အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 17 november 2014

ဆော်ဒီအာရေဗျ နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် ISIS စစ်သွေးကြွ အဖွဲ့ခေါင်းဆောင် က တိုက်တွန်း

   


ISIS စစ်သွေးကြွ အဖွဲ့ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘတ်ဒါဒီ သည် ဆော်ဒီအာရေဗျ နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှု များကို လုပ်ဆောင်ရန် ၄င်းကို ထောက်ခံသူ အကြမ်းဖက် သမားများအား နိုဝင်ဘာ ၁၃ ရက်က တိုက်တွန်း လိုက်ကြောင်း သိရသည်။

 ISIS စစ်သွေးကြွ အဖွဲ့သည် ၄င်းတို့၏ နိုင်ငံကို ဆော်ဒီအာရေဗျ မှတစ်ဆင့် ခြေကုပ်ယူ၍ အခြား အာရပ်နိုင်ငံ များသို့ ချဲ့ထွင် နိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိသည်ဟု ISIS ခေါင်းဆောင် ဘတ်ဒါဒီ က ပြောကြား ထားသည်။

ထို့ပြင် ဆီးရီးယား နှင့် အီရတ်နိုင်ငံများ အတွင်းရှိ ၄င်းတို့၏ အဖွဲ့များအပေါ် လေကြောင်းမှ တိုက်ခိုက်လျက် ရှိသည့် အမေရိကန် အစိုးရ က ဦးဆောင်သည့် ညွန့်ပေါင်း အဖွဲ့၏ ကြိုးပမ်းချက်မှာ ရှုံးနိမ့်လျက် ရှိပြီး ၄င်းတို့ကို မောင်းထုတ်ရန် ဂျီဟတ်ဒ် စစ်သွေးကြွ များကို တောင်းဆိုခဲ့သည်။ အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်များ၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိ သို့မဟုတ် သေဆုံး ခဲ့သည်ဟု သတင်း ထွက်ပေါ် ခဲ့သည့် ဘတ်ဒါဒီ
သည် အဆိုပါ သတင်းများ ထွက်ပေါ်ပြီး ချိန်မှစ၍ ပထမဆုံး အကြိမ်အဖြစ် အသံဖမ်းစက် ဖြင့် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် အသံဖမ်းစက်မှ ထွက်ပေါ် လာသည့် အသံသည် ISIS ခေါင်းဆောင် ဘတ်ဒါဒီ ၏ အသံအစစ် ဟုတ်၊ မဟုတ်ကိုမူ အတိအကျ အတည်ပြု နိုင်ခြင်း မရှိသေးကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန
က ပြောကြား ထားကြောင်း သိရသည်။

#PyiChitThar


                                     မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar