အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 4 juli 2014

မန္တလေး အကြမ်းဖက်ယုတ်မာ မှုကို အမေရိကန် ကွန်ဂရက် မှာ ဗုဒ္ဓဟူးနေ့ ထွက်ဆိုမည်

မန္တလေး အကြမ်းဖက်ယုတ်မာ မှုကို အမေရိကန် ကွန်ဂရက် မှာ ဗုဒ္ဓဟူးနေ့ ထွက်ဆိုမည်



 ယခု ဇူလိုင်လ ၉ ရက် ၊လာမည့် ဗုဒ္ဓဟူးနေ့ ၊ အမေရိကန် ကွန်ဂရက်လွှတ်တော် ရှိ နိုင်ငံခြား ဆက်ဆံရေး ကော်မတီ (Foreign Relationship Committee ) ၏ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ပြုလုပ်မည့် ကြားနာပွဲ တွင် ယခုနောက်ဆုံး မန္တလေးမှာ ဖြစ်ပွားခဲ့သော မြန်မာမွတ် စလင်မ် များအပေါ် လုပ်ကြံဖန်တီး ပြီး အနိုင်ကျင့်သွားခဲ့ပုံ များအပါအ၀င် မြန်မာမွတ်စလင်မ် အပေါ် မြန်မာအစိုးရ ၏ တရားမဲ့ ဖိနှိပ် နေမှု များနှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု ၊ မိန်း ပြည်နယ် ၏ ကွန်ဂရက်လွှတ်တော် အမတ်ဟောင်း နှင့် United to End Genocide ၏ လက်ရှိ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ တွမ် အင်ဒရူး က တက်ရောက် သက်သေထွက် ပြောကြားမည် ဖြစ်သည်။
တိုက်ရိုက် ကြည့်ရှုနိုင်မည့် လင့်ခ် ကို အားလုံးကြည့်ရှုနိုင်ရန် အတွက် မကြာမီ တင်ပေးသွားပါ မည်။
အဆိုပါ မစ္စတာ တွမ်အင်ဒရူး မှာ မနေ့က မန္တလေးမြို့တွင် ၉၆၉ အကြမ်းဖက်သမား များ၏ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ရှဟီးဒ်ဖြစ် ကွယ်လွန်သွားခဲ့သော ညွန့်မြန်မာ ဦးစိုးမင်း ၏ ရင်းနှီးသော မိတ်ဆွေ တစ်ဦးလည်းဖြစ်ကြောင်း ၎င်း ကပြောကြားသည်။

                                                      မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar