကို သားသမီးများကနားမလည်
ကြပါ ။
ကိုယ့်ကိုကိုယ်ဟုတ်လှပြီဆိုပြီးနားထင်သွေးငယ်ထိပ်မရောက်လိုက်ကြပါနဲ့  မိဘတွေခင်ဗျာကိုယ့်သားသမီးစိတ်ဆင်းရဲသွားမဲ့စကားမျိုးကို တော်တော်နဲ့ ပြောမထွက်တတ်ကြပါဘူး ။
ကိုယ့်သားသမီးမကောင်းမှန်းသိနေတာတောင်မှသူတို့ကိုစိတ်ဆင်းရဲအောင်မလုပ်ပါဘူး၊မိဘများဟာသားသမီးနဲ့ ပတ်သက်လာရင်ဘယ်လိုအပြစ်ကိုဘဲသူတို့အပေါ်ကျူးလွန်ကျူးလွန် နောက်ဆုံတော့ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ ပဲအဆုံးသတ် ကြေအေးသွားခဲ့ကြပါတယ်...
လူဗိုလ်ဆိုဒ်မှကူးယူဖေါ်ပြပေးသည်
Prenumerera på:
Kommentarer till inlägget (Atom)

Inga kommentarer:
Skicka en kommentar