M-Media
ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်
ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်
(ဓာတ်ပုံ) ငါးချောင်းဒုက္ခသည်စခန်းက ရွက်တဲတစ်ခုထဲ
လဲလျောင်းနေတဲ့ ဝေဒနာသည် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး၊ ၂၀၁၃ ခုနှစ်၊
စက်တင်ဘာ ၁၇ ရက်။ (AP Photo/Gemunu Amarasinghe)
—————————————
—————————————
တကယ်လို့များ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့
ပါဝင်စွက်ဖက်မှုမရှိဘူးဆိုရင် မြန်မာနိုင်ငံက လူနည်းစုရိုဟင်ဂျာတွေအဖို့
တင်းပြည့်ကျပ်ပြည့် မျိုးသုဉ်းရှင်းလင်းမှု ဓားစာခံ ဖြစ်ရပါတော့မယ်။
လူသားချင်းစာနာမှုကင်းမဲ့သော အဆိုးဆုံးနှိပ်စက်မှုဖြစ်ပေါ်စေတဲ့
ပဋိပက္ခတွေမှာ နိုင်ငံတော်နဲ့ အပြည်ပြည်ဆိုင်ရာခေါင်းဆောင်များက စုပြုံ
သတ်ဖြတ်မှုရဲ့လက်သည်များကို ဖော်ထုတ်ရပါမယ်။ ဘယ်တော့မှ ထပ်မံ
မဖြစ်ပွားစေဖို့ တားမြစ်ရပါမယ်။ လူနည်းစုဝင် ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့
တိုက်ခိုက်မှုများဟာ အလွန်ကြမ်းတမ်းပြင်းထန်နေလို့ အဲ့ဒီဖန်တီးမှုထဲ
တင်းပြည့်ကျပ်ပြည့် မျိုးသုဉ်းရှင်းလင်းမှု ဖြစ်လာလေတော့မလား ဆိုပြီး
နိုင်ငံ့ရာဇ၀တ်မှု ကျွမ်းကျင်သူများက စိုးရိမ်နေကြပါတယ်။ လူဦးရေပမာဏ
တစ်သန်းဝန်းကျင်ရှိတဲ့ လူနည်းစု မွတ်စ်လင်မ်များဟာ အဲ့ဒီပြည်နယ်မှာ
ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတို့နဲ့ အတူနေထိုင်လာကြပေမယ့်လည်း ယခုအခါမှာတော့
တရားမ၀င် ရွှေ့ပြောင်းအခြေချလာသူ ဘင်္ဂါလီများအဖြစ် သတ်မှတ်ခံနေရတယ်။
အဲ့ဒီအမြင်အတိုင်းရှိနေတဲ့ ဗမာအစိုးရကလည်း သူတို့ကို နိုင်ငံသားအဖြစ်မှ
ငြင်းဆိုထားသလို သူတို့ရဲ့ ပညာရေးနဲ့ ကျန်းမာရေးရာတွေအပေါ် ကန့်သတ်
ချုပ်ချယ်ထားပါတယ်။ ပြီးခဲ့တဲ့မတ်လနှောင်းပိုင်းက စံနစ်တကျဖွဲ့စည်းထားတဲ့
အကြမ်းဖက်အုပ်စုဟာ အိုးအိမ်မဲ့ ရိုဟင်ဂျာပေါင်း တစ်သိန်းလေးသောင်းကို
ကူညီစောင့်ရှောက်နေသော အထောက်အပံ့နဲ့ အခြေခံ အဆောက်အဦတွေကို ပက်ပက်စက်စက်
ဖျက်ဆီးပစ်ခဲ့ကြတယ်။ လတ်တစ်လော လများအတွင်း အလျဉ်မပြတ်ဖြစ်စဉ်ထဲက ဒါဟာ
နောက်ဆုံး တိုက်ခိုက်မှုဖြစ်ပြီး၊ အများလက်ခံထားတဲ့ မျိုးသုဉ်း
ရှင်းလင်းရေးဆိုင်ရာ သတ်မှတ်ချက်ငါးရပ်အနက် အချက်တစ်ချက်နဲ့ တိတိပပပြည့်မှီ
ငြိစွန်းသွားပါတယ်။
ဒီအနေအထားထဲ လက်ဝင်လျှိုဖို့ ဗမာ အစိုးရဖက်က ထင်ထင်ရှားရှား
ပျက်ကွက်နေခဲ့တယ်။ ရခိုင်ပြည်နယ်ထဲ သုံးပတ်တာမျှ ဖြစ်ပျက်နေခဲ့ပြီး
အကူအညီပေးရေး အုပ်စုအချို့ ပြန်ဝင်နိုင်ရေးကိုလည်း မနေမနား သတိပေးချက်များ
ရှိခဲ့တာကြောင့် နိုင်ငံတကာဖိအားပေးဖို့ လိုအပ်လာရတာပါပဲ။ ဒါဟာ
သိန်းဂဏန်းရှိတဲ့ လူ့အသက်တွေအပေါ် အရေးမစိုက်မှုကို
အချက်ပြနေခြင်းဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းရဲ့အပြင်းအထန်ရှုတ်ချမှုဖြင့်သာ
အကျိုးသက်ရောက်စေမှာဖြစ်တယ်။
မတ်လနှောင်းပိုင်းက အကြမ်းဖက်မှုဟာ စံနစ်တကျကြိုတင် စီမံထားကြောင်း
ထွက်ပေါ်လာတဲ့ အကျိုးတရားတွေက ရှင်းလင်းစွာ ထောက်ပြနေပါတယ်။ လူရမ်းကားတွေဟာ
အသက်ကယ်ဆေးဝါးရရှိရေး လမ်းကြောင်းကို ဖြတ်တောက်ခဲ့ကြတယ်။
စားနပ်ရိက္ခာသိုလှောင်ထားတဲ့ ဂိုဒေါင်တွေကို ဖျက်ဆီးတယ်။
အဲ့ဒီအလှူပစ္စည်းများကို ရိုဟင်ဂျာစခန်းတွေဆီ အရောက် ပို့ဆောင်ပေးမယ့်လှေနဲ့
သွားလာရေးယာဉ်တွေကို အသုံးချမရအောင် ပြုလုပ်ခဲ့ကြတယ်။ တိုက်ခိုက်သူများက
အိုးအိမ်မဲ့ရိုဟင်ဂျာတွေ မှီခိုအားထားနေရတဲ့အထောက်အပံ့များကို
ဖြတ်တောက်ပစ်ဖို့ သက်သက် ရည်ရွယ် ထားတယ်ဆိုတာ ရှင်းပြတ်စွာ တွေ့ရတယ်။
ဒီတိုက်ခိုက်မှုရဲ့အနိဌာရုံနောက်ပိုင်း သုံးပတ်တာလေးအတွင်း
အထောက်အပံ့ခံတွေ ဒါဇင်ပေါင်းများစွာ သေဆုံးကြောင်း သတင်းရရှိခဲ့တယ်။ ဒါဟာ
ဒုက္ခသည်တွေ အပေါ် ရုပ်ပိုင်းဆိုင်ရာ တိုက်ရိုက်တိုက်ခိုက်မှုထက်
ထောက်ပံ့ရေးစံနစ်တွေအပေါ် သွယ်ဝိုက်ရိုက်ချိုးစော်ကားတာက ပိုမိုထိရောက်တယ်၊
ဒုက္ခသည်တွေ ပိုမိုဒုက္ခရောက် ခံစားသွားစေတယ်ဆိုတာကို ပြသနေတာပဲဖြစ်တယ်။
ရိက္ခာနဲ့အကူအညီ ပြတ်တောက်ပြီး ပိုမိုအထီးကျန်အောင်ပြုမူခံရတဲ့
ရိုဟင်ဂျာများအဖို့ ပြည်တွင်းရဲ့စာနာမှု မဆိုစလောက်တော့ ရရှိခဲ့ကြတယ်။
ဒါပေမယ့် ဒီတိုက်ခိုက်မှုက အန္တရာယ်ရှိတဲ့ နည်းစဉ်တစ်ခုရဲ့ စတင်ခြင်းကို
လှစ်ဟပြနေပါတယ်။ အကြမ်းဖက်မှာပါဝင်ကျူးလွန်တဲ့ ရခိုင်လူမျိုးတို့က
ရိုဟင်ဂျာတွေ အဖို့ သေရေးရှင်ရေး ကယ်ဆယ်မှု အထောက်အပံ့တွေ၊
လုပ်ငန်းစဉ်တွေနဲ့ မထိုက်တန်ဘူးလို့ ဖော်ထုတ်ပြသလိုက်ပြီဖြစ်ပါတယ်။ ဒီလို
လူသားချင်းစာနာမှု ကင်းမဲ့တဲ့ အဆင့်ဆင့်လုပ်ဆောင်ချက် ၀ိသေသကို
နှစ်ဖက်စလုံးမှာ ပါဝင်သူများက ပညာရှင်များ၊ နိုင်ငံရေးခေါင်းဆောင်တွေအကြား
အသိမပေးခဲ့ကြဘူး။ ဒါဟာမျိုးသုဉ်းရှင်းလင်းခြင်း လမ်းကြောင်းပေါ်က
မှတ်တိုင်တစ်ခုဘဲ ဖြစ်ပါတယ်။
ဗမာအစိုးရဟာ ကုလသမဂ္ဂထောက်ပံ့မှုနဲ့အတူ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း
ပထမဆုံးသော ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံတဲ့ အစီအစဉ်ကို ဧပြီလက
ဖော်ဆောင်ခဲ့တယ်။ ဒါပေမယ့် စာရင်းကောက်တွေဟာ ရိုဟင်ဂျာတွေကို
ဘင်္ဂါလီအဖြစ်စာရင်းသွင်းဖို့ သို့တည်းမဟုတ် အလျဉ်း စာရင်းမသွင်းမကောက်ဖို့
ညွှန်ကြားခံရတယ်ဆိုတဲ့ သတင်းတွေနဲ့ ဒီစီမံချက်က အကျည်းတန်သွားခဲ့တယ်။
ဒီလမ်းကြောင်းနှစ်မျိုးစလုံးက မျိုးနွယ်အုပ်စုတည်ရှိခြင်းကို
အခိုင်အမာငြင်းဆို လိုက်တာပါပဲ။
ဒီလို အမြင်စောင်းသွားအောင် ချိုးနှိမ်တဲ့ကမ်ပိန်းဟာ
အသစ်အဆန်းမဟုတ်တော့ပါဘူး။ အလားတူစစ်ဆင်ရေးမျိုးကို ၁၉၇၈ နဲ့ ၁၉၉၂
ခုနှစ်တွေမှာ အကောင်အထည်ဖော်ခဲ့ဖူးပါတယ်။ အကြိမ်တိုင်းမှာ မြန်မာပြည်က
မွတ်စ်လင်မ် နှစ်သိန်းထက် မနည်း ဘင်္ဂလားဒေ့ရှ်ဆီ တွန်းပို့ခဲ့ကြတယ်။ အဲ့ဒီ
တအုံတကျင်းသော လူစုကြီးကို ဒုက္ခသည်များအဖြစ် စာရင်းသွင်းဖို့ ဒါကာအနေနဲ့
ငြင်းဆိုထားတယ်။ ရခိုင်ပြည်နယ်က အပယ်ခံလူတစ်စုဟာ အခုဆိုရင် အခြေခံ
လူ့အခွင့်အရေးကိုပင်လျှင် ငြင်းပယ်ခံရတဲ့ဘ၀ ရောက်နေကြရပြီ။ ဒါကြောင့် ၂၀၁၂
ဇွန်လ ပထမ အကြမ်းဖက်လှိုင်းလုံးမှာကတည်းက မြန်မာပြည်ကနေ ရိုဟင်ဂျာတွေဟာ
လှေငယ်လေးတွေနဲ့ ထွက်ပြေးလာကြရာမှ ရာနဲ့ချီ နစ်မြှုပ်သေဆုံးကြရတယ်။
ဒီလူစုတွေအပေါ် လူမဆန်အောင်ပြုမူဖို့ ချိုးနှိမ်စေဖို့ ပြည်တွင်း မီဒီယာတွေ၊
နိုင်ငံရေးသမားတွေနဲ့ ဗုဒ္ဓဘာသာ သံဃာတွေက တက်ကြွစွာ မှိုင်းတိုက်
ဝါဒဖြန့်လျက်ရှိနေကြတယ်။
ဟောင်ကောင်က မြန်မာကောင်စစ်ဝန်ဟောင်း ဗိုလ်ချုပ် ရဲမြင့်အောင်က ၂၀၀၉
ခုနှစ်မှာ ရိုဟင်ဂျာတွေကို “ဘီလူးတွေလို ရုပ်ဆိုးသူတွေဆိုပြီး”
ပြောကြားခဲ့ သလို၊ ပြည်တွင်းက နာမည်ကြီး Weekly Eleven ဂျာနယ်ကလည်း ၂၀၁၂
ဇွန်လ မှာ ရိုဟင်ဂျာတွေကို “ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၏ ပြင်ပမှ
အသံမဲ့ ကိုယ်ပျောက်ချဉ်းနင်း ၀င်ရောက်လာသူများ” အဖြစ် ဖော်ပြခဲ့တယ်။
အယုံသွင်းလှည့်စားမှု ဆိုတာ ရှင်းလင်းလှပါတယ်။ ယမန်နှစ်က ရိုဟင်ဂျာတွေနဲ့
အင်တာဗျူး တစ်ရပ်လုပ်ပေးမလားဆိုပြီး အေပီဂျာနယ်လစ် တစ်ဦးမှ
မေတ္တာရပ်ခံရာမှာ အစိုးရဖက်တာဝန်ရှိသူက “ခွေးတွေနဲ့ ဘာကြောင့်
တွေ့ချင်ရတာလဲ” လို့ သူမကို ပြန်မေးကြောင်း ဆိုပါတယ်။
“ အဲ့ဒီလိုအချိန်ကာလမျိုးတွေတုန်းက မိမိတို့ဟာ မျိုးဖြုတ်သုတ်သင်တဲ့ ဒုစရိုက်မှုတွေထဲ ပါဝင်ပတ်သက်နေကြောင်း သတိလက်လွတ် မဖြစ်သူဆိုတာ မဆိုစလောက်လေးသာ ရှိနေခဲ့ကြတယ်။ အရာရာအားလုံးပြီးမြောက် သွားတဲ့အခါကျတော့ လူတိုင်းက – ကောင်းကင် အလိုကျ အတွက်ဟုတ်လား၊ ငါလုပ်လို့ ဘယ်ဖြစ်မလဲ ဆိုပြီး လူတိုင်းက တုန်လှုပ်စွာ မေးမြန်းမိကြတယ်လေ ”။
လူသားမဆန်တဲ့နည်းစဉ်က မျိုးဖြုတ်သုတ်သင်သူတွေရဲ့ အသိစိတ်ကို
ပြောင်းပေးလိုက်ခြင်းဖြစ်တယ်။ ရခိုင်လူမျိုးတွေဟာ ရှေးယခင်က
မကြာခဏဖြစ်ဖူးတဲ့ စုပြုံ သတ်ဖြတ်ရေး နည်းဗျူဟာထဲ အသုံးချ ခံနေရတယ်ဆိုတာ၊
လူနည်းစုဝင်တွေကို တိရစ္ဆာန်လို သဘောထား အသုံးချတယ်ဆိုတာ သူတို့ကိုယ်တိုင်
သိချင်မှ သိကြပါလိမ့်မယ်။ ဒီလို အနေအထားမျိုးကို ရ၀မ်ဒါမှာ
တွေ့ဖူးပြီးပါပြီ။ ပိုးဟပ်တွေကို လက်စတုံးပစ် ဆိုပြီး
နိုင်ငံပိုင်ရေဒီယိုကနေ အသံလွှင့်တဲ့အထိပါဘဲ။ ဒီလက္ခဏာတွေကို အခုဆိုရင်
မြန်မာပြည်မှာ တွေ့နေကြရပြီ။ ချိုးနှိမ်စော်ကားမှုဆိုတာ လူသားတွေအပေါ်
သူတို့ရဲ့သာမန် ခံစားချက်များ ကို လူသတ်တဲ့အဆင့်အထိ တွန်းပို့လေ့ရှိပါတယ်။
နုရင်ဘတ်မှာ ကြိုးပေးစီရင်ခြင်းက လွတ်မြောက်ခဲ့တဲ့ ဟစ်တလာရဲ့ ဗိသုကာပညာရှင်
အဲလ်ဗတ် စပီးယား Albert Speer က သမိုင်းဝင် စုပြုံသတ်ဖြတ်မှုဖြစ်ရပ်တွေအပေါ်
ဒီလို မှတ်ချက်ပြုခဲ့ပါတယ်။
“ အဲ့ဒီလိုအချိန်ကာလမျိုးတွေတုန်းက မိမိတို့ဟာ မျိုးဖြုတ်သုတ်သင်တဲ့
ဒုစရိုက်မှုတွေထဲ ပါဝင်ပတ်သက်နေကြောင်း သတိလက်လွတ် မဖြစ်သူဆိုတာ
မဆိုစလောက်လေးသာ ရှိနေခဲ့ကြတယ်။ အရာရာအားလုံးပြီးမြောက် သွားတဲ့အခါကျတော့
လူတိုင်းက – ကောင်းကင် အလိုကျ အတွက်ဟုတ်လား၊ ငါလုပ်လို့ ဘယ်ဖြစ်မလဲ ဆိုပြီး
လူတိုင်းက တုန်လှုပ်စွာ မေးမြန်းမိကြတယ်လေ ”။
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် ဆယ်စုနှစ်များစွာ ခွဲခြားခြင်းဆိုတဲ့
အကြမ်းဖက်မှုတွေ ရှိနေခဲ့တယ်။ RNDP ရခိုင်ပါတီထီးရိပ်အောက်က ၂၀၁၂
နိုဝင်ဘာလထုတ် Progress မဂ္ဂဇင်းရဲ့ အယ်ဒီတာ့အာဘော်မှာ “ နိုင်ငံတစ်ခု
ပြန်လည်ရှင်သန်ရေးအတွက် ဟစ်တလာ နဲ့ ပိတ်လှောင်စုပြုံသတ်ဖြတ်မှုလို
လူသားမဆန်တဲ့ဒုစရိုက်လုပ်ရပ်တွေ ကျူးလွန်သင့်က ကျူးလွန်ရမယ်။ ဒါဟာ
မျှတပါတယ်။ တကယ်လို့ တို့တစ်တွေဟာ ဒီ(ရိုဟင်ဂျာ)ပြဿနာတွေကို အပြတ်မရှင်း
အမြစ်မဖြတ်နိုင်ဘဲ နောက်မျိုးဆက်ဆီ လက်ဆင့်ကမ်းခဲ့ရင်
သူရဲဘောကြောင်သူတွေအဖြစ် သမိုင်းတွင်သွားလိမ့်မယ် ” ဆိုတဲ့ စကားမျိုး
ရေးသားဖော်ပြခဲ့တယ်။
လူမျိုးရေးစကားဆိုတာ လူမျိုးကြီးဝါဒလုပ်ရပ်ရဲ့ အစိပ်အပိုင်းထဲ
ပါဝင်နေပါတယ်။ မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်အားပေးပြီး ဗုဒ္ဓဘာသာဝင်
လူသွမ်းတွေဖော်ဆောင် လိုက်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊
မောင်းတောမြို့မှာ ဇန္န၀ါရီလက ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးနဲ့
ကလေးငယ်များ ပါဝင်သော လူပေါင်း ၄၀ စုပြုံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း
ကုလသမဂ္ဂဖက်က သတင်းထုတ်ပြန်ခဲ့တယ်။ မြန်မာအစိုးရဟာ အဲ့ဒီ စုပြုံသတ်ဖြတ်မှုကို
အထပ်ထပ်အခါခါ ငြင်းဆိုခဲ့ယုံသာမက မျက်မြင်သက်သေများကိုလည်း
ပြစ်ဒဏ်ပေးအရေးယူနိုင်အောင် ကြိုးစားခဲ့တာ တွေ့ရတယ်။ ပြင်သစ်က နယ်စည်းမထား
စေတနာ့ဒါနဆရာဝန်များအဖွဲ့ MSF အနေနဲ့ အဲ့ဒီဖြစ်စဉ်မှ ရှင်သန်ကျန်ရစ်သူ ၂၂
ဦးကို ကုသပေးခဲ့တာကို လူသိရှင်ကြားဖြစ်သွားတဲ့အခါ ဒီ အဲန်ဂျီအိုအဖွဲ့ကို
အစိုးရအာဏာပိုင်က ချက်ခြင်း အရေးယူလို့ ပြည်နယ်ပြင်ပကို မောင်းထုတ်ခဲ့တယ်။
ဒီလုပ်ရပ်က ရေရှည် ဆိုးကျိုးများကို ဖြစ်ပေါ်စေတယ်။ ရွှေ့ပြောင်းခံ
ရိုဟင်ဂျာတွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှု ကျယ်ကျယ်ပြန့်ပြန့်ပေးနေတဲ့ MSF
ဟာ ဧပြီလကုန်ပိုင်း ရခိုင်ပြည်နယ်ထဲ ပြန်လည်ဝင်ရောက်ခွင့်ပေးခံရတဲ့
အဲန်ဂျီအိုတွေထဲ မပါဝင်ခဲ့ပါဘူး။ MSF ဆိုတာ ရခိုင်ပြည်နယ်တွင်းရှိ
လူနာပေါင်း ခုနှစ်သိန်းဝန်းကျင်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို
ဦးဆောင်ကူညီပေးနေတဲ့ အဖွဲ့ဖြစ်တယ်။ ပြည်နယ်ထဲကနေ
အဓမ္မထွက်ခွာစေခြင်းခံရပြီး သုံးပတ်အကြာမှာ လူနာပေါင်း နှစ်သောင်းခွဲက
ကျန်းမာရေးဆွေးနွေးမှု လက်လွှတ်ခဲ့ရတယ်လို့ ခန့်မှန်းထားကြတယ်။
ဒီဆုံးရှုံးမှုရဲ့ဆိုးရွားအကျိုးဆက်များကို မတ်လနှောင်းပိုင်း
ရိက္ခာတိုက်တွေဖျက်ဆီးခံရခြင်းက ထပ်ဆင့်ပြီး ကြီးထွားပြင်းထန်သွားစေတယ်။
ငတ်ပြတ်ခြင်းရဲ့လက္ခဏာရပ်များက ရှင်းရှင်းလင်းလင်း ပေါ်လွင်လာတယ်။
စစ်တွေမြို့တွင်းနဲ့ ၀န်းကျင်က ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းများမှာ၊
နယ်မြေအကန့်အသတ်နဲ့ ပိတ်လှောင်ခံနေရတယ်။ အရှိန်အ၀ါရှိတဲ့ နိုင်ငံရေးသမားတွေ
သံဃာတွေရဲ့ မောင်းနှင်မှုအောက်က လူထုများရဲ့ ၀ိုင်းရံထားမှု ခံနေရတယ်။
သူတို့က ရိုဟင်ဂျာအားလုံးကို နိုင်ငံပြင်ပ မောင်းမထုတ်ရင် ဒီလို
ခွဲခြားချိုးနှိမ်ရက်စက်တဲ့ လုပ်ရပ်အတိုင်း ဆက်လက်ထားဖို့ ဆန္ဒရှိကြောင်း
အသံထုတ်ထားကြတယ်။ သမ္မတ ဦးသိန်းစိန်သည်ပင်လျှင် ရိုဟင်ဂျာလူမျိုး
တစ်စုလုံးကို ပြည်ပမှာ နေရာချထားရေး အတွက် ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ
ကုလအကူအညီတောင်းခံခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အခြေအနေကို ရေရှည်မှာ ပိုဆိုးရွားလာအောင် ခွင့်ပြုထားပြီး
တွန်းအားပေးနေသလိုပါပဲ။ ကြိုကြားကြိုကြား အကြမ်းဖက်မှုတွေ ဆက်လက်တည်တံ့နေတာ၊
အဆိုးမြင်မှု ပိုမိုနက်ရှိုင်းစေတာကို တွေ့နေရတယ်။ အစိုးရဖက်က
မဆိုစလောက်မျှသာ ကူညီပြီး လုပ်ရပ်အများစုကတော့ ရခိုင်ပြည်နယ်တွင်း
အနေအထားကို ပိုလို့ ထိခိုက်သွားစေတယ်။ နိုင်ငံမဲ့ရိုဟင်ဂျာတွေပေါ်
ဗဟိုပြုလို့ ကူညီထောက်ပံ့မှုတွေကို ဒုက္ခရောက်နှောင့်နှေးစေခြင်း၊
အမုန်းတရားပွားများစေတဲ့ ဟောပြောချက်နဲ့ အကြမ်းဖက်လက်သည်တွေကို
ဥပဒေကြောင်းအရ ပြစ်ဒဏ်ခတ်ဖို့ ပျက်ကွက်ခြင်း စတာတွေဟာ အကြမ်းဖက်မှုနှုန်း
ပိုမိုပြန့်ပွားစေမယ့် အသိုင်းအ၀ိုင်းတစ်ရပ်ကို ဖန်တီးနေခြင်းသာ ဖြစ်ပါတယ်။
လူရမ်းကားတွေဟာ သူတို့သဘောဆန္ဒအလျောက် စုရုံးလှုပ်ရှားနေတယ်၊ အကြမ်းဖက်မှုဟာ
အပြန်အလှန် တိုက်ခိုက်ခြင်းဖြစ်တယ် ဆိုတဲ့ ထွင်လုံးတွေကို စင်တင်ထားဆဲပါဘဲ။
နိုင်ငံတော်ကျောထောက်နောက်ခံပြု ဒုစရိုက်များဆိုင်ရာ ပညာရှင်တွေအဖို့
ဒီနည်းဗျူဟာကို ရင်းနှီးပြီးသားဖြစ်တယ်။ ပေါ်လစီမူဝါဒတွေကို
ထိပ်ပိုင်းခေါင်းဆောင်များက ဆင်ယင်ခြင်း၊ ကြိုးနီစံနစ်နဲ့ အောက်ခြေအလွာကနေ
ဖြန့်ဖြူးခင်းကျင်းခြင်းတွေဟာ ထင်သာမြင်သာရှိလှပါတယ်။ အခုဆိုရင်
ရိုဟင်ဂျာတွေ အပေါ် လူမျိုးရေးတိုက်ခိုက်ချက်များနဲ့အတူ
အသေးအဖွဲအငြင်းပွားမှုများကိုပင်လျှင် အကြီးစားအကြမ်းဖက်မှုဖြစ်လာအောင်
ပွင့်ထွက်စေတဲ့အထိ တင်းမာမှု အဆင့် ရောက်နေပါပြီ။ ဒါဟာ
မျိုးဖြုတ်သုတ်သင်ခြင်းကို ဖြစ်ပွားစေတဲ့ စိတ်အနေအထားဆိုတာ မြန်မာပြည်က
ခေါင်းဆောင်အားလုံး သိကို သိရပါတော့မယ်။ ဒါ့အပြင်
မျိုးဖြုတ်ရေးအတွေးအမြင်ကို လွတ်လပ်ခွင့်ပေးလိုက်တာနဲ့တပြိုင်နက်
အင်အားသုံးပြီး ပြန်လည်ထိန်းသိမ်းဖို့ ရပ်တန့်ဖို့
မလွယ်ကူတော့သလောက်ဖြစ်သွားတတ်တယ်ဆိုတာကိုလည်း သူတို့ သိထားကြရမှာ
ဖြစ်ပါတယ်။
သို့တစေ မြန်မာခေါင်းဆောင်များက ဒီအရေးအပေါ်
ရေငုံနှုတ်ပိတ်နေနေဆဲဖြစ်ကြောင်း ၀မ်းနည်းစဖွယ် တွေ့နေရတယ်။ ယမန်နှစ်က BBC
နဲ့ အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်က “ ကမ္ဘာတစ်ဝှမ်းမှာ
မွတ်စ်လင်မ်တွေရဲ့ပါဝါ တော်တော်ကြီးထွားနေတယ်” “မြန်မာပြည်က အလယ်အလတ်
မွတ်စ်လင်မ်အများအပြားဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းနဲ့ အလွန်သဟဇာတဖြစ်ပါတယ်”
လို့ ကောက်ချက်ချ ပြောဆိုခဲ့တယ်။ သူမလည်းပဲ မွတ်စ်လင်မ်တွေကို
တိုင်းတစ်ပါးကလာရောက်သူများသဖွယ် သဘောထားကြောင်း ဒီအချက်က ပြဆိုနေတယ်။
နိုင်ငံတကာအမြင်ကွဲလွဲမှုရဲ့ မေ့ပျောက်ခံဓားစာခံများဖြစ်ခဲ့ကြတဲ့ “Srebrenica က ၀ိညာဉ် ၈၀၀၀” အတွင်း လူသူမသိ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပေါင်းထည့်လိုက်တော့မှာလား ?
ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဆိုတဲ့ အဆင့်အတန်းရှိသူ ဖြစ်လင့်ကစား
အကြမ်းဖက်မှုအပေါ်ဆန့်ကျင်တဲ့ စကာသံ မဟ,ခဲ့ဘူး။ သူမဟာ ကာလရှည် ကစားပွဲ
နွှဲနေသူဖြစ်တယ်။ မွတ်စ်လင်မ်နဲ့ ဗုဒ္ဓဘာသာဝင်တွေကြားက အက်ကြောင်းတွေကို
ဖာထေးပေးနေသူအဖြစ် မဲဆန္ဒရှင်တွေ မြင်သွားရင် ထောက်ခံမှု ဆုံးရှုံးသွားမှာ
စိုးရိမ်နေတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေက
ဒီအကြောင်းကို ဆွေးနွေးနေကြတယ်။ ဇန္န၀ါရီလ မောင်းတောစုပြုံ သတ်ဖြတ်မှုအတွင်း
နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်ပတ်သက်မှုအပေါ် ကုလသမဂ္ဂက ပထမဆုံး
ထုတ်ဖော်ပြောကြားသော်လည်း မြန်မာနိုင်ငံကို ပိတ်ဆို့ ဒဏ်ခတ်ခြင်းအစီအစဉ် တစ်ခုတစ်လေမျှ မပြုလုပ်သေးတာ တွေ့ရတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းနယ်စပ်တွေမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေပေါ်မူတည်ပြီး ငြိမ်းချမ်းမှုထိန်းသိမ်းရေးကုလတပ်ဖွဲ့များကို စေလွှတ်ဖို့ ကိစ္စမှာလည်း အငြင်းပွားမှုရှိနေဆဲ။
ထုတ်ဖော်ပြောကြားသော်လည်း မြန်မာနိုင်ငံကို ပိတ်ဆို့ ဒဏ်ခတ်ခြင်းအစီအစဉ် တစ်ခုတစ်လေမျှ မပြုလုပ်သေးတာ တွေ့ရတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းနယ်စပ်တွေမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေပေါ်မူတည်ပြီး ငြိမ်းချမ်းမှုထိန်းသိမ်းရေးကုလတပ်ဖွဲ့များကို စေလွှတ်ဖို့ ကိစ္စမှာလည်း အငြင်းပွားမှုရှိနေဆဲ။
လာမည့်နှစ်ဟာ Srebrenica မျိုးဖြုတ်သုတ်သင်မှု နှစ်ပေါင်း ၂၀
မြောက်အထိမ်းအမှတ် ကျင်းပပါလိမ့်မယ်။ အဲ့ဒီ မျိုးဖြုတ်သုတ်သင်မှုကိုလည်း
ကုလသမဂ္ဂကနေပဲ တင်ကြိုတွက်ဆ သတိပေးခဲ့တာပါ။ Srebrenica ကို ရောက်ခဲ့တဲ့
ဘက်မလိုက်အုပ်စုခေါင်းဆောင် Diego Arria က ပြောဆိုခဲ့တာဖြစ်တယ်။ အဲ့ဒီက
အခြေအနေဆိုးနေမှုအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက တလွဲဖွင့်ဆိုမိပြီး
အရေးယူဖို့ စိတ်မ၀င်စားတာ၊ အရေးမယူနိုင်ခဲ့တာကို သူ တွေ့ရှိသွားခဲ့တယ်။ သူက
မျိုးဖြုတ်သုတ်သင်ခြင်းထံ တရွေ့ရွေ့နီးကပ်လာနေကြောင်း ၁၉၉၃ ခုနှစ်က
ပြောဆိုခဲ့တယ်။ ပြောပြီး ၂ နှစ်အကြာ အဲ့ဒီနိုင်ငံစစ်တပ်က လူကြီး
ကလေးအပါအ၀င် လူပေါင်း ၈၀၀၀ ကျော်ကို ၂ ရက်အတွင်း သတ်ဖြတ်ခဲ့ကြတယ်။
နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ ကြိုတင်သိမြင်နေသော်လည်း
ကာကွယ်ဖို့ပျက်ကွက်ခဲ့တယ်။ အဲ့ဒီပျက်ကွက်မှုအတွက် ရှက်ရွံ့ဦးညွှတ်ဖို့
ကြောက်ရွံ့ပါတယ်ဆိုတဲ့ အမှန်တရားကို ထုတ်ဖော်ပြောကြားဖို့
ခေါင်းရှောင်နေကြတယ်။ လက်ရှိ ကုလသမဂ္ဂ အဖွဲ့ဝင်တွေဟာ ဒီလိုဘဲ
ဖြစ်လာတော့မှာလား ?
နိုင်ငံတကာအမြင်ကွဲလွဲမှုရဲ့ မေ့ပျောက်ခံဓားစာခံများဖြစ်ခဲ့ကြတဲ့
“Srebrenica က ၀ိညာဉ် ၈၀၀၀” အတွင်း လူသူမသိ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို
ပေါင်းထည့် လိုက်တော့မှာလား ?
မြန်မာပြည်သူပြည်သားအစိပ်အပိုင်းတစ်ရပ်အပေါ် သတ်ဖြတ်နေတဲ့ ရာဇ၀တ်မှုကို
မြန်မာ့နိုင်ငံရေးသမားအပေါင်းက အဆုံးသတ်ထောက်ပြသွားဖို့ အရေးကြီးဆုံး
အချိန်အခါရောက်နေပါပြီ။ ဘာမှမလုပ်ကြရင် – ဒီပြဿနာထဲ
လက်တွဲပူးပေါင်းဖြေရှင်းဖို့ ပျက်ကွက်ရင် – အကြမ်းဖက်ဖို့
စိုင်းပြင်းထားပြီးဖြစ်တဲ့ အဲ့ဒီအသိအမြင်တွေကို မဆေးကြောပေးရင် –
လောကရဲ့အဆိုးဆုံးဒုစရိုက်မှုထဲ ပါဝင်ပတ်သက်သွားတဲ့ သမိုင်းတရားခံတွေ
ဖြစ်သွားနိုင်စရာရှိပါကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။
Foreign Policy တွင်ဖော်ပြသော Andre Malerba ၏ “Preventing the Next
Genocide” ဝေဖန်ရေးဆောင်းပါးကို “မြင့်မိုရ်မောင်မောင်” မှ ဆီလျော်အောင်
ပြန်ဆိုရေးသားသည်။
http://www.m-mediagroup.com/news/27818
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar