အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 17 november 2014

ကျောင်းသားသပိတ်နဲ့ အာဏာပိုင်တွေ ဘာတွေပြောခဲ့လဲ

 

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်နဲ့ အရာရှိတွေ ရွှေတိဂုံစေတီတော် ကြေသွန်းဘုရားကြီးရဲ့ တန်ဆောင်းမှာ သပိတ်မှောက် ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီဝင် ၁၅ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သပိတ်မှောက်ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကို ရပ်တန့်ဖို့နဲ့ အမျိုးသားပညာရေး ဥပဒေမှာ ပြင်ဆင်လိုတဲ့အချက်တွေကို လာရောက်တွေ့ဆုံပြီး တင်ပြဖို့ အစည အရာရှိတွေက ကျောင်းသားတွေကို ပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ လာရောက်ညှိနှိုင်းတာ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လာရောက် ဆွေးနွေးတာဖြစ်တာမို့ သပိတ်မှောက်ကျောင်းသားတွေက လက်မခံဘဲ ငြင်းဆိုခဲ့ပါတယ်။

ပညာရေးဥပဒေမှာ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ကို ထည့်သွင်းဖို့၊ အခြား ပြင်ဆင်ဖြည့်စွက်နိုင်တာတွေ ရှိတယ်လို့ ညွှန်ကြားရေးမှူးချုပ်ဘက်က ပြောပေမယ့် ကျောင်းသားတွေက အာမခံသလားလို့ မေးတဲ့အပေါ် ဖြေဆိုနိုင်ခြင်းမရှိတာကြောင့် တွေ့ဆုံပွဲ အဆုံးသတ်သွားခဲ့ပါတယ်။

ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ၁၉၂ဝ ပထမကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင်မှာ သပိတ်မှောက်ကျောင်းသားတွေဟာ သစ္စာအဓိဌာန်ပြုခဲ့ပြီးနောက် ဆန္ဒပြမှုကို လူစုခွဲ အဆုံးသတ်ခဲ့ပါတယ်။

Kamayut media 


                                       မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar