အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 12 november 2014

အိုဘားမား လုံခြုံရေးအတွက် တိုက်လေယာဉ်နှင့် ကျည်ကာကား အပါအဝင် လက်နက်ပစ္စည်းများ နေပြည်တော်သို့ရောက်


အာဆီယံထိပ်သီး အ စည်းအဝေးသို့ တက်ရောက်မည့် အမေရိကန်သမ္မတ အိုဘားမားစီးနင်းမည့်ကားအပါအ၀င် လုံခြုံရေးအတွက် အသုံးပြုမည့် တိုက်လေယာဉ်နှင့် ကျည်ကာကားများ နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန် လေကြောင်း လေယာဉ်တစ်စီးဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး Air Craft တိုက်လေယာဉ်သုံးစီးနှင့် Ford အမျိုးအစား ကျည်ကာကား ၁၂ စီး ပါဝင်ကြောင်း သတင်းရရှိသည်။ ၎င်းတို့ထဲတွင် အိုဘားမားစီးမည့် The Beast ဟု အမည်ပေးထားသည့် ကားလည်း ပါဝင်သည်။

ထို့အပြင် သမ္မတ အိုဘားမား လုံခြုံရေးအတွက် အသုံးပြုသည့် စနိုက်ပါ အဆင့်မြင့်လက်နက်ခဲယမ်းများလည်း ယင်းလေယာဉ်ဖြင့် ပါလာခဲ့ကြောင်း သတင်းရရှိသည်။

တိုက်လေယာဉ်သုံးစီးကို နေပြည်တော်လေဆိပ်တွင်ပင် ထား ရှိပြီး ကား ၁၂ စီးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အထူးရဲတပ်ဖွဲ့များ လုံ ခြုံရေး အစောင့်အရှောက်ဖြင့် အိုဘားမား တည်းခိုမည့် Kimpinski ဟိုတယ်ဝင်းအတွင်းသို့ ပို့ဆောင်လိုက်ကြောင်း နေပြည်တော် အသိုင်းအဝိုင်းမှ သတင်းရရှိသည်။

ကားများကို နေပြည်တော်သို့ ရောက်နှင့်နေသည့် အိမ်ဖြူတော် လုံခြုံရေး အဖွဲ့ဝင်များက မောင်းနှင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ အိမ်ဖြူတော် မှ လုံခြုံရေး အဖွဲ့ဝင် ၃,၀၀၀ ခန့် ရောက်ရှိနေကြောင်း သတင်းရ ရှိပြီး ၎င်းတို့မှာ နေပြည်တော်ရှိ ဟိုတယ်များတွင် တည်းခိုရန် စာ ရင်းပေးထားသော်လည်း အနည်း ငယ်သာ လာရောက်တည်းခိုကြ ပြီး အများစုမှာ မည်သည့်နေရာ တွင် ရှိနေသည်ကို မသိရကြောင်း နေပြည်တော်လုံခြုံရေးရဲတပ်ဖွဲ့ဝင် များထံမှ သတင်းရရှိသည်။


                                        မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar