အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 23 november 2013

မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိ 11:28 AM တိုင်ကြားစာ

 မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး         အမြန်လိုအပ်လျှက်ရှိ
 (ကျွဲကူးနေ ပြည်သူများ၏ တောင်းဆိုချက်အရ ပြန်လည်ဖေါ်ပြအပ်ပါသည်)
မြိတ်မြို့နယ်၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကျွဲကူးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိကြောင်း ရွာသူ/သားများ ၏ ပြောကြားချက်များအရ သိရှိရပါသည်။
မြိတ်မြို့နှင့် ကိုးမိုင်ခန့်ဝေးကွာသည့် ကျွဲကူးကျေးရွာတွင် ယခုလက်ရှိ ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လျှက် ရှိသော ဒေါ်ဝင်းဝင်းခိုင်သည် ကျွဲကူး ရွာသူ/သားများ တည်ဆောက်ပေး ထားသော ကျန်းမာရေးဆေးခန်းတွင် နေထိုင်ပြီး တာဝန်ထမ်းဆောင် ခဲ့သည်မှာ (၄)နှစ်ခန့်ပင် ရှိခဲ့ပြီဖြစ် သည်။ ဒေါ်ဝင်းဝင်းခိုင်သည် တာဝန် ထမ်းရန် ရောက်ရှိသည့်အချိန်မှစ၍ ယခုအချိန် ထိ ဒေသခံပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ကောင်းမွန်စွာ လုပ်ဆောင်ပေးခြင်းမရှိကြောင်း သိရှိရပါသည်။ ဆင်းရဲသားလူနာများ အရေးပေါ် သွားရောက် ပင့်ဆောင်သည့်အခါများတွင် အချိန်မှီလိုက်ပါခြင်း မရှိကြောင်း၊ အရေးပေါ် သွားရောက်ပင့်ဆောင်လျှင်လည်း မောက်မာရိုင်းပြစွာ ပြောဆိုဆက်ဆံကြောင်း၊ ဆေးကုသမှုစရိတ်များမှာလည်း ဆေးတစ်လုံးထိုးလျှင် တစ်သောင်းကျပ်ယူကြောင်း၊ လူနာများကိုလည်း ပိုက်ဆံရလျှင် ပြီးရောဆိုသည့်ပုံစံဖြင့် စေတနာမပါဘဲ ရိုင်းပြစွာ ပြုမှုဆက်ဆံကြောင်းတို့ကို သိရှိရပါသည်။ ၄င်းအပြင် ကိုယ်ဝန်ဆောင်များနှင့်ပတ်သက်၍လည်း လိုအပ်သည့် စောင့်ရှောက်မှုများ မပေးခြင်း၊ အရေးပေါ်မွေးဖွားရန်အတွက် သွားရောက်ပင့်ဆောင်လျှင်လည်း အချိန်မှီ လိုက်ပါခြင်းမရှိခြင်း၊ ကိုယ်ဝန်ဆောင်များ ကလေးမွေးဖွားရာတွင်လည်း မိမိထံ၌ ပြသအပ်နှံသူများကိုသာ ကြည့်ရှုပေးခြင်းနှင့် မွေးစာရင်းများကို ထုတ်ပေးခြင်း၊ အခြားသော ကိုယ်ဝန်ဆောင်များကိုမူ စောင့်ရှောက်မှု မပေးခြင်းနှင့် မွေးစာရင်းများနှင့်ပတ်သက်၍လည်း ကူညီဆောင်ရွက်ပေးမှု မရှိခြင်း၊ မပြုလုပ်ပေးနိုင်ကြောင်းကိုလည်း ပြောဆိုခြင်း၊ မိမိကိုယ်ပိုင် ဖွင့်လှစ်ထားသော သားဖွားဆေးခန်းတွင် လာရောက်အပ်နှံသော လူနာများကိုသာ လက်ခံပြီး ဂရုတစိုက် စောင့်ရှောက်မှုများပေးခြင်း စသည်တို့ကို ပြုမူပြောဆိုဆက်ဆံလျှက်ရှိကြောင်း သိရှိရပါသည်။
• ဒေါ်ဝင်းဝင်းခိုင်၏ လူတန်းစားခွဲခြားဆက်ဆံမှုများ၊ ရိုင်းပြစွာ ပြုမှုပြောဆိုမှုများကို ဒေသခံပြည်သူများအနေဖြင့် မကျေနပ်ချက် များစွာရှိသော်လည်း ကျေးရွာတွင် ဆေးကုသမှုပေးနေသည်မှာ ဒေါ်ဝင်းဝင်းခိုင်တစ်ဦးတည်းရှိနေသောကြောင့် များစွာပင် သီးခံ၍ နေရကြောင်း၊ ၄င်း၏ ပြုလုပ်ချက်များနှင့် ပတ်သက်ပြီး တင်ပြပေးရန်နှင့် ဖြစ်နိုင် ပါက စေတနာပြည့်ဝသည့် ၀န်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်ပေးရန်တို့ အတွက် သက်ဆိုင်ရာများသို့ တင်ပြပေးရန် စန္ဒ၀တ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးအောင်အား သွားရောက် အကူအညီ တောင်းခံရာ တွင်လည်း ဦးစိုးအောင်မှာ မိမိနှင့် မသက်ဆိုင် သလို ပြောဆိုပြီး ကူညီဆောင်ရွက်ပေးမှု မရှိခြင်းတို့ကိုလည်း သိရှိရပါသည်။ ထိုကြောင့် ပြည်သူများမှ သက်ဆိုင်ရာသို့ သွားရောက်တင်ပြပြီး အကူအညီတောင်းခံခဲ့ရကြောင်း၊ သက်ဆိုင်ရာမှလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်းကိုလည်း သိရှိရပါသည်။ ထိုကဲ့သို့ သက်ဆိုင်ရာသို့ တင်ပြသည်နှင့်ပတ်သက်၍ ဒေါ်ဝင်းဝင်းခိုင်မှ “နင်တို့ ငါ့ကို အလုပ်ပြုတ်အောင်လုပ်ချင်လျှင် ထားဝယ် (တိုင်း)မှာ တိုင်မှရမယ်… ဘိတ် (မြိတ်မြို့)အဆင့်နဲ့ ဘာမှ လုပ်လို့မရဘူး… ဒီရွာမှာနေတဲ့သူတွေအားလုံး လူတွေမဟုတ်ဘူး.. ကျွဲတွေ… မကျေနပ်တဲ့သူအားလုံး ဆေးထိုးသတ်မယ်…” ဟူ၍ ပတ်ဝန်းကျင်ရှိ ပြည်သူ များကို ရိုင်းပြစွာပြောဆိုပြီး ကြုံးဝါးထားသည် ဟူ၍လည်း သိရှိရပါသည်။ ထိုသို့ ဆေးထိုးသတ်မည်ဟု ကြုံးဝါး ထားသောကြောင့် ပြည်သူများမှာ ဘာမျှလည်းမလုပ်ရဲ၊ သွားရောက် ပင့်ဆောင်ရန်အတွက်လည်း မ၀ံ့ရဲ ဘဲ ကြောက်ရွံ့လျှက်ရှိကြောင်း သိရှိရပါသည်။
♣ ထိုကဲ့သို့ ဖြစ်ပေါ်လျှက်ရှိနေသော ဒေါ်ဝင်းဝင်းခိုင်၏ လူတန်းစားခွဲခြားမှု၊ မောက်မာရိုင်းပြစွာ ပြုမှုပြောဆိုမှု၊ ဆေးတန်းဖိုး အဆမတန်ကြီးမားမှု၊ မိမိ၏ အကျိုးစီးပွါးကိုသာကြည့်၍ ကိုယ်ပိုင်ဆေးခန်း တွင်သာ ဆေးကုသမှု စသည်တို့နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ လိုအပ်သလို စိစစ်ပြီး အလေးထားဆောင်ရွက်ပေးပါ ရန်နှင့် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန် ချထားပေး ပါရန်အတွက် ပြည်သူများ၏ ဆန္ဒအတိုင်း တင်ပြ အကူအညီ တောင်းခံအပ်ပါသည်။
(မြိတ်မြို့၊ ကျွဲကူးရွာတွင် စုံစမ်း မေးမြန်း နိုင်ပါသည်။)
♣♣♣ ထပ်မံဖြည့်စွက်ချက်၊ ♣♣♣
ယခုအခါ ဒေါ်ဝင်းဝင်းခိုင်သည် မိမိကို တိုင်ကြားမှုအား တနင်္သာရီတိုင်းဒေသကြီးရှိ သက်ဆိုင်ရာ အစိုးရအဖွဲ့ ၀န်ကြီးအား ငွေကျပ် သိန်း ၂၀ ပေးပြီး လိုက်ထားကြောင်း၊ မိမိအားလည်း ကြိုက်သည့်ပုံစံဖြင့် တိုင်ကြားပါကလည်း ကြောက်မည်မဟုတ်ကြောင်းနဲ့ အစိုးရ၀န်ကြီးများကို ပိုက်ဆံပေးလိုက်ရင် ပြေလည်ကြောင်းကို ပြောကြားနေပါသည်။ ထို့အပြင် ယခင်ကထက် ပိုမို မောက်မာလာကြောင်းကိုလည်း ကျွဲကူးနေ ပြည်သူများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
 
ရည်ညွှန်း - တနင်္သာရီသား
                                                                               မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar