အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 6 juli 2014

သက်ကြားအိုစာရေးခင်ညွန့်လုပ်စားဂွင်


ဘုရင့်နောင်ရပ်ကွက်သက်ကြားအိုစာရေးခင်ညွန့်သည် ကျမ်းမာရေးမကောင်းသည့်ဥက္ကဌကိုအနားမပေး  ဘဲနှင့်ရုံးထဲတွင် သူပင်စာရေး သူပင်ဥက္ကဌလုပ်ပြီး ရုံးထဲရှိ ဥက္ကဌရုံးခန်းအတွင်းတွင် နေ့စဉ်ရက်ဆက် ဖဲဝိုင်းထောင်စားနေသည်မှာ တစ်ရက်(20000)ကျပ်ပင်တွက်ချေကိုက်နေသည်ဟုသိရှိရပါသည်။မဖြစ်သင့်ပါ ဥက္ကဌတစ်ယောက်နေမကောင်းဖြစ်နေသဖြင့်တာဝန်ဆက်လက်မထမ်းဆောင်နိုင်ပါက ကျန်ဥက္ကဌတစ်ယောက်ရွေးချယ်တင်မြောက်သင့်သည်ဟုယူဆမိပါသည်။ သက်ကြားအိုစာရေးခင်ညွန်နှင့်သူ၏အပေါင်းအပါများသည် နဂါးရုံဘုရားလစဉ်စာအိတ်ဖြင့်အလှူငွေများကိုလည်း သူ၏အပေါင်းပါ ဘုရားဂေါပကများနှင့် ဝေစားဝါးစေလုပ်နေကြောင်းလည်းကြားသိရပါသည်၊ အများသူငါအလှူငွေကို ဘုရားကပိုင်တဲ့ငွေကို ဒီလိုခွဲတမ်းစားနေတာ ဘယ်သူမှမသိမဟုတ် သိလျက်နဲ့ အလုပ်ရှုပ်ခံပြီး ကျွန်မမြူနှင်းကဲ့သို့ အလုပ်ရှုပ်မခံချင်ကြသောကြောင့်သာမပြောဘဲနေကြတာဖြစ်ပါသည်၊ ပြောချင်သူများကလည်း မည်သူ့ကိုပြောရမည်မှန်းမသိဖြစ်နေကြောင်းကြားသိရပါသည်၊သက်ဆိုင်ရာမှအမြနှ်ဆုံးအရေးယူဆောင်ရွက်နိုင်ပါစေရန် တင်ပြအစီရင်ခံရခြင်းဖြစ်ပါသည်၊
ထိုအနီစက်ပြထားသော ၀ိတိုရိယအငူပါတ်လမ်း (ယ္ခု ဘုရင့်နောင်အငူပါတ်လမ်း)တွင် ယခင်က  ဗိုလ်မှူးလှအေးလက်ထက်က ဘုရင့်နောင်အငူပါတ်လမ်းလုပ်မည်ဆိုပြီးသိမ်းထားသည့်နေရာများဖြစ်ပါ သည်၊ ထိုနေရာများတွင်နေခဲ့သည့်သူများမှာ အတိဒုက္ခရောက်ကြရပြီးဖြစ်ပါသည်၊ကျွန်မပြောပြချင်သည်မှာ အရင်တစ်ယောက်ကသိမ်းပြီး အခုလက်ရှိအာဏာပိုင်များလက်ထက်တွင် ဘုရင့်နောင်ရပ်ကွက် မှ သက်ကြားအိုစာရေး ခင်ညွန့်နှင့်မြေတိုင်းပေါင်းစားပြီးထိုနေရာများကိုရောင်းစားခဲ့သည်ဟုသိရှိရပါသည်၊
သက်ကြားအိုစာရေးခင်ညွန့်သည် လုပ်ပိုင်ခွင့်မည်ဆိုပါက သူ့မိန်းမကိုပင် လေလံတင်မည့်သူဖြစ်ပါသည် ထားပါတော့ သူ့မိန်းမကိုသူလေလံတင်ချင်တင်မတင်ချင်နေ အများပိုင်နေရာများကိုတော့ ဒီလိုမလုပ်စားသင့် ဘူးထင်လို့ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်၊ဘုရင့်နောင်မောင်မယ်လမ်းထဲက ရေတွင်းကိုလည်းရောင်းစားခဲ့  ပြီး NLD မှ ဖော်ကောင်လုပ်သည့်အတွက် ပြန်လည်ပေးဆပ်ခဲ့ဖူးသည့်မှတ်တမ်းများရှိပါသည်။ထိုသို့ကော့သောင်းမြို့အ  များပြည်သူအပန်းဖြေရာနေရာတွင် ဒီလိုမျိုး အကွက်ရိုက်ရောင်းချနေသည်ကို သက်ဆိုင်ရာအာဏာပိုင်များ မှထိရောက်စွာရေးယူပေးနိုင်ပါစေရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
ကျန်ရှိသည့်ရောင်းစားထားသည့်နေရာများအား ထပ်ဆင့်တင်ပြပေးသွားမည်ဖြစ်ပါသည်။
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar