အစၥလာမ္ဘာသာ၀င္မ်ား အကြမ်းဖက်ခံနေရမှုအတွက် တည်ဆဲဥပဒေအရ အရေးယူပေးရန် အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီး က နိုင်ငံတော်သမ္မတထံ အကြောင်းကြားစာပေးပို့
မြန်မာနိုင်ငံမှ မွတ်စလင်မ်များ ဥပုသ်လတွင်အကြမ်းဖက်ခံနေရမှုအား ထိရောက်စွာဆောင်ရွက်ပေးရန် အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီး၅ ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့နေ့စွဲပါ အကြောင်းကြားစာတစ်ရပ်ကို နိုင်ငံတော်သမ္မတထံတင်သွင်းလိုက်ပြီဖြစ်သည်။သစ်ထူးလွင်မှ သတင်းမှားတစ်ရပ်ကို အခြေခံကာ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်များ၊ နေအိမ်ဆိုင်ခန်းများ၊ ဥစ္စာပစ္စည်း များအား လူစုလူဝေးဖြင့် ဥပဒေပ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်းအပေါ် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ အားလုံး အလွန်အမင်း စိတ်ထိခိုက် ကြေကွဲနေရပါကြောင်းလည်း ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော် နိင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တင်သွင်းသည့် တိုင်ကြားစာတွင် ထည့်သွင်းဖေါ်ပြထားသည်။
မြန်မာနိုင်ငံ၏ တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိင်ငံတော်က အသိအမှတ်ပြုထားသည့် သာသနာများကို တတ်နိင်သမျှ
ကူညီ စောင့်ရှောက်မည်ဟူသည့် ပြဌာန်းချက်နှင့်အညီ မြန်မာနိင်ငံသားအစ္စလာမ်ဘာသာဝင်များအကြမ်းဖက်ခံနေရမှုကို တည်ဆဲဥပဒေများအရ ထိရောက်စွာ ဟန့်တားဆောင်ရွက်ပေးပါရန် လည်း နိင်ငံတော်သမ္မတအား
မြန်မာနိင်ငံလုံးဆိုင်ရာ အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီးက အထက်ပါစာလွှာတွင် ပန်ကြားထားသည်။
သတင်း – ဟိန်းအောင် (Myanmar Muslim Media)
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar