အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 17 november 2014

သပိတ်မှောက်ကျောင်းသားများနှင့် တာဝန်ရှိသူများ ဆွေးနွေးပွဲ ပျက်ပြယ်

   
ဆွေးနွေးပွဲ မြင်ကွင်း (ဓာတ်ပုံ – ကောင်းထက်ကျော်)

အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို ပညာရေး တာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းမှုဟာ တိကျခိုင်မာတဲ့ အဖြေတစ်ခုမပေးနိုင်တဲ့ အတွက် ဆွေးနွေးပွဲ ပျက်ပြယ်သွားပြီး ဆက်လက် သပိတ်မှောက်သွားမယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

ရန်ကုန် တက္ကသိုလ် ပါချုပ်၊ စီးပွားရေး တက္ကသိုလ်ပါချုပ် အရှေ့ပိုင်း တက္ကသိုလ် ပါချုပ်တွေ ပါဝင်တဲ့ အဆင်မြင့် ပညာဦးစီးဌာန တာဝန်ရှိသူတွေဟာ ကျောင်းသားတွေနဲ့ ကြေးသွန်းဘုရားမှာ ဒီနေ့ လာရောက်ဆွေးနွေးခဲ့တာပါ။

လာရောက်ဆွေးနွေးမှုမှာ ကျောင်းသားသမဂ္ဂများ လွပ်လပ်စွာဖွဲ့စည်းခွင့်ကို အမျိုးသားပညာရေး ဥပဒေမှာ ထည့်သွင်းရေးဆွဲထားခြင်းမရှိပေမယ့် အဆင်မြင့်ပညာရေး နည်းဥပဒေမှာ ထည့်သွင်းပေးမယ်လို့ လာရောက်ညှိနှိုင်းတဲ့ တာဝန်ရှိသူတွေက ဆိုပေမယ့် ကျောင်းသားတွေဘက်က လက်ရှိရေးဆွဲအတည်ပြုထားတဲ့ ဥပဒေမှာ မပါဝင်တဲ့အတွက် လက်မခံကြောင်း သိရပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ နေ့လယ် ၁၂ နာရီမှာ ရွှေတိဂုံစေတီတော်ကို ဆက်လက်ချီတက်သွားကြပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကြောင့် အခုလို သပိတ်မှောက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ ဒီမိုကရေစီ ပညာရေး ရရှိဖို့နဲ့ ဗဟိုချုပ်ကိုင်မှုတင်းကြပ်တဲ့ အမျိုးသားပညာရေးဥပဒေကို အလိုမရှိကြောင်းနဲ့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရဖို့အတွက် သပိမှောက် တောင်းဆိုနေကြတာပါ။

By ကျော်ဇေယျာဝင်း (ဒီဗွီဘီ)


                                        မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar