အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 12 november 2014

အာဆီယံထိပ်သီးညီလာခံ ပြည်တွင်းသတင်းထောက် ၄၀ သာ သတင်းယူခွင့်ပြုမည်

မနက်ဖြန် နေပြည်တော်မှာ စတင်ကျင်းပမယ့် ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို ပြည်တွင်းမီဒီယာသမားဦးရေ ၄ဝ သာဝင်ခွင့်ရမှာဖြစ်တဲ့အတွက် မဲနှိုက်ပြီးမှ သတင်းယူခွင့်ရမယ်လို့ သိရပါတယ်။

လက်ရှိမှာ ဝင်ခွင့်တောင်းခံထားတဲ့ သတင်းဌာနအရေအတွက်ကို ပြန်ကြားရေးဝန်ကြီးဌာနထံက တောင်းခံထားပြီး မနက်ဖြန်မနက် အစည်းအဝေးပွဲတွေမစခင် နံနက် ၇ နာရီမှာ သတင်းဌာနအလိုက် မဲနှိုက်ပြီး မဲပေါက်သူကိုသာ ဝင်ခွင့်ပြုသွားမယ်လို့ ကိုအောင်သူရက ဆိုပါတယ်။

ရုပ်သံသတင်းဌာနနဲ့ ပုံနှိပ်မီဒီယာတွေကို ခွဲခြားပြီးမဲနှိုက် ရွေးချယ်သွားမှဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း အာဆီယံ ထိပ်သီးညီလာခံ ကျင်းပမယ့် နေပြည်တော်ကို ဒုတိယအမြင့်ဆုံး လုံခြုံရေးအဖြစ် လိမ္မော်ရောင်အဆင့် သတ်မှတ်ပြီး ဆောင်ရွက်နေသလို အမေရိကန်လုံခြုံရေး အင်အား ၁ဝဝ ကျော် လောက်လည်းရောက်နေပြီး ပြည်တွင်းလုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ရဲမှူးချုပ် စိုးမြိုင်က ပြောပါတယ်။


                                         မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar