ကြယ်တံခွန်ပေါ်သို့ Philae အာကာသယာဉ် ဆင်းသက်
The Rosetta spacecraft launched in 2004 on a mission to study comet
67P/Churyumov-Gerasimenko (artist's illustration shown). It will
rendezvous with the comet later this month before entering orbit in
August, becoming the first spacecraft to orbit a comet
နယူးယောက် ၊ ၁၃-၁၁-၂၀၁၄
ယမန်နေ့က လူသား အာကာသ စူးစမ်းလေ့လာမှု သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ကြယ်တံခွန် အမှတ် 67/P ပေါ်သို့ Philae အာကာသယာဉ် ဆင်းသက်မှု စတင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ဂရင်းနစ် စံတော်ချိန် ၈ နာရီ ၃၅ မိနစ်တွင် ဥရောပ အာကာသ အေဂျင်စီ ( ESA ) Philae ယာဉ် ကို မိခင် အာကာသယာဉ် Rosetta နှင့် ခွဲထုတ်လိုက်ပြီး ကြယ်တံခွန် ပေါ်သို့ ဦးတည် ဆင်းသက် စေလိုက်ရာ Philae ယာဉ် ပေါ်ပါ ကင်မရာများ စတင် အလုပ်လုပ်ခဲ့ပြီး Rosetta ယာဉ်ကို ချက်ချင်းလိုပင် ဓာတ်ပုံရိုက်ကူး ပေးပို့ခဲ့ရာ မည်းနက်သော အာကာသထဲတွင် Rosetta ၏ ဆိုလာပြားများ တဖိတ်ဖိတ် လက်နေသည်ကို တွေ့ရှိ ခဲ့ကြသည်။
Philae အာကာသယာဉ် သည် ကြယ်တံခွန် အမှတ် 67/P ပေါ်သို့ ဂရင်းနစ် စံတော်ချိန် ၄ နာရီတွင် ရောက်ရှိရမည် ဖြစ်ပြီး အောင်မြင်မှု ရရှိသွားပါက သမိုင်းတွင်မည့် ပထမဆုံး အကြိမ် လူလုပ် အာကာသ ယာဉ်တစ်စင်း ကြယ်တံခွန် ပေါ်သို့ ဆင်းသက် နိုင်ခြင်းပင် ဖြစ်ပြီး ကြယ်တံခွန် ဖွဲ့စည်း တည်ဆောက်ပုံ ကို အသေးစိတ် လေ့လာကာ နေအဖွဲ့အစည်း စတင် ဖြစ်ပေါ်လာပုံ နှင့် ပတ်သက်သော သတင်း အချက်အလက် များကို ရရှိနိုင်မည် ဖြစ်သည်။
ကြယ်တံခွန် အမှတ် 67/P သည် လေးကီလိုမီတာ အကျယ်သာ ရှိပြီး ရေခဲတောင် အသေးစား တစ်လုံးနှင့် တူညီသည်။ ဆွဲငင်အား မရှိသလောက် နည်းပါးခြင်းက Philae အာကာသယာဉ် ဆင်းသက်ရန် အဓိက အခက်အခဲ ဖြစ်နေပြီး အခန့်မသင့်လျှင် Philae သည် ကြယ်တံခွန်ပေါ် ကျပြီး အာကာသ လဟာပြင် ထဲသို့ ပြန်လည် ခုန်ထွက်လွင့်မျော သွားနိုင်သည်။ ထို့အတွက် ကြယ်တံခွန်နှင့် ထိလျှင်ထိချင်း Philae က မှိန်းဖြင့် ကုပ်တွယ် ထားကာ မိမိနှင့် ကြယ်တံခွန်ကို ဝက်အူများဖြင့် စုပ်ရစ် တွယ်ကပ် ထားရမည် ဖြစ်သည်။ ထို့နောက် ကြယ်တံခွန်ကို ဓာတ်ပုံ ရိုက်ကူးမှု စတင်မည် ဖြစ်သည်။ ကြယ်တံခွန် အမှတ် 67/P သည် ချိုင့်များ၊ အချွန်အတက် များဖြင့် ပြည့်နှက် နေသည်။ Rosetta သည် အခြားမည်သည့် အာကာသယာဉ်မျှ မရောက်ရှိဖူး သေးသော အကွာအဝေး အထိ ရောက်နိုင်ခဲ့ပြီ ဖြစ်သည့်အပြင် ကြယ်တံခွန် တစ်လုံးကို ပထမဆုံး အကြိမ် လှည့်ပတ်သော အာကာသယာဉ် လည်း ဖြစ်လာသည်။
ကြယ်တံခွန် အမှတ် 67/P သည် တစ်နာရီလျှင် မိုင် ရှစ်သောင်းနှုန်း ရွေ့လျားနေရာ ယင်းအလျဉ် ကို အမီ လိုက်နိုင်သော Rosetta ၏ အစွမ်းမှာလည်း အံ့မခန်းပင် ဖြစ်သည်။ ထို့အတူ Philae အာကာသ သည်လည်း Rosetta ဆယ်နှစ်ထက် မနည်း အမီလိုက် ခဲ့ရသော ကြယ်တံခွန် အမှတ် 67/P ပေါ်သို့ရောက် ရှိအောင် ခုနစ်နာရီ ကြာမည့်ခရီးကို စတင်လိုက်ပြီး လူသားများက မိုင်ပေါင်း ၃၁၇၅၂ဝ၆၇၉ မိုင်အကွာမှ စောင့်ကြည့် နေရသည်။ Rosetta ထံမှ ရေဒီယိုဖြင့် ပေးပို့သော သတင်း စကားသည်ပင် ကမ္ဘာသို့ ရောက်အောင် ၂၈ မိနစ် ကြာမြင့်လေ့ ရှိသည့်အတွက် Philae သည် ကြယ်တံခွန် အမှတ် 67/P ပေါ်သို့ အောင်မြင်စွာ ဆင်းသက် နိုင်ခြင်း ရှိ၊ မရှိ ကို အရှေ့ပိုင်း အချိန် ၁၁ နာရီတွင်မှ သိရှိနိုင်မည် ဖြစ်သည်။
လွဲချော်ခဲ့သည် ရှိသော် ၂၈ မိနစ် ကြာမှ သိရှိနိုင်မည့် ESA အဖို့ Philae အာကာသယာဉ် ကို အမြဲတမ်း အတွက် ဆုံးရှုံးလိုက်ရမည် ဖြစ်ပြီး စောင့်ကြည့် နေသော ကမ္ဘာ့အလယ် တွင်လည်း မျက်နှာပန်း မလှ ဖြစ်သွားမည့် အတွက် ဤ ခုနစ်နာရီ သည် ESA ဝိုင်းတော်သားများ အတွက် အကြာမြင့် ဆုံးသောအချိန် ဖြစ်လိမ့်မည်ဟု ESA အကြီးအကဲ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။
#PyiChitThar

မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar