အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 21 november 2013

နေပြည်တော်မှ ဖမ်းဆီးရေး စီမံချက် ရှိသောကြာင့် မြိတ်မြို့ပေါ်ရှိ လောင်းကစားဒိုင်များနှင့် ကေတီဗွီ မာဆတ်များ ယာယီ ရပ်နား

နေပြည်တော်မှာ စစ်ဆေးရေး အဖွဲ့ လာရောက်မည် ဖြစ်သောကြောင့် တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် လာရောက်သည့် အချိန်တွင်ပင် ရပ်နားခြင်း မရှိသည့် မြိတ်မြို့ပေါ်ရှိ တစ်လုံး၊ နှစ်လုံး ၊ သုံးလုံး လောင်းကစား ဒိုင်များသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့ မနက်ပိုင်းမှ စတင်ပြီး ယခင် ပေါ်ပေါ်တင်တင် ဒိုင်ဖွင့်ပြီး ရောင်းနေရာမှ ခိုးကြောင်ခိုးဝှက် ရောင်းချ နေကြောင်း သိရှိရသည်။ 


ကျွန်တော်တို့မှ ဒီနေ့ (၅) ရက်နေ့ မနက်ပိုင်းက အမှတ် (၄) နယ်မြေ ရဲကင်းမှူးရဲ့ တပည့်တွေက လာပြောတာပါ။ ဒီနေ့နဲ့ နောက်တစ်နေ့ ညနေပိုင်းအထိ လက်ရှိ လုပ်နေတဲ့ ဘောလုံးပွဲ ဒိုင်တွေကို             ပြောင်ပြောင် တင်းတင်း မရောင်းချဖို့နဲ့ သူတို့ ပြန်လည် ဖွင့်လှစ်ခိုင်းတဲ့ အချိန်ကျမှ ဖွင့်လှစ်ဖို့ လာပြောတာပါ ။ ကျွန်တော်တို့ ဒီလို ဖွင့်လှစ်နိုင်အောင်လည် မြိတ်မြို့ပေါ်မှာ ရှိတဲ့ အဖွဲ့ (၈) ဖွဲ့ကို အပတ်စဉ် ၊ လစဉ် ဆက်ကြေး ပေးနေရပါတယ် ဟု မြိတ်တောင်ရပ်ကွက် မီးစက် လမ်းဆုံရှိ ဘောလုံးပွဲ လောင်းကစား ဒိုင် ဖွင့်လှစ်ထားသူ တစ်ဦးမှ ပြောကြားသည်။ 

အလားတူပင် မြိတ်မြို့ပေါ်တွင် ယခင်က ညလုံးပေါက် ဖွင့်လှစ်လျက်ရှိသည့် အဝေးပြေးကားဂိတ်ရှိ ကေတီဗွီ ဆိုင်ခန်း (၃၀) ခန့်၊ မြိတ်တောင်ကျေးရွာ စက်မှုဇုန် မင်းဇာနည် ၊ ထူးထူးတိုး ကုမ္ပဏီ အနီး တစ်ဝိုက်တွင် ဖွင့်လှစ် ထားရှိသည့် ဆိုင်ခန်း (၄၀) ခန့်၊ နှင့် ကန်ဖျားနယ်မြေ အတွင်း ဖွင့်လှစ်ထားသည့် ဆိုင်ခန်း (၅) ခန်း ခန့်မှာ ယခင်က ညလုံးပေါက် ဖွင့်လှစ်ထားသော်လည်း အောက်တိုဘာလ (၅) ရက်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ကြိုတင် အသိပေးမှုများကြောင့် ည (၁၁) နာရီ ထိုးတွင် အဆိုပါ ဆိုင်များတွင် သီချင်းဆိုခြင်း ၊ ထိုင်နေခြင်းများပင် ဆောင်ရွက်ခြင်း မရှိပဲ လာရောက်သည့် ဧည့်သည်များကိုပင် (၁၁) နာရီထိုးတွင် ပြန်လည် နှင်ထုတ်ရခြင်းများ ရှိခဲ့ကြောင်း အဆိုပါ ကေတီဗွီ များသို့ သွားရောက်လေ့ ရှိသူတစ်ဦးမှ ပြောပြသည်။ 

အရင်ကတော့ (၁၁) ထိုးအထိ သီချင်းမဆိုချင်ရင်နေ၊ ကောင်မလေးတွေနဲ့ ထိုင်ပြီးတော့ စကားပြောလို့ရတယ်၊ ဒိနေ့ကတော့ မရဘူး ၊ နေပြည်တော် စီမံချက် ရှိလို့ (၁၁) နာရီထို ဆိုင် အပြီးပိတ်ရမယ်လို့ အမှတ်(၁) နယ်မြေ ရဲကင်းက လာပြောထားတယ် ဒါကြောင့် ဆိုင်ပိတ်တော့မယ် ၊ ဘောက်ချာရှင်းမယ်လို့ စားပွဲထိုးက လာပြောတယ်ဟု မြိတ်မြို့ပေါ်တွင် နာမည်ကြီးသည့် မြိတ်ဟိုတယ်အနီး ကွမ်ရင် မယ်တော် ကျောင်းလမ်းရှိ             မြတ်နိုးမေ ကေတီဗွီနှင့် မာဆတ် တွဲဖက် ဖွင့်ထားသည့် ဆိုင်သို့ သွားရောက်ခဲ့သူ တစ်ဦးက ပြောကြားသည်။ 

မြိတ်မြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များ အတွင်းတွင် ကေတီဗီ၊ စင်တင် များ ဆိုင်ပေါင်း (၈၀) ကျော်ခန့် ရှိပြီး အထူး သဖြင့် ကလွင်ကျေးရွာအုပ်စု အဝေးပြေးဂိတ်၊ မြိတ်တောင် ကျေးရွာ အုပ်စု ၊ ရေပုန်း ရပ်ကွက်များတွင် တည်ရှိပြီး အရက်ဆိုင်များမှာလည်း အဆိုပါ ရပ်ကွက်များတွင် အပေါများဆုံးဖြစ်သည်။ 

အဆိုပါ နေပြည်တော်မှ စီမံချက်ဖြင့်        ကေတီဗီ၊ မာဆတ်၊ အရက်ဆိုင်များ၊ တစ်လုံး နှစ်လုံး၊ သုံးလုံး ဒိုင်များ ဖမ်းဆီးမည် သတင်းကြောင့် မြိတ်မြို့   ပြည်သူလူထုများ ၀မ်းသာလျက် ရှိပြီး ၄င်းတို့ကို အကာအကွယ် ပေးလျက်ရှိသည့် အဖွဲ့များ၏ အန္တရာယ်ကို အကာအကွယ် ပေးမည် ဆိုပါက အတိအကျ သတင်းပေးမည်                                             ဖြစ်ကြောင်း မြိတ်မြို့ ဒေသခံ ပြည်သူလူထုများက ပြောဆိုလျက် ရှိကြသည်။ 
 
                   မြိတ်ပုလဲမြေမှကူးယူဖေါ်ပြပေးသည်။
                                                                မြူ နှင်း(အေးရိပ်ငြိမ်)


Inga kommentarer:

Skicka en kommentar