ကျွန်မတို့၏ဆိုဒ်သည်
လူမှုရေး၊နိုင်ငံရေး၊ဘာသာရေး၊စီးပွားရေး နှင့် အလွာအသီးသီးမှ တစ်ဦးတစ်ယောက်ဖြစ်စေ အဖွဲ့အစည်းဖြစ်စေ
မျက်နှာ ကြီးငယ်မလိုက်ဘဲ ထင်တာကိုထင်သည့်အတိုင်း မြင်တာကိုမြင်သည့်အတိုင်း ကောင်းရင်ကောင်းသလို
ဆိုးရင်ဆိုးသလို ရသလောက်တင်ပြပေးသွာမည် ဖြစ်ပါသည်၊ ထို့ကြောင့်စာမျက်နှာပေါ်သို့ အတင်ခံရသည့်
လူဒါမှမဟုတ် အဖွဲ့အစည်းအနေဖြင့် မိမိနာမည်အဖွဲ့အစည်းနှင့်တကွ အတင်ခံရပြီဆိုကတည်းက အဘယ်ကဲ့သို့
အတင်ရသနည်း မိမိကိုယ် ကိုပြန်လည်ဆန်းစစ်ဖို့လိုပါကြောင်း၊ ကျွန်မ တို့ ဆိုဒ်သည် အသင်တို့မည်သူမည်ဝါဖြစ်သည်ကို
ဂရုမစိုက်သလို ကျွန်မတို့မည်သူမည်ဝါဖြစ်သည်ကိုသင်တို့သိစရာလိုမည်မထင်ပါ၊ ကျွန်မတို့
ရဲ့ရည်ရွယ်ချက်မှာ လူတိုင်းလူတိုင်း အဖွဲ့စည်းတိုင်း အဖွဲ့စည်းတိုင်းသည် မိမိကျရာနေရာ
တာဝန်ကို လစ်ဟင်းမှု့မရှိစေဘဲ တာဝန်ကျေအောင်ထမ်းဆောင်နိုင်ကြပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့
တည်ထောင်ထားခြင်းသာဖြစ်ပါတယ်၊ မနေ့ တင်ခဲ့သည့်အကြောင်းအ ရာနှင့်ပါတ်သက်ပြီးမေးလ်ပို့ရန်တွေ့လာ
သူများရှိနေပါသည်၊ ကျွန်မတို့ ကို မေးလ်ပို့ရန်တွေ့နေမည့်အစား ကျွန်မတို့မေးလ်ထဲသို့
ဖြေရှင်းစာပေးပို့လာသူရဲ့ မေးလ်ကို နာမည်မပါစေရဘဲ ပြန်လည်တင်ပြပေးသွာပါမည့်အကြောင်းအသိပေးလိုပါတယ်၊
ကျွန်တို့ဆိုဒ်တွင် ရေးသည့်ကလောင်အမည်များမှာ မြူ နှင်း(အေးရိပ်ငြိမ်) ၊ ကော့သောင်းသား
၊ လွမ်းသူ နှင့်သဲဖြူ တို့ဖြစ်ပါတယ် အယ်ဒီတာအမည်မှာ သဲဖြူ ဖြစ်ပါကြောင်း
မေးလ်လိပ်စာမှာ ဖုန်းဖြင့်ကြည့်ရင် မပေါ်နိုင်သောကြောင့်
ထပ်တင်ပြပေးလိုက်ပါတယ်၊ (www.kawthaung@gmail.com)
၎င်းဂျီမေးလ်သို့ဆက်သွယ် ပေးပို့ ဖြေရှင်းနိုင်ပါကြောင်း
ရန်လိုသည့် အကြောင်းအရာများအား တင်ပြပေးသွာမည်မဟုတ်ပါကြောင်း
၊တင်ပြလာသည့်လူများ၏ နာမည်များကိုလည်း အထူးလျို့ဝှက် ပေးထားပါမည့်အကြောင်း၊
ဆိုဒ်ကိုလာလည်သည့်မိတ်ဆွေဟောင်းများကို ကျွန်တို့ ဆိုဒ်
နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သတင်းထူးများကို အတတ်နိုင်ဆုံးရှာဖွေ ဖေါ်ထုတ်ပေးသွားပါမည့်အကြောင်း
ပြောကြားရင်း။
အယ်ဒီတာ----သဲဖြူ
Inga kommentarer:
Skicka en kommentar