ဖြစ်စဉ်မှာ နေပြည်တော် ပျဉ်းမနား၊ အောင်မင်္ဂလာ (၂)လမ်းနေ ပြည့်ဖြိုးအောင်သည် ရည်းစားဖြစ်သူကို သြဂုတ် ၂၇ ရက်က လူကြားထဲ ဆဲဆိုကြိမ်းဝါးကာ နေထိုင်ရာအိမ်သို့ ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားပြီး သားမယားအဖြစ်ပြုကျင့်ကာ အ၀တ်မဲ့ဓာတ်ပုံများကို အလိုမတူဘဲ လက်ပြန်ကြိုးတုပ်ကာ ရိုက်ကူးခဲ့ပြီး ထိုပုံကို ရည်းစား၏ညီမဖြစ်သူထံ ပို့ခဲ့သည်။
ထို့အတွက် ညီမဖြစ်သူက တိုင်တန်းခဲ့ရာ သြဂုတ်လတွင် ပြစ်မှုပုဒ်မ ၃၇၆ (မုဒိမ်းမှု)ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။
အမှုကို ပျဉ်းမနားမြို့မရဲစခန်းမှူးကိုယ်တိုင် စစ်ဆေးပြီး တရားစွဲဆိုတင်ပို့ရာတွင် ပြည့်ဖြိုးအောင်၏ ပြုမူဆောင်ရွက်ချက်သည် ၂၀၀၄ ခုနှစ် အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးအက်ဥပဒေပုဒ်မ ၃၄(ဃ)အရ ပုဂ္ဂိုလ်တစ်ဦးဦး၏ ဂုဏ်သိက္ခာညှိုးနွမ်းကျဆင်းအောင် ကာယကံရှင်၏ အ၀တ်အစားမဲ့ဓာတ်ပုံများအား ထုတ်လွှင့်ခြင်းဖြင့် ပြစ်မှုကျူးလွန်ရာရောက်ကြောင်း သုံးသပ်သဖြင့် အဆိုပါအက်ဥပဒေဖြင့်ပါ ထပ်မံတရားစွဲဆိုသင့်ကြောင်း ဥပဒေအကြံပြုပြန်ကြားခဲ့သည်။
နဂိုမူလအမှုဖွင့်ထားရာ ပြစ်မှုပုဒ်မ ၃၇၆ အပြင် နိုဝင်ဘာ ၁၃ ရက်တွင်၂၀၀၄ ခုနှစ် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးအက်ဥပဒေပုဒ်မ ၃၄(ဃ)ပါ ထပ်မံအမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြပါရှိသည်။
7day Daily

Inga kommentarer:
Skicka en kommentar